-->
Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts

အင်တာနက်ဂျာနယ် ၊ NetGuide တို့မှာပါတဲ့ Sodokuကို လျှင်မြန်စွာရှင်းပီးဆုတွေယူမယ် :P

အင်တာနက်ဂျာနယ် ၊ NetGuide တို့မှာပါတဲ့ Sodokuကို လျှင်မြန်စွာရှင်းပီးဆုတွေယူမယ် :P

No comments
By Myanmar IT Helper



မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ပါခင်မျ အရင်တုန်းက ကျွန်တော်တို့ အင်တာနက်ဂျာနယ်တို့၊ Net Guide ဂျာနယ်
တို့မှာပါတဲ့ Sodoku တွေဖြေရှင်းဆုတွေယူပါဆိုတာပါပါတယ်။ အခုချိန်ထိလည်းဂျာနယ်တော်တော်များများမှာပါနေပါသေးတယ်..အဲဒီတုန်းက
တော့ ခေါင်းခြောက်အောင် ခဲ့တံ၊ ခဲဖျက်၊ စာရွက်တွေတော်တော်အကုန်ခံပီး
ဖြေပီး အချိန်မီ အလျှင်မြန်ပို့ကြရပါတယ်။ အခုတော့ဒီကောင်လေးသာသင့်
ကွန်ပျူလေးမှာသွင်းထား ပီးတာနဲ့ သူမေးထားတဲ့ ဂဏန်းမေးခွန်းလေးတွေ
ကို အဲဒီအကွက်လေးတွေထဲမှာဖြည့်ပီး Solve ! ဆိုတာလေးကိုသာ Click
လေးသာတစ်ချက်နှိပ်လိုက် ပီးတာနဲ့ ဂျာနယ်တိုက်ကိုချက်ချင်းပို့လိုက်ပါ။
သင်ဆုတွေရမှာကျိန်းသေပါ...ဆုတွေရလာရင်တော့ အနော် ITHelper ကိုလည်းမေ့မသွားကြပါနဲ့နော်..
နေရတာက အဆောင်မှာ မိုးယိုလို့အိပ်ယာတွေလဲရွှဲ..ဘွကြီးခါးးးနေတယ် :) ညီအစ်ကိုမောင်နှမတွေကိုချစ်လွန်းလို့စတာပါ...ကဲ စမ်းကြည့်လိုက်တော့နော် အားလုံးအဆင်ပြေပါစေခင်မျာ။ :)
Myanmar IT Helper ( www.mmithelper.com )


Download လုပ်ရန်အတွက် 5 second စောင့်ပါ၊ ပြီးရင် SKIP AD ကိုနှိပ်ပြီး ဒေါင်းပါ။ Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။

သင့်ကွန်တာပျူကို Smart TV ကြီးတွေလို Hand Sensor ဖြင့်ထိန်းချုပ်သလိုလုပ်ကြမယ်

သင့်ကွန်တာပျူကို Smart TV ကြီးတွေလို Hand Sensor ဖြင့်ထိန်းချုပ်သလိုလုပ်ကြမယ်

No comments
By Myanmar IT Helper



မင်္ဂလာပါ ကျနော် Myanmar IT Helper ဖြစ်ပါတယ်ခင်မျ
ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးကတော့ ကိုစံလင်းရဲ့
အကြံဥာဏ်လေးတစ်ခုဖြစ်တဲ့ Software လေးတစ်ခုကနေ
သင့်၇ဲ့ Laptop Computer (Must be Include Web Cam) က
ကို Hand Sensor အနေနဲ့လှမ်းပီး Smart TV ကြီးတွေကိုထိမ်း
ချုပ်သလိုမျိုး အောက်ဖော်ပြပါ Software များကိုထိန်းချုပ်နိုင်ပါ
တယ်။ဆိုလိုတာက Mouse တွေ၊ ကီးဘုတ်မှ ခလုပ်တွေမလိုပဲ
လှုပ်ရှားမှုပုံရိပ်ပြပီး Control လှမ်းလုပ်တာဖြစ်ပါတယ်။
Grooveshark
Netflix
Pandora
Powerpoint
Spotify
VLC Media Player
Winamp
Windows Media Player
You Tube
iTunes
တွေဖြစ်ပါတယ်။


