-->
Showing posts with label အင်တာနက် နည်းပညာများ. Show all posts
Showing posts with label အင်တာနက် နည်းပညာများ. Show all posts

အင်တာနက်မှာပိုက်ဆံရှာနည်း ( free )(100% work)

အင်တာနက်မှာပိုက်ဆံရှာနည်း ( free )(100% work)

No comments
By ရန်ကုန်သား

                                   
အခုပြောမှာကတော့  (PTC) အကြောင်း ပါ၊
PTC မိတ်ဆက်

PTC ဆိုက်ဆိုတာ ဘာ လဲဆိုတာကို သိအောင် ဒီမှာ ရှင်းပြမယ်၊ (PTC = Paid To Click)  မြန်မာလိုဘာ သာ ပြန်ရင် ကလစ်နှိပ်ရင် ပိုက်ဆံပေးတယ်ဆိုတဲ့ သဘောပါ။ PTC Website တွေ စတင်ပေါ်ပေါက် လာတာကတော့ 2007-2008 ကတည်းကပါ။ အွန်လိုင်း ပေါ်မှာ Website တွေအများ ကြီးရှိပါတယ်၊ အဲဒိ Website ကုမ္မဏီတွေ က သူ တို့ရဲ့ ထုတ်ကုန်ကို ကမ္ဘာ တစ်ဝှမ်းမှာ ရှိတဲ့ လူတွေကို ကြော်ငြာ ချင်ကြပါတယ်၊ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး  နည်းကတော့ နေ့စဉ် လူကုဋ္ဋေ ပေါင်းများစွာ ကျင်လည်ကျက်စားနေတဲ့ Online ဈေး ကွက်မှာ ကြော်ငြာ ခြင်းပါပဲ။ ဒါပေမဲ့ အွန်လိုင်းမှာလဲ သူတို့အနေနဲ့ သူတို့ရဲ့Product ကို သူတို့ ကိုပိုင် Website မှာ တင်ရောင်းရုံ ကြော်ငြာတင် ရုံနဲ့တင် အဆင်မပြေကြပြန်ဘူး။ပြသာနာက ဘယ်သူကသူတို့ Website ကို ၀င်ကြည့်မှာလဲ၊ Website  တင်တိုင်းလဲ လူဝင်ကြည့်တာမှမဟုတ်တာ၊ အဲ့ဒိတော့ ကြော်ငြာ
နဲ့ပက်သက်လို့ ဖြေရှင်းချက်တွေကိုရှာ တော့   နေ့စဉ်အွန်လိုင်းပေါ်မှာ လူအသုံး အများဆုံး ဖြစ်တဲ့ Google, Yahoo, Bing, Facebook,  အခြားဆိုရှယ် ဆိုက်တစ်ချို့ ကို တွေ့သွားပါတယ်၊ အဲ့ဒိ Social ဆိုက်တချို့ရဲ့ Home Page မှာ သူတို့ရဲ့ ကြော်ငြာကို တင်ထားလိုက် ရင် သူတို့ ရဲ့ ကြော်ငြာ ကိုနေ့စဉ် လူပေါင်း ကုဋ္ဋေနဲ့ချီပြီး တွေ့တော့ မယ်ဆိုတဲ့အကြံနဲ့  အဲ့ဒိ  Social  ဆိုက်တွေနဲ့ စာချုပ်တွေချုပ် ငွေတွေ ဒေါ်လာသန်းပေါင်းများစွာ ပေးပြီးသူတို့ ရဲ့ကြော်ငြာတွေကို စတင်ခဲ့ပါတယ်၊ ဒိလိုနဲ့ပဲ နာမည်ကြီးတဲ့ Social ဆိုက်တွေမှာ  ကြော်ငြာတွေကို ပုံနဲ့ တစ်မျိုး စာနဲ့တစ်မျိုး ၀င်ရောက်ကြော်ငြာလာကြ တော့ပါတယ်။ ဒါပေမဲ့ ကြော်ငြာတဲ့ ကုမ္မဏီ  တွေထဲက တစ်ချို့ ကထင်သလာက်ခရီးမပေါက်ကြပါဘူး၊ အဲ့ဒိလိုအပ်ချက်ကို ဖြည့်ဖို့ အတွက် PTC Website တစ်ချို့ ပေါ်ထွက်လာပါတယ်၊ PTC ဆိုက်တွေက ကုမ္မဏီတွေကနေ သင့်သင့်တဲ့ငွေပမာဏ နဲ့ ကြော်ငြာတွေကို လက်ခံပါတယ်၊  အဲ့ဒိ ကုမ္မဏီကကြော်ငြာတွေကို လူတစ်ထောင်ကြည့် ရင် $5 မှ $10 အထိ အခကျေးငွေယူပြီး သူတို့ ၀က်ဆိုက်တွေမှာ ကြော်ငြာတင်ပေးကြပါတယ်၊ ပြီးတော့သူတို့က ကြော်ငြာ ကြည့်မယ့်လူ (Member) ရှာပါတယ်၊ အဲ့ဒီ့ ကြော်ငြာ ကြည့်မယ့်လူတွေကို အယောက် တစ်ထောင်ကို $2 မှ $5 အထိပေးပြီးဝင်ကြည့်ခိုင်းပါတယ် ဒါပေမဲ့ ကြော်ငြာ ကြည့်တဲ့လူ (Member) တွေက 5 စက္ကန့်မှ 10 စက္ကန့် အထိအတိအကျ ကြည့်ပေးရပါ တယ် ၊  ဒီလိုနည်းနဲ့ PTC ဆိုက်တွေက အွန်လိုင်းပေါ်မှာ နေရာရလာကြပါတယ်၊ ကြော်ငြာ တဲ့သူကလည်း သူ့ကြော်ငြာကို  လူတွေသေချာကြည့်တဲ့အတွက် ကျေနပ်သလို၊ ကြော်ငြာ လက်ခံတဲ့ Website ကလည်း အမြတ်ရတော့ ကျေနပ်ကြပါတယ်၊ အဲ ကြော်ငြာ ကြည့်ပြီး ပိုက်ဆံရှာတဲ့ ကျွန်တော်တို့ (Member) အနေနဲ့ ကလည်း ကျေနပ်မူရှိပါတယ်၊ ဒါက PTC Website တွေရဲ့ ဖြစ်တည်မူပါပဲ။


