-->
Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

How to Install VirtualBox !!! VirtualBox သုံးပြီး Windows ပေါ်မှာ Ubuntu/Linux/8/XP တင်မယ်

How to Install VirtualBox !!! VirtualBox သုံးပြီး Windows ပေါ်မှာ Ubuntu/Linux/8/XP တင်မယ်

No comments
By ရန်ကုန်သား


ကျွန်တော်အခု မိမိ Windows ပေါ်ကနေ Ubuntu တင်တာပဲဖြစ်ဖြစ် အခြား Windows တင်တာပဲဖြစ်ဖြစ်
ဒါမှမဟုတ် Ubuntu ပေါ်ကနေ Windows တင်တာပဲဖြစ်ဖြစ် VirtualBox ကိုအသုံးပြုရပါမယ်။
ဒါကြောင့် VirtualBox ကိုဘယ်လို Install လုပ်ရလဲဆိုတာ ရှင်းပြသွားပါမယ်။
ပထမဆုံး Windows ကနေဆိုရင် VirtualBox  ဒီမှာနှိပ်ပြီး  အရင်ဒေါင်းလိုက်ပါ။
Linux (or) Ubuntu အတွက်ကနောက်ပိုစ့်တွေမှာဖော်ပြပေးသွားပါမယ်။
Install လုပ်တာနဲ့ မေးလာရင် Yes ကိုနှိပ်လိုက်ပါ။ပြီးရင်အောက်ကအတိုင်းဆက်သွားပါမယ်။

Warring:Unresponsive script error in Firefox !! ပြဿနာဖြေရှင်းနည်း !!

Warring:Unresponsive script error in Firefox !! ပြဿနာဖြေရှင်းနည်း !!

No comments
By ရန်ကုန်သား

အခုဆိုဒ်တော်တော်များများမှာ လာလည်တဲ့လူတွေအများဆုံးကြုံတွေနေရတဲ့ ပြဿနာကတော့
Warring:Unresponsive script error in Firefox  ဆိုတဲ့ ပြဿနာပါပဲ ဒီစာတန်းဝင်လာရင် ဘာမှကို
ဆက်လုပ်လို့မရတော့ပါဘူး။ စက်တစ်ခုလုံးရပ်ထားရတဲ့အနေအထားပါပဲ။ ကျွန်တော်ဘလော့စ်မှာလည်း
မကြာသေးခင်ကပဲ လာရောက်ပြောဆိုသွားပါတယ်။ လာလည်တိုင်းဒီလိုအမြဲဖြစ်နေတဲ့အကြောင်း
ဒီပြဿနာကိုဖြေရှင်းပေးဖို့အောက်မှာဘယ်လိုလုပ်ရလဲဆိုတာ ပုံလေးတွေနဲ့ရှင်းပြပေးသွားပါမယ်။
အရင်ဆုံးမိမိအသုံးပြုနေတဲ့ Firefox ကနေပြထားတဲ့အတိုင်း about:config  လို့ထည့်ပြီးရိုက်လိုက်ပါ။
(without quotes)..ကော်ပီကူးပြီးထည့်လဲရပါတယ်။စာလုံးမခြားပါနဲ့...


ပြီးရင် Firefox ရဲ့ သတိပေးတဲ့စာတန်းပေါ်လာပါမယ်။ ဘာမှမကြောက်ပါနဲ့ "I"II be careful,I promise!
ဆိုတဲ့ စာပေါ်လာရင် နှိပ်လိုက်ပါ။
ပြီးရင်အောက်မှာပြထားတဲ့ ပုံပေါ်လာပါမယ်။

dom.max_script_run_time ဆိုတာကို Search ထဲမှာထည့်ပြီး Enter ခေါက်လိုက်ပါ။
 Search ဘောက်ထဲမှာထည့်လိုက်တာနဲ့ အခုလိုပေါ်လာပါမယ်။  အောက်မှာစာတန်းတစ်ခုပေါ်လာရင်
အဲ့ဒီ့စာတန်းပေါ်မှာ  double click နှိပ်ပြီး Enter ခေါက်လိုက်ပါ။ နောက်ထပ်ဘောက်တစ်ခုကျလာပါမယ်။

ကျလာတဲ့ဘောက်ကနေ ပုံမှန်အားဖြင့် 10 Value ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကျွံန်တော်တို့က
20 လို့ပြောင်းပေးလိုက်ပါ။ ပြီးရင် Ok နှိပ်လိုက်ပါ။ ပြီးရင် ကျွန်တော်တို့ new tab ဖွင့်လိုက်ပါ။
ရှိနေတဲ့ tab တွေကိုအကုန်ပိတ်လိုက်ပါ။ ပြီးရင် Firefox ဘောက်ကို Restart လုပ်လိုက်ပါ။
ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။ ပြီးရင်ကျွန်တော်တိတို့  Warring:Unresponsive script error ဆိုတဲ့
ပေါ်တဲ့ဆိုဒ်ကို သွားကြည့်ပါ။ ပေါ်သေးလားဆိုတာ လက်တွေ့စမ်းသပ်ကြည့်လိုက်ပါ။
အရင်လိုမပေါ်တော့ဘူးဆိုတာ လက်တွေ့တွေ့ရမှာပါ။ Flash error ပြတဲ့ဘောက်ကတော့ ပိတ်လိုက်ရင်
ပြောက်သွားမှာပါ။ Warring:Unresponsive script error ဆိုတဲ့ဘောက်ကြီးကတော့ ပေါ်လာစရာ
အကြောင်းမရှိတော့ပါဘူး။  အားလုံးပဲ ကျေးဇူးတင်ပါတယ်။

ကြော်ငြာလေးတစ်ချက်လောက်ကလစ်ခဲ့ပါချစ်သူငယ်ချင်းတို့ရေ.....