သူ့ကိုဘယ်လိုလုပ်ဆောင်ရမလည်းမပြောခင်မှာအရင်ဦးဆုံးလို
အပ်တဲ့ Software လေးကိုတော့ ဒီမှာဒေါင်းပါ ။ ပီသွားရင်သင့်စက်
ထဲကို ဒေါင်းထားတဲ့ 3MB သာရှိတဲ့ *.MSI ဖိုင်လေးကို Install လုပ်
လိုက်ပါ။ပီးသွားတာနဲ့သူက Chrome Browser မှာ Add-on တစ်ခု
သွင်းခိုင်ပါလိမ့်မယ်။



မျှားအနီလေးပြထားတဲ့နေရာမှထုံးစံအတိုင်းကျွန်တော်တို့ Add to Chrome
ဆိုတာလေးကိုနှိပလိုက်ပါ ပီးသွားရင် Browser ကို Restart တစ်ချက်
ပြန်ချလိုက်ပါ။ ဒါဆိုရင် သင့်ကွန်ပျူတာထဲ Install ဖိုင်ရော Chrome
အတွက် လိုအပ်တဲ့ Add-on ဖိုင်ရောသွင်းပီးသွားပီဖြစ်ပါတယ်။ ဒီတော့
ကျွန်တော်တို့က Chrome ထဲမှနေပီး You Tube ကိုဖွင့်လိုက်ပါမယ်။



အခုအထက်ဖော်ပြပါပုံက You Tube မှာ သီချင်းပွင့်နေတာဖြစ်ပါတယ်
ဒီဟာကိုကျွန်တော်တို့က သင့်ကွန်ပျူတာရဲ့ Web Cam အရှေ့ကနေ
လက်ဝါးကိုတည်တည့်အောက်ပါပုံအတိုင်း


 အနီးကပ်ဆုံး ၁ပေအကွာမှ အဝေးဆုံး
၇ပေ အကွာအထိထောင်ပီး အထမတစ်ချက် လက်ဝါးကိုတည့်တည့်
ထောင်ပြလိုက်တဲ့အခါအောက်ပါပုံအတိုင်း


Pause ဖြစ်သွားပါမယ်။ (တစ်ခုသတိထားရမှာက သင့်လက်ဝါးကို
ထောင်တဲ့အခါမှာ လက်ချောင်းတွေကတအားကျဲနေလို့မရပါဘူး)
ဆိုလိုတာက လက္ခဏာဆရာကို လက်ဝါးပြပီး မေးသလိုအနေ
အထားလောက်ရှိရပါမယ်။နောက်တစ်ချက်ပြန်ပီး ထောင်ပြတဲ့အခါမှာ
Pause ဖြစ်နေရာကနေ ပြန်ပီး Play ဖြစ်သွားပါလိမ့်မယ်။ဒါက You
Tube မှာ Hand Sensor ဖြင့် Control လုပ်တဲ့နည်းဖြစ်ပါတယ်။
နောက်တစ်ခုက Window Media Player မှာဖြစ်ပါတယ်။ထုံးစံအတိုင်း
ပေါ့ သီချင်း လေး၊ ငါးပုဒ်လောက် Window Media Player ထဲမှာထည့်
ပီးဖွင့်လိုက်ပါ။ပီးသွားရင်သင်ဖွင့်ထားတဲ့သီချင်းတွေကို Playနဲ့
Pause လုပ်ဖို့အတွက်ကတော့ အပေါ်မှာပြောခဲ့သလိုပဲ လက်ဝါးထောင်
ပြရုံနဲ့ရပါတယ်။ ရှေ့တစ်ပုဒ်ကျော်ချင်တယ်ဆိုရင်တော့ သင့်ရဲ့
ဘယ်ဘက်လက်ကိုအောက်ပါပုံအတိုင်းတစ်ချက် ကင်မရာကိုပြလိုက်ပါ။