သတိပြုစရာ အချက်များ
ကျွန်တော် အထူးသတိပေးချင် တာက အွန်လိုင်းပေါ်မှာ PTC Website ၁၅၀.၀၀၀  ကျော်ကျော် ရှိပါတယ် ။ ဒါပေမဲ့ တကယ်ပိုက်ဆံ ပေးတဲ့ဆိုက်က အတော့ကို နည်းပါတယ်။ နောက်ပြီး Internet ဆိုတာ  ယုံကြည်စိတ်ချရတဲ့ဆိုဒ် အမှန်တကယ်ရိုးသားပြီး  ပြောရင် ပြောတဲ့ အတိုင်းလုပ် တဲ့ဆိုဒ်များအတော်ကိုရှားပါတယ်။  (Internet Is Full of Scam) ကျွန်တော် ပြောတာ ကို မယုံရင်လဲ ကို့ဟာကို လေ့လာကြည့်နိုင်ပါတယ်။  တစ်ချို့ အခွင့်အရေး ရှာနေတဲ့သူတွေက PTC Website အတုတွေ ဖွင့် တယ်။ ခင်ဗျား တို့ဆီက ၀င်ကြေး တောင်းလိမ့်မယ် ပြီးရင် ပြောက်သွားရော၊ တစ်ချို့ ပိုလို့တောင်ဆိုးသေးတယ်၊ ခင်ဗျား ကို သုံး လလောက်အလုပ်ခိုင်းပြီး ပြီးရင် ခင်ဗျား ငွေလဲထုတ်ရော ခင်ဗျားကို ဘာ မှ အကြောင်း မပြန်တော့ဘူး၊ အဲ့ဒီ့တော့ ကျွန်တော် အ ကြံပြုချင်တာက ကျွန်တော် ပြော တဲ့ဆိုက်တွေကို အရင်လုပ်ပါ။ အတိအကျလေ့လာ ပြီး နှစ်အတော် ကြာပြသာနာ မရှိတဲ့ဆိုက်တွေကို ကျွန်တော် တင်ပြထား တာပါ၊ ဒါပေမဲ့ ကို့ပါကို လေ့လာချင်ရင် လဲ သဘော ပါ သတိထား ပါလို့ပဲ ပြော ပါရစေ။
ဒီမှာ နောက်ဆုံး အနေနဲ့ ပြော ချင်တာက တော့၊ PTC Website တွေဟာ အစမှာ ငွေနည်းနည်း ပဲဝင်ပါတယ်၊ Site တစ်ခု ကို တစ်လ $1.5 နေ $2 အထိပဲ ၀င်ပါတယ်၊ ဒါပေမဲ့  Site 5ခု မှ 10ခု  လောက် ချိတ်ထားနိုင်ရင် တော့ တစ်လ $15 - $20 ၀န်းကျင်ရပါလိမ့်မယ်၊ ဒါပေမဲ့ တစ်နေ့ကို မိနစ် 20 ထက်ပိုပြီး အလုပ်လုပ်စရာ မလိုပါဘူး၊  PTC ဆိုက်ရဲ့ သဘောက လွယ် တယ်၊ လက်ချောင်းတစ်ချောင်း ရှိရင် အလုပ်လုပ်လို့ရ တယ် ဒါပေမဲ့ ငွေဖြည်းဖြည်း ချင်းပဲရှာ လို့ရမယ်။ တစ်လမှ $20 ထဲဆိုလို့ စိတ်မညစ်သွားပါနဲ့ ၊ ကျွန်တော် တို့ ဆိုက်ရဲ့ငွေရှာ ဖွေရေး အစီအစဉ် တွေရဲ့ ပထမအဆင့်ပဲရှိပါသေးတယ်၊ ၀င်ငွေ တိုးအောင် လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်။