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။


                                               www.mm-knowledge.com


                                                      နည်းပညာမြို့တော်

Download လုပ်ရန်အတွက် 5 second စောင့်ပါ၊ ပြီးရင် SKIP AD ကိုနှိပ်ပြီး ဒေါင်းပါ။ Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။ အဆင်ပြေတယ်ဆိုရင် ပြန်ခါနီး ကြော်ငြာလေးများကို တစ်ချက်မျှ ကလစ်ပေးသွားကြပါ။ :D

Take Screenshot in Android Phone without Any Software !!!

Take Screenshot in Android Phone without Any Software !!!

No comments
By ရန်ကုန်သား

ကျွန်တော်တို့ မိမိကွန်ပြူတာ (or) ဖုန်းမှာ -အကြောင်းအရာ / အမှတ်တရ / အဖြစ်အပျက် / စာသား / ဓါတ်ပုံတွေကို  Screenshot လေးတွေရိုက်တတ်ကြပါတယ်။ အခုကျွန်တော် Android Phone တွေမှာ
ဘာ Software မှမသုံးပဲ Screenshot ရိုက်နည်းလေးကို Samsung Galaxy S3 လေးကိုသုံးပြီး နမူနာ
လုပ်ပြထားပါတယ်။ စိတ်ဝင်စားမယ်ဆိုရင်တော့ အောက်မှာပြထားတဲ့အဆင့်တွေအတိုင်း လုပ်ကြည့်ကြပါ။
အခုပထမဆုံး ကျွန်တော်တို့  Settings ထဲကိုသွားပါမယ်။

ပြီးရင်အောက်မှာ..Settings ကနေ System ထဲသွားလိုက်ပါ။
System ကနေ Motion ထဲဝင်လိုက်ပါ။

Motion settings ထဲကနေအောက်ကိုဆင်းသွားလိုက်ရင် Hand Motion settings ဆိုတာတွေ့ရပါမယ်။
Palm swipe to Capture ဆိုတာကိုအမှန်ချစ်ပေးလိုက်ပါ။
အားလုံးအဆင်ပြေသွားမှာပါ။ မိမိ Screenshot ရိုက်ချင်တ့အခါ ဒီနေရာလေးမှာ အမှန်ချစ်လေးပေးပြီး
မိမိဖုန်းရဲ့  swipe screen ရှေ့မှာ ဘယ်ကနေညာဘက် (0r) ညာကနေဘယ်ဘက် လက်ကလေး
ရန်းလိုက်ရုံနဲ့ ဓါတ်ပုံရိုက်ပြီးသားဖြစ်သွားမှာပါ။
Now you have successfully configured android device settings to take screenshots. When ever your want to take screenshot in your android device like Samsung Galaxy s3, just swipe screen with your palm from left to right or vice versa. This will take screenshot of the active screen on your android phone.

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

                                          www.mm-knowledge.com

                                                  နည်းပညာမြို့တော်
Download လုပ်ရန်အတွက် 5 second စောင့်ပါ၊ ပြီးရင် SKIP AD ကိုနှိပ်ပြီး ဒေါင်းပါ။ Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။ အဆင်ပြေတယ်ဆိုရင် ပြန်ခါနီး ကြော်ငြာလေးများကို တစ်ချက်မျှ ကလစ်ပေးသွားကြပါ။ :D

Computer ကိုဆော့ ဝဲလ်မသုံးပဲ ( Auto Shutdown ) လုပ်နည်း

Computer ကိုဆော့ ဝဲလ်မသုံးပဲ ( Auto Shutdown ) လုပ်နည်း

No comments
By ရန်ကုန်သား


နည်းလမ်းလေးကတော့ သိထားတဲ့ သူများပါတယ်..ကျွန်တော့ သူငယ်ချင်းတစ်ယောက်ဖုန်းဆက်ပြီးအခု....
လို Computer ကိုဆော့ ဝဲလ်မသုံးပဲ ( Auto Shutdown ) လုပ်လို့ ရလားလို့ မေးတော့ ကျွန်တော်ပြောပြ..
လိုက်ပါတယ်..သူ့ ကိုပြောပြသလိုပဲ.လေ့ လာခါစသူတွေအတွက်အသုံးဝင်မယ်ထင်လို့ပြန်ရေးပေးလိုက်ဒါပါ

ဒီနည်းလမ်းလေးကတော့ကျွန်တော်တို့အိပ်ခါနီးမှာသီချင်းလေးတွေနားထောင်ပြီးမှအိပ်ချင်သူတွေနဲ့ ...တချို့ 
အိပ်ခါနီး ဂိမ်း - ဆော့ဝဲလ်တွေကိုဒေါင်းပြီး Auto Shutdown လေးထားပြီးမှအိပ်ချင်သူများအတွက်ကတော့
အဆင်ပြေဒါတော့ ဗျာ..ဘာဆော့ ဝဲလ်မှထည့် စရာမလိုဘူးနော်..ရိုးရှင်းလွယ်ကူတဲ့ နည်းလေးပါ..လူတိုင်း..
လုပ်လို့ အဆင်ပြေမှာပါ.ကွန်ပျူတာကိုနောက်ထပ်တစ်နာ၇ီကြာ၇င်(သို့ မဟုတ်)ဘယ်အချိန်ဖြစ်ဖြစ်ပေါ့ ဗျာ  Auto Shutdown  လုပ်ခိုင်းမှာလား..မိမိစိတ်ကြိုက်အချိန်အတိုင်းအတာကိုသတ်မှတ်ပြီးထားလို့ ရပါတယ်.
ကဲစရအောင်နော်....