ဒါဆိုရင် သင်ဖွင့်ထားတဲ့ Media Player မှာအောက်ပါပုံအတိုင်းပြပီးတော့



အရှေ့တစ်ပုဒ်ကိုကျော်သွားမှာဖြစ်ပါတယ်။အကယ်လို့သင်ကနောက်ပြန်
သွားချင်တယ်ဆိုရ်ငတော့ သင့်လက်ကိုအောက်ပါပုံအတိုင်းတစ်ချက်ထောင်
ပြလိုက်ပါ။

ညာဘက်လက်ဖြင့်ပေါ့။ညာဘက်လက်နဲ့မထောင်ပြချင်ဘူးဆိုရင်
လည်း အောက်ပါပုံအတိုင်း သင်ပထမထောင်ပြခဲ့သော ဘယ်ဘက်
လက်ဖြင့်လက်ကို ပက်လက်လှန်ပြလိုက်ပါ

ဒါဆိုရင်လည်းသီချင်းတစ်ပုဒ်နောက်ပြန်ဆုတ်သွားတာကိုတွေ့ရမှာပါ။
အထက်ဖော်ပြပါ လက်လှုပ်ရှားမှု (Hand Shacking) ဖြင့် Microsoft
Office Power Point, မှာလည်းလုပ်ဆောင်လို့ရပါတယ်။အားလုံးပဲ
အဆင်ပြေမယ်လို့ထင်ပါတယ်။သိပ်အခက်အခဲကြီးမဟုတ်တဲ့အတွက်
ကြောင့် ဗွီဒီယိုကျူတိုရီရယ်နဲ့ ကျွန်တော်မရှင်းပြတော့ပါဘူး။Desktop
Computer မှာလည်းLaptop နည်းတူ External Web Cam ကိုတပ်ပီး
စမ်းသပ်လို့ရပါတယ်။ ဒါပေမယ့်တစ်ခုဖြေရှင်းချက်ပေးချငတာကတော့
အကယ်လို့ သင်ဟာ Desktop Computer ကနေ External Web Cam
ဖြင့်အသုံးပြုမယ်ဆိုရင် Sensor Sensitivity က Delay ဖြစ်မှာပါ။ဆိုလို
တာက Laptop မှာလို Sensor က ချက်ချင်းအလုပ်မလုပ်ပဲ မိမိလှုပ်ရှား
လိုက်သော ပုံရိပ်တွေက Cam မှတဆင့် USB မှာ Data Flow ဖြစ်တဲ့
အတွက်ကြောင့် ဖြစ်ပါတယ်။ကျွန်တော်ရေးထားသော အကြောင်းအရာ
များကို ပထမတစ်ခေါက်မှာ သေချာနားမလည်မိဘူးဆိုရင် နောက်တစ်
ခေါက်ပြန်လည်ဖတ်ရှုစေလိုပါတယ်။ လုပ်ဆောင်ချက်တိုင်းကိုပုံများဖြင့်
အသေးစိတ်ရှင်းပြပေးထားပါတယ်။ ဒီနည်းပညာလေးကိုစမ်းသပ်ဖို့စိတ်
ကူးအကြံဥဏ်ပေးသော ကွန်ပျူတာနှင့်နည်းပညာဆိုင်ရာအမေးအဖြေ
ဆွေးနွေးခန်းမှ Admin ကိုစံလင်းအားလည်းအထူးပင်ကျေးဇူးတင်ရှိပါ
တယ်။ဤ Post နှင့်ပတ်သက်ပီးမရှင်းလင်းချက်များအား ကျနော့်ရဲ့အစ်ကိုလည်းဖြစ် ဆရာလည်းဖြစ်
တဲ့ အစ်ကိုဦးဇာနည်ထံတွင်မေးမြန်းနိုင်ကြပါသည်ခင်ဗျာ။ အဆင်ပြေကြပါစေခင်မျာ...