PTC Website တော်တော် များများ ကတော့ တစ်ပါတ် တစ်ကြီမ် Cashout/Withdraw လုပ်လို့ရပါ တယ်။
Minimum Cashout/Withdraw = $2
Maximum Cashout/Withdeaw = No
Cashout/Withdraw Period = one time/ week
Cashout/Withdraw Fees = 3% to 5%
PTC စည်းကမ်းချက်များ
PTC Website တိုင်းမှာ သူ့စည်းကမ်းနဲ့သူရှိပါတယ်။၎င်းစည်းကမ်းများကိုမလိုက်နာရင်တော့  ကိုယ့်အကောင့်ကိုယာယီထိန်းသိမ်းခြင်းသော်လည်းကောင်း၊အမြဲတမ်းထိန်းသိမ်းခြင်း သော်လည်းကောင်း  အရေးယူခံရနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင်ဒီလိုမဖြစ်ရအောင်
စည်ကမ်းချက်များကို ဖော်ပြပေးသွားမယ်။
ကွန်ပျူတာ တစ်လုံးအကောင့်တစ်ခုနှုန်း
PTCWebsite
 တွေဟာအိမ်ကနေပိုက်ဆံရှာဖို့လုပ်ပေးထားတဲ့အတွက်ကွန်ပျူတာတစ်လုံးကို အကောင့်တစ်ခုပဲလုပ်ခွင့်ပေးပါတယ်။ တစ်ခုထက်ပိုသော အကောင့်များကို ယာယီပိတ်ပစ်ခြင်းသော်လည်းကောင်း၊ အမြဲတမ်းပိတ်ပစ်ခြင်းသော်လည်းကောင်း   လုပ်ခံရနိုင်ပါတယ်။
အင်တာနက်ဆိုင်များမှ အသုံးပြုခြင်း
စည်းကမ်းချက်များထဲမှာ အင်တာနက်ကဖေးဆိုင်များမှ အသုံးပြုခြင်းကိုလက်မခံ သော်လည်း တကယ်တမ်း သုံးလို့ရပါတယ်။ အဒိ Computer တွေမှာ Account မဖွင့်ထားဘူး ဆိုရင် ရပါတယ်။
Proxy အသုံးပြုခြင်း
login ဝင်ဖို့ proxy သုံးနိုင်သော်လည်း ကြော်ငြာကြည့်ဖို့ အသုံးပြုခြင်းလက်မခံပါ။
၎င်းဟာ ဘာကိုညွှန်းတာလဲဆိုတော့ ဥပမာ ကိုယ်ကမြန်မာနိုင်ငံကနေ  အကောင့်လုပ် နှိပ်နေတယ်။  နိုင်ငံခြား ရောက်သွားရင်လည်း   ဒီဆိုဒ်ကို အသုံးပြုနိုင်တဲ့သဘောပါ။  ဒါကြောင့်လက်ခံတာပါ။  ဘာကြောင့်ပြောတာလဲဆိုတော့   တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ အိုင်ပီနံပါတ်များမတူသလို  အချိန်များလည်း မတူညီကြပါ။ ဒါပေမယ့် မြန်မာနိုင်ငံ ကနေ ပိုက်ဆံ ထုတ် ပြီဆိုရင်တော့ proxy ကျော်ကိုကျော်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ Cyber Banking ဖြစ်တဲ့ Paypal က ကျွန်တော်တို့ မြန်မာ IP address နဲ့ ခွင့်မှ မပြုတာ။