Window + R ကိုနှိပ်လိုက်ပါ။ပြီး၇င် Run Box ထဲမှာ  shutdown.exe -s -t 3600 ဆိုပြီး၇ိုက်ထည့်လိုက်ပါ 3600 နေ၇ာမှာမိမိတို့စိတ်ကြိုက်အချိန်ကိုသတ်မှတ်ပေးလို့ ရပါသေးတယ်...3600  ဆိုဒါက တစ်နာရီသတ်
မှတ်ဒါနော်. နာရီဝက်ဆိုရင်တော့   1800  ပေါ့ ..နောက်ကိုယ်သတ်မှတ်ချင်တဲ့ နာရီကိုအဲ့လိုဘဲ 3600 ကို..
တစ်နာရီပုံသေထားတွက်ပြီးကြိုက်တဲ့ အချိန်ထည့် ပေါ့ ဗျာ....



shutdown.exe -s -t 3600   ပြီးထည့် ပေးလိုက်ဒါနဲ့ ..ကွန်မန်လေးပေါ်လာပါ့ မယ်..အောက်မှာပုံလေးပြ
ထားပါတယ်....

 
အဲ့ဒီကွန်မန့်  လေးပေးပြီးနောက်ထပ် စက္ကန့်  ( 3600 )   တစ်နာ၇ီကြာ၇င်စက်ကအလိုလို ( Shut down )
ကျသွားပါ့ မယ်..အဲ့ လိုနာရီလေးပေးဒါတော့ ဟုတ်ပါပြီးကိုယ်ကအရေးကြီးလို့ နာရီမပြည့် ခင်ပြန်ဖျက်ချင်

တယ်ဆိုရင်လည်းရပါသေးတယ်..ဒီလိုလေးလုပ်မယ်ဗျာ  Run Box ထဲမှာ shutdown.exe -a  ဆိုပြီးဒါရိုက်
ထည့် ပေးလိုက်ပါ..



shutdown.exe -a ဆိုပြီးရိုက်ထည့် လိုက်ပြီးရင်ကွန်မန့် လေးပေါ်လာပါအုံးမယ်..အောက်ကပုံလေးလိုပေါ့ .


အဲ့ လိုပုံလေးပေါ်လာရင်တော့ အရင်ကကိုယ်ပေးထားတဲ့ အချိန်လေးပျက်သွားပါပြီးခင်ဗျာ..ကဲပုံပြင်လေးက
တော့ ဒါပါပဲကွယ်...နောက်ထပ်အသုံးဝင်မဲ့ နည်းလမ်းလေးတွေကိုလည်းတင်ပေးပါအုံးမယ်လို့ ပြောကြားရင်း
နဲ့ နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ......


                                             www.mm-knowledge.com






                                                          
                                                   နည်းပညာမြို့တော်

အဆင်ပြေရင်တော့ ပြန်ခါနီးကြေငြာလေးတစ်ချက်လောက်တော့ ကလစ်ပေးခဲ့ ကြပါခင်ဗျာ...

                                                   ရေးသားသူ - i soe



Download လုပ်ရန်အတွက် 5 second စောင့်ပါ၊ ပြီးရင် SKIP AD ကိုနှိပ်ပြီး ဒေါင်းပါ။ Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။ အဆင်ပြေတယ်ဆိုရင် ပြန်ခါနီး ကြော်ငြာလေးများကို တစ်ချက်မျှ ကလစ်ပေးသွားကြပါ။ :D

Windows 8 မှာ System rating is not available ဆိုတာကိုဖြေရှင်းနည်း

Windows 8 မှာ System rating is not available ဆိုတာကိုဖြေရှင်းနည်း

No comments
By ရန်ကုန်သား

ကျွန်တော် Windows 8 မှာကြုံတွေ့နေရတဲ့ System rating is not available ဆိုတာကိုဖြေရှင်းပေးရပါမယ်။ ဘာကြောင့်လဲဆိုတော့ မိမိတို့ရဲ့ Windows မှာ ရှိနေတဲ့ Application /
System တွေ LAN / Graphic Card / ပြီးတော့ မိမိဝင်းဒိုးရဲ့ RUN အားတွေကို ပြည့်ဝစွာအလုပ်မလုပ်
ပါဘူး။ ဒါကြောင့် Rating လုပ်ပေးပါ.. လုပ်လည်းလုပ်ထားသင့်ပါတယ်။ ဘယ်လိုလုပ်မလဲဆိုတာ
အောက်မှာ ပုံလေးတွေနဲ့သေချာရှင်းပြပေးထားပါတယ်။
 
ပုံမှာပြထားတဲ့အတိုင်းဖြစ်နေရင် keyboard shortcut Windows Key + E  နှင့်နေရာလွတ်မှာ  right click  select Properties မှ right click context menu. ၀င်းဒိုး 7 မှာဆိုရင်တော့ My Computer ကနေ
Computer ကနေ right click  select Properties. အခုပြထားတဲ့ နေရာရောက်ရင် System rating is not available ဆိုတာတွေ့ရမှာပါ။ အဲ့ဒါကို click လိုက်ပါ။ ပြီးရင်အောက်မှာဆက်ကြည့်ပါ။

အပေါ်ကပုံမှာပြထားတဲ့အတိုင်း Rate this computer option ကို click လိုက်ပါ။
ပြီးရင်အောက်ပုံမှာပြထားတဲ့အတိုင်း သူ Rating လုပ်နေတာကိုဘာမှမလုပ်ပဲစောင့်နေလိုက်ပါ။
အချိန်ခဏလောက်စောင့်ပြီးရင်တော့  rating process completedဖြစ်သွားရင်တော့ အားလုံးအိုကေသွားပါပြီ။

ကြော်ငြာလေးတစ်ချက်လောက်ကလစ်ခဲ့ပါချစ်သူငယ်ချင်းတို့ရေ...