အားလုံးကို ခင်မင်လေးစားလျက် Myanmar IT Helper ( www.mmithelper.com )

Download လုပ်ရန်အတွက် 5 second စောင့်ပါ၊ ပြီးရင် SKIP AD ကိုနှိပ်ပြီး ဒေါင်းပါ။ Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။

Android Phone ထဲက Data တွေကို အင်တာနက်ကနေ လှမ်းဆွဲယူမယ် :)

Android Phone ထဲက Data တွေကို အင်တာနက်ကနေ လှမ်းဆွဲယူမယ် :)

No comments
By Myanmar IT Helper


 
မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ပါခင်မျ...အခုဖော်ပြပေးမယ့်နည်းကတော့ Android Phone ထဲက Data တွေကို အင်တာနက်ကနေ လှမ်းဆွဲတဲ့နည်းလေးဖြစ်ပါတယ်ခင်မျ..ဘယ်လိုလုပ်မလဲကြည့်
လိုက်ကြရအောင်..
သင့်ဖုန်းထဲက ဓာတ်ပုံတွေကို အွန်လိုင်ကနေတိုက်ရိုက် ဒေါင်းလုပ်ဆွဲမယ်
အရင်ကတော့ ကျွန်တော်တို့ အဝေးရောက်နေတဲ့ ကိုကို၊ မမ တွေ
အိမ်က မိဘ ဆွေမျိုးတွေဆီဓာတ်ပုံပို့ချင်ရင် E-mail ကနေတဆင့်
ပို့ကြရပါတယ်။ အခုတော့ E-mail ကိုတောင်သုံးစရာမလိုတော့ဘူးဗျ
အင်တာနက်ကော်နပ်ရှင်ရှိပြီး Wifi File Explorer ဆိုတဲ့ Android Software
လေးရှိရုံဖြင့် ဖုန်းထဲကို အွန်လိုင်းကနေတိုက်ရိုက် ၀င်ရောက်ကြည့်ရှု
ဒေါင်းလုပ်ဆွဲလို့ရပါပြီကဲ စလိုက်ကြရအောင်လားဗျာ…
အရင်ဆုံး လိုအပ်တဲ့ Software က Wifi File Explorer ဆိုတာလေးကို
ဒေါင်းလိုက်ပါ။ပြီးရင်တော့သင့် Android Phone ထဲမှာ Install သွင်း
ထားလိုက်ပါ။

ပြီး၇င်တော့ အဲဒီ WIFI File Explorer လေးကိုဖွင့်လိုက်ပါ။


ဒါဆိုရင်သူက ဖုန်းနဲ့လက်ရှိသုံးနေတဲ့ Connection Name နဲ့
Browser IP Address အပါအ၀င် Port Number လေးပါပါလိမ်
မယ်ဗျ။သြ သင့်ဖုန်းက အင်တာနက်နဲ့ ဆက်သွယ်ထားဖို့တော့လို
မယ်နော်…အခုလို ဖုန်းထဲမှာ ဒီလိုလေး Run ထားတယ်ဆိုရင်
 မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ ကနေမဆို သင့်
 ဖုန်းထဲကို အင်တာနက်ကနေတဆင့် ၀င်ရောက်ကြည့်ရှုလို့ရပါပြီ
နောက်ထပ်လုပ်ဆောင်ချက်ကတော့ ကွန်ပျူတာကနေလုပ်ဆောင်ရ
မည့်လုပ်ဆောင်ချက်တွေပါ။အရင်ဆုံး Browser တစ်ခုခုကိုဖွင့်လိုက်
ပါပြီးရင် အောက်ပါဖော်ပြပါပုံအတိုင်း Address Bar လေးမှာ
သင့်ဖုန်းထဲက Browser IP Address 192.168.1.3:8000
ဆိုတာလေးကို ရိုက်လိုက်ပါ



ပြီးရင်တော့ Enter ခေါက်လိုက်ပါ။အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်


 ထိုအထဲကနေမှ မိမိယူချင်တဲ့ Data ရှိတဲ့နေရာယူသွားပြီး
မိမိလိုချင်တဲ့ Data ကို တိုက်ရိုက် ဒေါင်းလုပ်ဆွဲလို့ရ ပါပြီ။
 အကယ်လို့သင်က သင့်ဖုန်းကို အွန်လိုင်းကနေလှမ်းပြီး
Access လုပ်တာကို Security ပိုင်းနဲ့ လုပ်ချင်တယ် ဆိုရင်
သင့်ဖုန်းထဲမှာလုပ်ရမှာက WIFI File Explorer ကိုဖွင့်ထား
တဲ့အချိန်မှာ သင့်ဖုန်းကနေ Menu ကိုတစ်ချက်နှိပ်လိုက်ပါ
အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်