(အောက်မှာ Paypal Account ဖွင့် နည်း နှင့် မိမိ လက်ထဲ ပိုက်ဆံ ရအောင်ထုတ် နည်းကို ပြည့်ပြည့် စုံစုံ ဖော်ပြပေးသွားပါမည်။)
အလိုအလျောက်နှိပ်သော ဆော့ဖ်ဝဲအသုံးပြုခြင်းကို လက်မခံခြင်း
အချို့သော ကိုယ်တိုင်နှိပ်ရမှာပျင်းတဲ့သူများက  အလိုအလျောက်နှိပ်ပေးတဲ့ ဆော့ဖ်ဝဲများကို  အသုံးပြုကြပါ တယ်။ ထိုသို့အသုံးပြုခြင်းကို PTC Website များက လက်မခံပါဘူး။ စစ်ဆေးတွေ့ရှိက အရေးယူခြင်းခံရမှာပါ။
ငွေကို ဘယ်လိုထုတ်မလဲ
အွန်လိုင်းမှာ ငွေချေခြင်း၊ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း စသည်များကို ခြားခံအနေနဲ့ ဆောင်ရွက်ပေးတဲ့Cyber Banking Website များရှိပါတယ်။ eg : Paypal, Payza or Alertpay, Neteller, Egopay, libertyreserve etc.....
ကျွန်တော် ကတော့ Paypal ပဲ အသုံးပြုပါ လို့ အကြံပေးချင်ပါတယ်။
(Paypal Account ဖွင်းနည်းကို ပြည့်ပြည့်စုံစုံ Post တင်ပေးပါမယ်။)
Startup Now 
 မှက်ချက်။     ။signup လုပ်ချိန်တွင် Paypal email နေရာတွင် အဆင်ပြေတဲ့ email တစ်ခုခု (သို့) ကွပ်လပ် အတိုင်း ထားလို့ရပါတယ်။ ကြိုက်တဲ့အချိန် ပြင်လို့ ရပါတယ်။
                     ပိုက်ဆံအရများတဲဆိုဒ်ပါ။ ယူရိုငွေနဲ့ရှင်းပါတယ်
ဒါကတော့ကျွန်တော်လက်ရှိဝင်ထားတဲ့ဆိုဒ်ပါ။တစ်နေ့တည်းနဲ ယူရို €3.8450 ရတယ်ဆိုယုံမလား။
အပိုတော့မပြောပါဘူး။လက်တွေ့စမ်းသပ်လိုက်ပါ။ ဒီမှာနှိပ်ပြီ အကောင့်ဝင်လိုက်ပါ။
ဖောင်ဖြည့်ပြီးသွားရင် သူငယ်ချင်းတို့မေလ်းထဲကို စာပိုစ့်လိုက်ပါမယ်။ပြီးရင်သူပေးတဲ့လင့်ကနေ
login ပြန်ဝင်ပါ။ နာမည်နဲ့ပတ်စပိုစ့်ဖြည့်ရင် တစ်ခါပဲဖြည့်ပါ။ Secondary password မှာမထည့်ပါနဲ့
အောက်ကပုံကိုကလစ်ပြီးလည်းဝင်လို့ရပါတယ်။ ပိုက်ဆံအရကြမ်းပါတယ်။စိတ်ချရပါတယ်။
တစ်စုံတစ်ခုအခက်အခဲရှိရင်မသိတာမေးချင်ရင်ကျွန်တော်ဆက်သွယ်နိုင်ပါတယ်။
mr.yangonthar2011@gmail.com  ကိုဆက်သွယ်ပါ။