ဒီပိုစ့်လေးကိုကြိုက်တယ်ဆိုရင် ဒီမှာ Like နှိပ်ခဲ့ပါ

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်

မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

                                          www.mm-knowledge.com

                                                 နည်းပညာမြို့တော်
Download လုပ်ရန်အတွက် 5 second စောင့်ပါ၊ ပြီးရင် SKIP AD ကိုနှိပ်ပြီး ဒေါင်းပါ။ Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။ အဆင်ပြေတယ်ဆိုရင် ပြန်ခါနီး ကြော်ငြာလေးများကို တစ်ချက်မျှ ကလစ်ပေးသွားကြပါ။ :D

အင်တာနက်မှာပိုက်ဆံရှာနည်း ( free )(100% work)

အင်တာနက်မှာပိုက်ဆံရှာနည်း ( free )(100% work)

No comments
By ရန်ကုန်သား

                                   
အခုပြောမှာကတော့  (PTC) အကြောင်း ပါ၊
PTC မိတ်ဆက်

PTC ဆိုက်ဆိုတာ ဘာ လဲဆိုတာကို သိအောင် ဒီမှာ ရှင်းပြမယ်၊ (PTC = Paid To Click)  မြန်မာလိုဘာ သာ ပြန်ရင် ကလစ်နှိပ်ရင် ပိုက်ဆံပေးတယ်ဆိုတဲ့ သဘောပါ။ PTC Website တွေ စတင်ပေါ်ပေါက် လာတာကတော့ 2007-2008 ကတည်းကပါ။ အွန်လိုင်း ပေါ်မှာ Website တွေအများ ကြီးရှိပါတယ်၊ အဲဒိ Website ကုမ္မဏီတွေ က သူ တို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာ တစ်ဝှမ်းမှာ ရှိတဲ့ လူတွေကို ကြော်ငြာ ချင်ကြပါတယ်၊ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး  နည်းကတော့ နေ့စဉ် လူကုဋ္ဋေ ပေါင်းများစွာ ကျင်လည်ကျက်စားနေတဲ့ Online ဈေး ကွက်မှာ ကြော်ငြာ ခြင်းပါပဲ။ ဒါပေမဲ့ အွန်လိုင်းမှာလဲ သူတို့အနေနဲ့ သူတို့ရဲ့Product ကို သူတို့ ကိုပိုင် Website မှာ တင်ရောင်းရုံ ကြော်ငြာတင် ရုံနဲ့တင် အဆင်မပြေကြပြန်ဘူး။ပြသာနာက ဘယ်သူကသူတို့ Website ကို ၀င်ကြည့်မှာလဲ၊ Website  တင်တိုင်းလဲ လူဝင်ကြည့်တာမှမဟုတ်တာ၊ အဲ့ဒိတော့ ကြော်ငြာ
နဲ့ပက်သက်လို့ ဖြေရှင်းချက်တွေကိုရှာ တော့   နေ့စဉ်အွန်လိုင်းပေါ်မှာ လူအသုံး အများဆုံး ဖြစ်တဲ့ Google, Yahoo, Bing, Facebook,  အခြားဆိုရှယ် ဆိုက်တစ်ချို့ ကို တွေ့သွားပါတယ်၊ အဲ့ဒိ Social ဆိုက်တချို့ရဲ့ Home Page မှာ သူတို့ရဲ့ ကြော်ငြာကို တင်ထားလိုက် ရင် သူတို့ ရဲ့ ကြော်ငြာ ကိုနေ့စဉ် လူပေါင်း ကုဋ္ဋေနဲ့ချီပြီး တွေ့တော့ မယ်ဆိုတဲ့အကြံနဲ့  အဲ့ဒိ  Social  ဆိုက်တွေနဲ့ စာချုပ်တွေချုပ် ငွေတွေ ဒေါ်လာသန်းပေါင်းများစွာ ပေးပြီးသူတို့ ရဲ့ကြော်ငြာတွေကို စတင်ခဲ့ပါတယ်၊ ဒိလိုနဲ့ပဲ နာမည်ကြီးတဲ့ Social ဆိုက်တွေမှာ  ကြော်ငြာတွေကို ပုံနဲ့ တစ်မျိုး စာနဲ့တစ်မျိုး ၀င်ရောက်ကြော်ငြာလာကြ တော့ပါတယ်။ ဒါပေမဲ့ ကြော်ငြာတဲ့ ကုမ္မဏီ  တွေထဲက တစ်ချို့ ကထင်သလာက်ခရီးမပေါက်ကြပါဘူး၊ အဲ့ဒိလိုအပ်ချက်ကို ဖြည့်ဖို့ အတွက် PTC Website တစ်ချို့ ပေါ်ထွက်လာပါတယ်၊ PTC ဆိုက်တွေက ကုမ္မဏီတွေကနေ သင့်သင့်တဲ့ငွေပမာဏ နဲ့ ကြော်ငြာတွေကို လက်ခံပါတယ်၊  အဲ့ဒိ ကုမ္မဏီကကြော်ငြာတွေကို လူတစ်ထောင်ကြည့် ရင် $5 မှ $10 အထိ အခကျေးငွေယူပြီး သူတို့ ၀က်ဆိုက်တွေမှာ ကြော်ငြာတင်ပေးကြပါတယ်၊ ပြီးတော့သူတို့က ကြော်ငြာ ကြည့်မယ့်လူ (Member) ရှာပါတယ်၊ အဲ့ဒီ့ ကြော်ငြာ ကြည့်မယ့်လူတွေကို အယောက် တစ်ထောင်ကို $2 မှ $5 အထိပေးပြီးဝင်ကြည့်ခိုင်းပါတယ် ဒါပေမဲ့ ကြော်ငြာ ကြည့်တဲ့လူ (Member) တွေက 5 စက္ကန့်မှ 10 စက္ကန့် အထိအတိအကျ ကြည့်ပေးရပါ တယ် ၊  ဒီလိုနည်းနဲ့ PTC ဆိုက်တွေက အွန်လိုင်းပေါ်မှာ နေရာရလာကြပါတယ်၊ ကြော်ငြာ တဲ့သူကလည်း သူ့ကြော်ငြာကို  လူတွေသေချာကြည့်တဲ့အတွက် ကျေနပ်သလို၊ ကြော်ငြာ လက်ခံတဲ့ Website ကလည်း အမြတ်ရတော့ ကျေနပ်ကြပါတယ်၊ အဲ ကြော်ငြာ ကြည့်ပြီး ပိုက်ဆံရှာတဲ့ ကျွန်တော်တို့ (Member) အနေနဲ့ ကလည်း ကျေနပ်မူရှိပါတယ်၊ ဒါက PTC Website တွေရဲ့ ဖြစ်တည်မူပါပဲ။