အဲဒီထဲကမှ Setting ကိုဝင်လိုက်ပါ



Require Password ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးခြစ်ပေး
လိုက်ပြီး ဒုတိယစာကြောင်းဖြစ်တဲ့ Password ဆိုတာကိုဝင်
လိုက်ပါ အောက်ပါပုံအတိုင်းပေါ်လာရင် မိမိ ပေးချင်တဲ့
Password ကိုပေးထားလိုက်ပါ။



ဒါဆိုရင် သင့်ဖုန်းထဲကို အင်တာနက်အွန်လိုင်းကနေတဆင့်
ဝင်မယ်ဆိုရင် Password တောင်ပါလိမ့်မယ် အောက်ပါပုံအ
တိုင်းပေါ့..

လိုအပ်တဲ့ WIFI Explorer လေးကိုတော့ အောက်မှာဒေါင်းနိုင်ပါပြီ..   
အားလုံးကိုတတ်နိုင်သမျှ အကောင်းဆုံးကူညီပေးနေမယ့် Myanmar IT Helper (www.mmithelper.com )

Download => Link 1 / Link 2 /

Download လုပ်ရန်အတွက် 5 second စောင့်ပါ၊ ပြီးရင် SKIP AD ကိုနှိပ်ပြီး ဒေါင်းပါ။ Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။

ကွန်ပျူတာသမားအားလုံးအတွက် HDD Regenerator လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ ( 8 MB )

ကွန်ပျူတာသမားအားလုံးအတွက် HDD Regenerator လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ ( 8 MB )

No comments
By Myanmar IT Helper


 မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ဖြစ်ပါတယ်ခင်မျ..အခုပြောပြမှာကတော့
ကွန်ပျူတာ ဆားဗစ်သမားအများစုသိကြတဲ့ HDD Regenerator လေး
ပါ။ သူ့ရဲလုပ်ဆောင်ချက်တွေကတော့ ကွန်ပျူတာမှာရှိသော Hard Disk
ကို  Bad Sector တွေစစ်မယ်။ စစ်ပီးသွားရင် Repair ပြန်လုပ်မယ်စသဖြင့်
လုပ်ဆောင်နိုင်ပါတယ်။ ဘာကြောင့် ကျွန်တော်တို့က Bad Sector ကိုစစ်
ကြသလည်းဆိုတော့ကျွန်တော်တို့ကွန်ပျူတာအသုံးပြုသူများဟာ နေ့စဉ်
နှင့်အမျှ ဒေတာတွေကို သိမ်းဆည်းကြတယ်။ ပြန်ဖျက်ကြတယ် စသဖြင့်
ဒီလိုမျိုးတွေလုပ်ဆောင်ကြပါတယ်။ သာမာန်ဝင်းဒိုးပေါ်ကနေပီးတော့
Disk Defragment လုပ်ခြင်းတွေ၊ Disk Cleaning လုပ်ခြင်းတွေက သာ
မာန်အားဖြင့်တော့ ယာယီအဆင်ပြေပါတယ်။ ထိုကဲ့သို့ လုပ်ဆောင်မှုတွေ
များလာခြင်း၊ လျှက်စစ်ဓာတ်အားရုပ်တရက်ပြတ်တော့မှုတွေကြောင့်သော်
၎င်း။ ကွန်ပျူတာအတွင်းရှိ Hard Disk မှာ Bad Sector တွေပေါ်လာပါတယ်။
ထိုသို့ပေါ်လာတဲ့အခါ ကွန်ပျူတာရဲ့ Performance တွေကျလာမယ်။
နောက်ပီး ဒေတာတွေကိုကော်ပီကူးတဲ့အချိန်၊ Paste လုပ်တဲ့အချိန်တွေ
လည်းကြာလာမှာဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့က ၃လတစ်ကြိမ်
လောက်အနည်းဆုံးလုပ်ဆောင်ပေးသင့်ပါတယ်။ယခုကျွန်တော်ပေးမယ့်
Software လေးကတော့ Full Version လေးဖြစ်ပါတယ်။ သူ့ကိုသင့်ကွန်
ပျူတာအတွင်းသွင်းလိုက်ပီး တာနဲ့ အားသာချက်တစ်ခုက Memory Stick
သို့မဟုတ် CD များပေါ်တွင် Bootable Devices အဖြစ်အလွယ်တကူသတ်မှတ်
လို့ရပါတယ်။အောက်ဖော်ပြပါပုံအတိုင်းပေါ့။ သင်က Memory Stick (USB) နဲ့
Bootable လုပ်ချင်တယ်ဆိုရင် မှင်နီရောင်အ၀ိုင်းလေးကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။
အဲဒီမှာတစ်ခုသတိထားရမှာက သင် Bootable လုပ်မယ့် Devices ထဲမှာရှိသော
ဒေတာများကိုတော့ ကြိုတင် ဘက်ကပ် လုပ်ထားရမှာဖြစ်ပါတယ်။ ဘာလို့လည်း
ဆိုတော့ သူက Data Over write လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့် သင့်စတစ်
ထဲကဒေတာများက ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။

