Ubuntu 12.04 မှာ Glx-Dock/Cairo-Dock ထည့်သုံးမယ်

Posted in Linux ဆိုင်ရာ, Ubuntu
No comments
By Kaung Htet Htun
Ubuntu Linux OS နဲ့ ပတ်သက်တဲ့ ပို့်စ်များကို ကျွန်တော့်ရဲ့ တခြားဘလော့တစ်ခု ဖြစ်တဲ့ Ubuntu Guide For Beginners မှာကော၊ ဒီဘလော့မှာကော ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Ubuntu Software Center ကို ဖွင့်ပါ။

cairo လို့ ရိုက်ရှာပြီး Install လုပ်ပါ။

password ရိုက်ထည့်ပါ။

Glx-Dock/Cairo-Dock ကို Install လုပ်နေပါလိမ့်မယ်။

install လုပ်ပြီးသွားရင် super key (window key) ကိုနှိပ်၊ (သို့) Dashboard ကို ဖွင့်လိုက်ပြီး Cairo လို့ ရိုက်ရှာပြီး ဖွင့်လိုက်ပါ။

Glx-Dock/Cairo-Dock ကို အောက်ပါအတိုင်း လှပစွာ တွေ့မြင်ရပါပြီ။

ထိပ်ဆုံးက Ubuntu logo လေးကို နှိပ်လိုက်ရင် applications menu ပွင့်လာပါမယ်။

အောက်ပါပုံအတိုင်း app တစ်ခု အပေါ်သို့ Right Click နှိပ်ပြီး၊ Configure ကို သွားပါ။

dock ကို အပေါ်၊ အောက်၊ ဘယ်၊ ညာ ထားဖို့၊ Themes ပြောင်းဖို့ စသဖြင့် Behaviour, Appearance, Shortkeys, Add-ons, and Themes
စတဲ့ Tab တွေ ပါဝင်ပါတယ်။