သတိပြုစရာ အချက်များ
ကျွန်တော် အထူးသတိပေးချင် တာက အွန်လိုင်းပေါ်မှာ PTC Website ၁၅၀.၀၀၀  ကျော်ကျော် ရှိပါတယ် ။ ဒါပေမဲ့ တကယ်ပိုက်ဆံ ပေးတဲ့ဆိုက်က အတော့ကို နည်းပါတယ်။ နောက်ပြီး Internet ဆိုတာ  ယုံကြည်စိတ်ချရတဲ့ဆိုဒ် အမှန်တကယ်ရိုးသားပြီး  ပြောရင် ပြောတဲ့ အတိုင်းလုပ် တဲ့ဆိုဒ်များအတော်ကိုရှားပါတယ်။  (Internet Is Full of Scam) ကျွန်တော် ပြောတာ ကို မယုံရင်လဲ ကို့ဟာကို လေ့လာကြည့်နိုင်ပါတယ်။  တစ်ချို့ အခွင့်အရေး ရှာနေတဲ့သူတွေက PTC Website အတုတွေ ဖွင့် တယ်။ ခင်ဗျား တို့ဆီက ၀င်ကြေး တောင်းလိမ့်မယ် ပြီးရင် ပြောက်သွားရော၊ တစ်ချို့ ပိုလို့တောင်ဆိုးသေးတယ်၊ ခင်ဗျား ကို သုံး လလောက်အလုပ်ခိုင်းပြီး ပြီးရင် ခင်ဗျား ငွေလဲထုတ်ရော ခင်ဗျားကို ဘာ မှ အကြောင်း မပြန်တော့ဘူး၊ အဲ့ဒီ့တော့ ကျွန်တော် အ ကြံပြုချင်တာက ကျွန်တော် ပြော တဲ့ဆိုက်တွေကို အရင်လုပ်ပါ။ အတိအကျလေ့လာ ပြီး နှစ်အတော် ကြာပြသာနာ မရှိတဲ့ဆိုက်တွေကို ကျွန်တော် တင်ပြထား တာပါ၊ ဒါပေမဲ့ ကို့ပါကို လေ့လာချင်ရင် လဲ သဘော ပါ သတိထား ပါလို့ပဲ ပြော ပါရစေ။
ဒီမှာ နောက်ဆုံး အနေနဲ့ ပြော ချင်တာက တော့၊ PTC Website တွေဟာ အစမှာ ငွေနည်းနည်း ပဲဝင်ပါတယ်၊ Site တစ်ခု ကို တစ်လ $1.5 နေ $2 အထိပဲ ၀င်ပါတယ်၊ ဒါပေမဲ့  Site 5ခု မှ 10ခု  လောက် ချိတ်ထားနိုင်ရင် တော့ တစ်လ $15 - $20 ၀န်းကျင်ရပါလိမ့်မယ်၊ ဒါပေမဲ့ တစ်နေ့ကို မိနစ် 20 ထက်ပိုပြီး အလုပ်လုပ်စရာ မလိုပါဘူး၊  PTC ဆိုက်ရဲ့ သဘောက လွယ် တယ်၊ လက်ချောင်းတစ်ချောင်း ရှိရင် အလုပ်လုပ်လို့ရ တယ် ဒါပေမဲ့ ငွေဖြည်းဖြည်း ချင်းပဲရှာ လို့ရမယ်။ တစ်လမှ $20 ထဲဆိုလို့ စိတ်မညစ်သွားပါနဲ့ ၊ ကျွန်တော် တို့ ဆိုက်ရဲ့ငွေရှာ ဖွေရေး အစီအစဉ် တွေရဲ့ ပထမအဆင့်ပဲရှိပါသေးတယ်၊ ၀င်ငွေ တိုးအောင် လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်။