မှင်နီရောင်အ၀ိုင်းလေးကို ရွေးချယ်ပီး သင့်မန်မိုရီစတစ်ကိုသတ်မှတ်လိုက်တဲ့အခါမှာ
တော့သင့်စတစ်မှာအောက်ဖော်ပြပါပုံအတိုင်းအမည်ပြောင်းသွားမှာဖြစ်ပါတယ်။

၎င်းအထဲရှိဒေတာများကတော့အောက်ဖော်ပြပါပုံအတိုင်းဖြစ်ပါတယ်


အထက်ဖော်ပြပါ ဖိုင်များကတော့ သင့်မန်မိုရီစတစ်အတွင်းတည်ရှိနေမည့်
Bootable  အတွက်လိုအပ်သော System File များပဲဖြစ်ပါတယ်။ပီးသွားရင်
တော့ သူက System ကို Restart ချမှာလားလို့မေးပါ့မယ်။ ဒီအခါမှာ ကျွန်တော်
တို့က Restart ချလိုက်ပါမယ်။သင့်ကွန်ပျူတာပြန်တက်လာတဲ့အခါမှာ
သင်တပ်ထားတဲ့ Stick ကနေစပီး Boot တက်လာပါမယ်။ဒီအခါမှာ သင့်
ကီးဘုတ်မှနေပီး “M” လို့၇ိုက်ပေးလိုက်ပါမယ်။ဒါဆိုရင်သူ့မှာရွေးချယ်စရာ
Menu တွေနဲ့ဖော်ပြပေးပါလိမ့်မယ်။ ထိုအထဲမှာ ရွေးချယ်စရာတွေကတော့
Scan & Repair
Scan only စသဖြင့် ရှိပါတယ် ဒီထဲမှာကျွန်တော်တို့က တစ်ခါတည်းကျွန်တော်
တို့ Scan စစ်ပီး  Repair လုပ်မှာဖြစ်တဲ့အတွက်ကြောင့် Scan & Repair Mode
ကိုရွေးချယ်ပေးလိုက်ပါမယ်။ ဒါဆိုရင် အောက်ပါပုံအတိုင်းအရင်ဆုံး Scan စစ်
နေမှာဖြစ်ပါတယ်။

မစစ်တော့ချင်ဘူးဆိုရင်တော့ Terminate Command ဖြစ်တဲ့ ကီးဘုတ်မှ
ESC ကို တစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်။ဒါဆိုရင် သူက Map နဲကအသေး
စိတ်ဖော်ပြပေးပါလိမ့်မယ်

အားလုံးစစ်ပီးသွားပီဆိုရင်တော့ ESC, ESC နှိပ်ပီး ကီးဘုတ်မှ Ctrl+Alt+Del ကိုနှိပ်ပေး
လိုက်ရုံပါပဲ 

