-->

စက်ရုပ်ဖုန်းရဲ့ Unlock ဖုန်းဖွင့်သံကို လေချွန်သံလေးအဖြစ် ပြောင်းမယ်

No comments
Saturday, May 18, 2013 By Kaung Htet Htun


ဒီနည်းလေးက ဘယ် Android ဖုန်းမှာ မဆိုရပါတယ်။ ဒါပေမယ့် Root Explorer သုံးမှာ ဖြစ်တဲ့ အတွက် ဖုန်းဟာ Root ပြီးသား ဖြစ်နေရပါမယ်။ ဒါဆိုရင်တော့ ရပါပြီ။ အရင်ဆုံး အဆင်သင့်ဖြစ်နေအောင်လို့ လေချွန်သံ Format က (.ogg) ဖိုင်လေးနဲ့ Root Explorer ကို ဒေါင်းလိုက်ကြရအောင်။


လေချွန်သံ Ogg ဖိုင်လေး/ root explorer.apk ဒေါင်းရန်  >>>>Download <<<<

Android  ရဲ့ System ထဲမှာ ထည့်ရတဲ့ အသံဖိုင်တွေဟာ ogg format တွေဖြစ်လို့နေပါတယ်။ ဒါကြောင့်
.ogg ဖိုင်ဖြစ်အောင်လို့ ကိုယ်ပြောင်းချင်တဲ့ အသံဖိုင် (MP3) လေးကို Format Factory လေးနဲ့ ပြောင်း
ကြစို့။
Root explorer ကို Install ပြီး ဖွင့်ပါ။ sdcard ထဲဝင်ပါ။

ခုနက ဒေါင်းပြီးတဲ့ လေချွန်သံဖိုင်လေးကိုဖိထားပြီး ကော်ပီလုပ်ပါ။
နောက်ပြန်ထွက်ပြီး System > media > audio > ui ထဲမှာ Paste လုပ်ပါ။


Unlock.ogg ဖိုင်ရှိပြီးသားဖြစ်တဲ့အတွက် အစားထိုးမှာလားမေးရင် OK နှိပ်ပေးပါ။ Mount R/Wကို R/O ဖြစ်အောင် ပြောင်းပေးပါဦး။ ပြီးရင် ဖိုင်ကိုဖိထားပြီး

Permissions ကို ဒီလိုပေးပါ။ နောက်ဆုံးကျတော့ OK .
လိုအပ်ရင်ဖုန်းကို Shut down ချပြီးပြန်ဖွင့်လိုက်ရင်တော့ ဖုန်းဖွင့်တဲ့ Unlock အသံလေးက လေချွန်သံလေး အဖြစ်ပြောင်းသွားပါပြီဗျာ။ 

Related posts

0 ယောက် Comment ပေးသွားတယ်:

ဒေါင်းနည်းမသိပါကအရင်ဖတ်ပါ

Download Link ကိုနှိပ်ပြီးလျှင် 5စက္ကန့်စောင့်ပါ၊ ပြီးလျှင် ညာဘက်အပေါ်ဒေါင့်မှ Skip ကိုနှိပ်ပေးမှသာ Download Page သို့ ရောက်ရှိမည်ဖြစ်သည်။

Proudly Powered by Blogger.