PTC Website တော်တော် များများ ကတော့ တစ်ပါတ် တစ်ကြီမ် Cashout/Withdraw လုပ်လို့ရပါ တယ်။
Minimum Cashout/Withdraw = $2
Maximum Cashout/Withdeaw = No
Cashout/Withdraw Period = one time/ week
Cashout/Withdraw Fees = 3% to 5%
PTC စည်းကမ်းချက်များ
PTC Website တိုင်းမှာ သူ့စည်းကမ်းနဲ့သူရှိပါတယ်။၎င်းစည်းကမ်းများကိုမလိုက်နာရင်တော့  ကိုယ့်အကောင့်ကိုယာယီထိန်းသိမ်းခြင်းသော်လည်းကောင်း၊အမြဲတမ်းထိန်းသိမ်းခြင်း သော်လည်းကောင်း  အရေးယူခံရနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင်ဒီလိုမဖြစ်ရအောင်
စည်ကမ်းချက်များကို ဖော်ပြပေးသွားမယ်။
ကွန်ပျူတာ တစ်လုံးအကောင့်တစ်ခုနှုန်း
PTCWebsite
 တွေဟာအိမ်ကနေပိုက်ဆံရှာဖို့လုပ်ပေးထားတဲ့အတွက်ကွန်ပျူတာတစ်လုံးကို အကောင့်တစ်ခုပဲလုပ်ခွင့်ပေးပါတယ်။ တစ်ခုထက်ပိုသော အကောင့်များကို ယာယီပိတ်ပစ်ခြင်းသော်လည်းကောင်း၊ အမြဲတမ်းပိတ်ပစ်ခြင်းသော်လည်းကောင်း   လုပ်ခံရနိုင်ပါတယ်။
အင်တာနက်ဆိုင်များမှ အသုံးပြုခြင်း
စည်းကမ်းချက်များထဲမှာ အင်တာနက်ကဖေးဆိုင်များမှ အသုံးပြုခြင်းကိုလက်မခံ သော်လည်း တကယ်တမ်း သုံးလို့ရပါတယ်။ အဒိ Computer တွေမှာ Account မဖွင့်ထားဘူး ဆိုရင် ရပါတယ်။
Proxy အသုံးပြုခြင်း
login ဝင်ဖို့ proxy သုံးနိုင်သော်လည်း ကြော်ငြာကြည့်ဖို့ အသုံးပြုခြင်းလက်မခံပါ။
၎င်းဟာ ဘာကိုညွှန်းတာလဲဆိုတော့ ဥပမာ ကိုယ်ကမြန်မာနိုင်ငံကနေ  အကောင့်လုပ် နှိပ်နေတယ်။  နိုင်ငံခြား ရောက်သွားရင်လည်း   ဒီဆိုဒ်ကို အသုံးပြုနိုင်တဲ့သဘောပါ။  ဒါကြောင့်လက်ခံတာပါ။  ဘာကြောင့်ပြောတာလဲဆိုတော့   တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ အိုင်ပီနံပါတ်များမတူသလို  အချိန်များလည်း မတူညီကြပါ။ ဒါပေမယ့် မြန်မာနိုင်ငံ ကနေ ပိုက်ဆံ ထုတ် ပြီဆိုရင်တော့ proxy ကျော်ကိုကျော်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ Cyber Banking ဖြစ်တဲ့ Paypal က ကျွန်တော်တို့ မြန်မာ IP address နဲ့ ခွင့်မှ မပြုတာ။
(အောက်မှာ Paypal Account ဖွင့် နည်း နှင့် မိမိ လက်ထဲ ပိုက်ဆံ ရအောင်ထုတ် နည်းကို ပြည့်ပြည့် စုံစုံ ဖော်ပြပေးသွားပါမည်။)
အလိုအလျောက်နှိပ်သော ဆော့ဖ်ဝဲအသုံးပြုခြင်းကို လက်မခံခြင်း
အချို့သော ကိုယ်တိုင်နှိပ်ရမှာပျင်းတဲ့သူများက  အလိုအလျောက်နှိပ်ပေးတဲ့ ဆော့ဖ်ဝဲများကို  အသုံးပြုကြပါ တယ်။ ထိုသို့အသုံးပြုခြင်းကို PTC Website များက လက်မခံပါဘူး။ စစ်ဆေးတွေ့ရှိက အရေးယူခြင်းခံရမှာပါ။
ငွေကို ဘယ်လိုထုတ်မလဲ
အွန်လိုင်းမှာ ငွေချေခြင်း၊ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း စသည်များကို ခြားခံအနေနဲ့ ဆောင်ရွက်ပေးတဲ့Cyber Banking Website များရှိပါတယ်။ eg : Paypal, Payza or Alertpay, Neteller, Egopay, libertyreserve etc.....
ကျွန်တော် ကတော့ Paypal ပဲ အသုံးပြုပါ လို့ အကြံပေးချင်ပါတယ်။
(Paypal Account ဖွင်းနည်းကို ပြည့်ပြည့်စုံစုံ Post တင်ပေးပါမယ်။)
Startup Now 
 မှက်ချက်။     ။signup လုပ်ချိန်တွင် Paypal email နေရာတွင် အဆင်ပြေတဲ့ email တစ်ခုခု (သို့) ကွပ်လပ် အတိုင်း ထားလို့ရပါတယ်။ ကြိုက်တဲ့အချိန် ပြင်လို့ ရပါတယ်။
                     ပိုက်ဆံအရများတဲဆိုဒ်ပါ။ ယူရိုငွေနဲ့ရှင်းပါတယ်
ဒါကတော့ကျွန်တော်လက်ရှိဝင်ထားတဲ့ဆိုဒ်ပါ။တစ်နေ့တည်းနဲ ယူရို €3.8450 ရတယ်ဆိုယုံမလား။
အပိုတော့မပြောပါဘူး။လက်တွေ့စမ်းသပ်လိုက်ပါ။ ဒီမှာနှိပ်ပြီ အကောင့်ဝင်လိုက်ပါ။
ဖောင်ဖြည့်ပြီးသွားရင် သူငယ်ချင်းတို့မေလ်းထဲကို စာပိုစ့်လိုက်ပါမယ်။ပြီးရင်သူပေးတဲ့လင့်ကနေ
login ပြန်ဝင်ပါ။ နာမည်နဲ့ပတ်စပိုစ့်ဖြည့်ရင် တစ်ခါပဲဖြည့်ပါ။ Secondary password မှာမထည့်ပါနဲ့
အောက်ကပုံကိုကလစ်ပြီးလည်းဝင်လို့ရပါတယ်။ ပိုက်ဆံအရကြမ်းပါတယ်။စိတ်ချရပါတယ်။
တစ်စုံတစ်ခုအခက်အခဲရှိရင်မသိတာမေးချင်ရင်ကျွန်တော်ဆက်သွယ်နိုင်ပါတယ်။
mr.yangonthar2011@gmail.com  ကိုဆက်သွယ်ပါ။