ဒါဆိုရင် သင့်ဝင်းဒိုးကို ပုံမှန်အတိုင်းပြန်တက်ကြည့်ပီးပေါ့ပါးသွက်လက်စွာ
သုံးစွဲနိုင်မှာဖြစ်ပါတယ်။ဒီ Software ကို ကျွန်တော်တို့ Hiren’s Boot CD မှာလည်း
မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်ပေးထားတဲ့ Software လေးကတော့ မန်မိုရီ
စတစ်ထဲကနေ လုပ်ဆောင်လို့လည်းရပါတယ်။ အထက်ဖော်ပြပါမရှင်းလင်းချက်
များနှင့်ပတ်သက်ပီး မေးမြန်းချက်တစ်စုံတစ်ရာရှိခဲ့ပါက ကျွန်တော့်  FB Account
သို့ Message ပို့ပီးမေးမြန်းနိုင်သလို Comment Box အတွင်းတွငလည်းမေးမြန်းနိုင်
ပါတယ်။ အဆင်ပြေမယ်လို့ထင်ပါတယ်။

ကျေးဇူးတင်စွာဖြင့် www.mmitheper.com (Myanmar IT Helper )
Download => Link 1 / Link 2
 
Download လုပ်ရန်အတွက် 5 second စောင့်ပါ၊ ပြီးရင် SKIP AD ကိုနှိပ်ပြီး ဒေါင်းပါ။ Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။

Blue Screen Error မြင်တိုင်း Memory Dump Error ပါလို့ပြောနေတဲ့သူတွေအတွက် Blue Screen Error Code အညွှန်းများ

Blue Screen Error မြင်တိုင်း Memory Dump Error ပါလို့ပြောနေတဲ့သူတွေအတွက် Blue Screen Error Code အညွှန်းများ

No comments
By Myanmar IT Helper



မင်္ဂလာပါ ကျနော် Myanmar IT Helper ပါ...အခုပြောပြပေးမယ့်အကြောင်းအရာကတော့ Blue Screen Error အကြောင်းဘဲဖြစ်ပါတယ်။
Blue Screen Error တက်ရင်တစ်ချို့က Memory ကြောင့်..တစ်ချို့က Virus ကြောင့်အမျိုးမျိုးပြောကြပါ
တယ်...ဘယ်လိုဖြေရှင်းရမှန်းမသိတော့ရင် Windows ပြန်တင်လိုက်တော့တာပါဘဲ..အဲဒီတော့အချိန်ကုန်
Software တွေပြန်သွင်းရနဲ့ ဒုက္ခများပါတယ်..ကဲအခု..Blue Screen မှာပြတဲ့ Error Code တွေရဲ့ အဖြေ အညွှန်းများကိုတင်ပေးလိုက်ပါတယ်...ပြတဲ့ ကုဒ်တွေကိုကြည့်ပြီး ဘယ်အပိုင်းက Error တက်နေသလဲ
ဆိုတာ အဖြေထုတ်ပြီး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်..ဥပမာ

STOP Error 0×00000037 ဆိုပြီးပြတယ်ဆိုပါစို့ ဒါဆိုရင် Error Code ရဲ့အဖြေမှာ 

STOP Error 0×00000037: FLOPPY_INTERNAL_ERROR လို့ပြထားပါတယ်..ဒါဆိုရင် ပြသနာပေး
နေတာက Floppy Internal error ( Floppy Disk Error ) ဖြစ်ပါတယ်..ဒါဆိုရင် မိမိစက်မှာတပ်ဆင်
ထားတဲ့ Floppy Disk က Driver မမှန်တာလား..Jumper တွေမှားထိုးထားတာလား သေချာပြန်စစ်ပြီး ပြု
ပြင်လိုက်ရုံနဲ့ ဖြေရှင်းပြီးသား ဖြစ်သွားပါပြီ..ကဲ အောက်မှာ Error Code ရဲ့အဖြေကို ဒေါင်းနိုင်ကြပါပြီ
အဆင်ပြေကြပါစေခင်ဗျာ။

Download လုပ်ရန်အတွက် 5 second စောင့်ပါ၊ ပြီးရင် SKIP AD ကိုနှိပ်ပြီး ဒေါင်းပါ။ Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။

ဒေါင်းနည်းမသိပါကအရင်ဖတ်ပါ

Download Link ကိုနှိပ်ပြီးလျှင် 5စက္ကန့်စောင့်ပါ၊ ပြီးလျှင် ညာဘက်အပေါ်ဒေါင့်မှ Skip ကိုနှိပ်ပေးမှသာ Download Page သို့ ရောက်ရှိမည်ဖြစ်သည်။

Proudly Powered by Blogger.