ဒါကတော့နောက်တစ်ခုပါ။
သူငယ်ချင်းတို့စိတ်ဝင်စားရင်နောက်ထပ်အများကြီးရှိပါတယ်။ သိချင်ရင်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျွန်တော်ကတော့သေချာတဲ့ ဆိုဒ် 10 ဆိုဒ်မှာ နေ့တိုင်းကလစ်ပေးတယ်။ 1နာရီလောက်တော့အချိန်ပေး
ရတာပေါ့။ ဆိုဒ်တစ်ဆိုဒ်ကို 1လ 5$ လောက်စုမိရင် 10ဆိုဒ်ဆိုရင်စဉ်းစားကြည့်ပေါ့။
    Probux
PROBUX ပါကြော်ငြာ ကြည့်ငွေရှာ ဆိုက်ပါပဲ၊ ငွေပေးတိကျတယ်၊ အရှုပ်အရှင်းကင်းတယ်၊ Neobux  ထက်တောင်ငွေ ပိုပေးတယ်၊ လူကြိုက်များတယ်၊ အကောင့်ဖွင့်ချင်ရင်အောက်ကပုံကိုနှိပ်၊   ဒီမှာနှိပ်လည်းရပါတယ်
 
PTC Strategy Guide  (OR)  ၀င်ငွေတိုးအောင် လုပ်နည်း   
  သည် အကြောင်းကိုပြောတော့ မယ်ဆိုရင် Referral အကြောင်း မှ စပြောမှ ရမှာပါ။
Referral မှာ Direct Referral နှင့် Rental Referral ဆိုပြီး နှစ်ခု ရှိတယ်။
Direct Referral 
Direct Referral ကတော့  ကိုယ်လုပ်ထားတဲ့ အကောင့်နဲ့ အခြားသူများကို ညွှန်းပြီး အကောင့်လုပ်ကြော်ငြာကြည့်ခိုင်းခြင်းဖြင့် ၄င်း နှိပ်သောသူများထဲကမှ တစ်ဝက်ကို ကိုယ်ကရရှိ တာကိုပြောတာပါ။ တစ်နည်းပြောရရင် ကိုယ်က Sponsor လုပ်တဲ့သဘောပေါ့။ ရှင်းရှင်း ပြောရရင် ခင်ဗျားတို့ အပေါ်က ကျွန်တော်ပေး ထားတဲ့ Link ကနေ Register လုပ်လိုက်တယ် ဆိုပါတော့။ ခင်ဗျား တို့သည် ကျွန်တော့ ရဲ့ Downline မှာရှိတယ်။ သည်တော့ Sponsor ဖြစ်တဲ့ ကျွန်တော် က ခင်ဗျားတို့ ရတဲ့ ပိုက်ဆံ ရဲ့ 50% ကို ရပါ တယ်။ ဒါပေမယ့် ခင်ဗျားတို့ Downline မှာရှိ တဲ ခင်ဗျားတို့ရဲ့ direct referral (သို့) rental referral တွေ ရဲ့ % ကိုတော့ ကျွန်တော် မရပါဘူး။ 
ခင်ဗျားတို့ register လုပ်ထားတဲ့ PTC site ရဲ့ Direct referral Link ကို လိုချင်တယ် ဆိုရင်တော့ Banner or Your refer link or Home page ထဲ မှာ ပြထားတတ်ပါ တယ်။
ဥပမာ အားဖြင့်  http://www.neobux.com/?r=usernamexxxx (or) http://www.neobux.com/?rh=61756E676B7961777A6177373739  မျိုးပါ
Direct Referral ရဖို့ နည်း လမ်းတွေ ပြောရမယ်ဆိုရင်တော့ ပြောလိုတောင် ကုန် မှာမဟုတ်ဘူး တစ်ချို့တွေ က Internet Traffic အကြောင်းကိုကောင်းကောင်း သိတယ်၊
တစ်ချို့တွေ က လုံးလုံး မသိဘူး။ ကဲ မသိသေးတဲ့ သူတွေကတော့ Social site တွေ ဖြစ်တဲ့ facebook မှာ ဘာညာဘာညာ ပွားပေါ့။ သူငယ်ချင်း၊ မိသားစု စသည်ဖြင့် ပြောပေါ့၊ နောက်ထပ် direct referral လွယ်လွယ် ရမယ့် နည်းလမ်း ကတော့ http://www.getref.com and http://www.programrefs.com အဲဒိ ကိုသွား Register လုပ် ဘယ်လို သုံးရမှန်းမသိရင် FAQ မှာ ရှာဖတ်။
Rental Referral
Rental Referral  အကြောင်းကတော့ ရှင်းပါတယ်။ PTC site တွေမှာ Rent referral ဆိုပြီးတွေ့ရပါလိမ့်မယ်။ Refer တစ်လိုင်းကို $0.2 နဲ့ Rent လုပ်နိုင်ပါ တယ်။ Renter referral တွေ ကဘာတွေ လည်းဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့လို Member တွေပါဘဲ။ တနည်းအားဖြင့် sponsor မရှိပဲ Direct Signup Mamber တွေပါ။ တစ်ပါတ်ကို တစ်ခါပဲ ၀ယ်ခွင့် ပြု ပါ တယ် ။ မိမိ ပိုက်ဆံရှိ သလောက် ၀ယ် လို့ရပါတယ်။
PTC Strategy Guide  (OR)  ၀င်ငွေတိုးအောင် လုပ်နည်း ကအခုမှ စမှာပါ။  
Zero Investment Strategy
ကဲကျွန်တော် Probux ကို ဥပမာပေးပြီးရှင်းပြ ပါမယ်။ ကြော်ငြာ Link တွေ အားလုံးကိုကြည့်လိုက်ပါ။  
$0.06 ရပါလိမ့်မယ်။ $1.0 ရတဲ့ ထိ နှိပ်ပါ။
ရတဲ့ $1.0 ကို main balance ကနေ rental balance ထဲကို transfer လုပ်လိုက်ပါ။
rent refer မှာ refer 3 လိုင်း ၀ယ်လိုက်ပါ။
rented referral page မှာ AutoPay ကို Turn On လုပ်ထားလိုက်ပါ။
rental balance ထဲမှာ ပိုက်ဆံ အမြဲဖြည့်ထားပါ။ 
တကယ်လို့ Refer Avg Click က 2avg အောက် ရောက်နေရင်သော် လည်းကောင်း၊ inactive မဖြစ်ရင် သော်လည်းကောင်း Recycle လုပ်လိုက်ပါ။ မှတ်ချက်  ၂ရက်-၃ရက်လောက်တော့ စောင့် ကြည့်သင့်တယ်။
ပိုက်ဆံ လုံးဝ မထုတ် ပါနဲ့
rent refer များဝယ်နိုင်လေ ပိုက်ဆံပိုရလေ၊ပိုက်ဆံပိုရလေ rent refer များများဝယ်နိုင်လေဖြစ်ပါတယ်။
rent refer အရေအတွက် 200 ရောက်ရင်တော့ refer ၀ယ်တာရပ်လိုက်ပါ။
ရှိ ပြီးသား refer တွေ ကို Maintain (avg ကို 2 ကျော်အောင်လုပ်ပါ)လုပ်ရင်းနဲ့ $70 ရတဲ့ အထိ စုပါ။
$70 ရရင် account ကို golden member ဖြစ် အောင် upgrade လုပ်လိုက်ပါ။
rent refer တွေ ဆက် ၀ယ်ပါ။ rent referအရေအတွက် အရေအတွက် အရေအတွက်အရေအတွက် 800-1000ရောက် ရင် Ultimate account ဖြစ်အောင် upgrade လုပ်လိုက်ပါ 
rent refer 4000 ရတဲ့ ထိ ၀ယ်ပါ
ကဲ နောက်ဆုံ အဆင့် ကတော့ rent referal တွေကို maintan လုပ်ရင်းနဲ့ Cash out လုပ်ပေါ့ ဗျာ...........
CASH OUT AGAIN AND AGAIN       
Standard Members:

200 Referrals x $0.005 x 4 Ads per day = $4.00 per day (earning from rental referrals)
 
Golden Members:

200 Referrals x $0.01 x 4 Ads per day = $8,00 per day
1000 Referrals x $0.01 x 4 Ads per day = $40,00 per day 
2000Referrals x $0.01 x 4 Ads per day = $80,00 per day 

Ultimate Members:
4000 Referrals x $0.01 x 4 Ads per day = $160,00 per day ($57,600 per year)


ကဲသည်လောက်ဆိုတော်တော် သဘောပေါက်မှာပါ
                                         www.mm-knowledge.com

Download လုပ်ရန်အတွက် 5 second စောင့်ပါ၊ ပြီးရင် SKIP AD ကိုနှိပ်ပြီး ဒေါင်းပါ။ Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။ အဆင်ပြေတယ်ဆိုရင် ပြန်ခါနီး ကြော်ငြာလေးများကို တစ်ချက်မျှ ကလစ်ပေးသွားကြပါ။ :D

Youtube မှာ သီချင်း-ဗီဒီယို တင်ကြမယ်.. တင်ပြီးသားသီချင်းတွေဘယ်လိုဖျက်ရမလဲဆိုတာ ပုံနှင့်တကွရှင်းပြ

Youtube မှာ သီချင်း-ဗီဒီယို တင်ကြမယ်.. တင်ပြီးသားသီချင်းတွေဘယ်လိုဖျက်ရမလဲဆိုတာ ပုံနှင့်တကွရှင်းပြ

No comments
By ရန်ကုန်သား

သူငယ်ချင်းတစ်ယောက်ကမေးလာလို့ ယူတုစ်မှာဘယ်လိုသီချင်းတွေဗီဒီယိုတွေ
တင်လည်းသိရင်ပြောပြပါဆိုလို့ ...ဘယ်လိုတင်ရမလဲဆိုတာပုံနှင့်တကွရှင်းပြထားပါတယ်..
စိတ်ဝင်စားသူများ ပုံလေးတွေကြည့်ရင်း လိုက်လုပ်ကြရအောင်....
မမြင်ရလျှင်ပုံကိုကလစ်ပြီးကြည့်ပါ။    
 ပထမဆုံး...


ဒေါင်းနည်းမသိပါကအရင်ဖတ်ပါ

Download Link ကိုနှိပ်ပြီးလျှင် 5စက္ကန့်စောင့်ပါ၊ ပြီးလျှင် ညာဘက်အပေါ်ဒေါင့်မှ Skip ကိုနှိပ်ပေးမှသာ Download Page သို့ ရောက်ရှိမည်ဖြစ်သည်။

Proudly Powered by Blogger.