ဒါကတော့နောက်တစ်ခုပါ။
သူငယ်ချင်းတို့စိတ်ဝင်စားရင်နောက်ထပ်အများကြီးရှိပါတယ်။ သိချင်ရင်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျွန်တော်ကတော့သေချာတဲ့ ဆိုဒ် 10 ဆိုဒ်မှာ နေ့တိုင်းကလစ်ပေးတယ်။ 1နာရီလောက်တော့အချိန်ပေး
ရတာပေါ့။ ဆိုဒ်တစ်ဆိုဒ်ကို 1လ 5$ လောက်စုမိရင် 10ဆိုဒ်ဆိုရင်စဉ်းစားကြည့်ပေါ့။
    Probux
PROBUX ပါကြော်ငြာ ကြည့်ငွေရှာ ဆိုက်ပါပဲ၊ ငွေပေးတိကျတယ်၊ အရှုပ်အရှင်းကင်းတယ်၊ Neobux  ထက်တောင်ငွေ ပိုပေးတယ်၊ လူကြိုက်များတယ်၊ အကောင့်ဖွင့်ချင်ရင်အောက်ကပုံကိုနှိပ်၊   ဒီမှာနှိပ်လည်းရပါတယ်
 
PTC Strategy Guide  (OR)  ၀င်ငွေတိုးအောင် လုပ်နည်း   
  သည် အကြောင်းကိုပြောတော့ မယ်ဆိုရင် Referral အကြောင်း မှ စပြောမှ ရမှာပါ။
Referral မှာ Direct Referral နှင့် Rental Referral ဆိုပြီး နှစ်ခု ရှိတယ်။
Direct Referral 
Direct Referral ကတော့  ကိုယ်လုပ်ထားတဲ့ အကောင့်နဲ့ အခြားသူများကို ညွှန်းပြီး အကောင့်လုပ်ကြော်ငြာကြည့်ခိုင်းခြင်းဖြင့် ၄င်း နှိပ်သောသူများထဲကမှ တစ်ဝက်ကို ကိုယ်ကရရှိ တာကိုပြောတာပါ။ တစ်နည်းပြောရရင် ကိုယ်က Sponsor လုပ်တဲ့သဘောပေါ့။ ရှင်းရှင်း ပြောရရင် ခင်ဗျားတို့ အပေါ်က ကျွန်တော်ပေး ထားတဲ့ Link ကနေ Register လုပ်လိုက်တယ် ဆိုပါတော့။ ခင်ဗျား တို့သည် ကျွန်တော့ ရဲ့ Downline မှာရှိတယ်။ သည်တော့ Sponsor ဖြစ်တဲ့ ကျွန်တော် က ခင်ဗျားတို့ ရတဲ့ ပိုက်ဆံ ရဲ့ 50% ကို ရပါ တယ်။ ဒါပေမယ့် ခင်ဗျားတို့ Downline မှာရှိ တဲ ခင်ဗျားတို့ရဲ့ direct referral (သို့) rental referral တွေ ရဲ့ % ကိုတော့ ကျွန်တော် မရပါဘူး။ 
ခင်ဗျားတို့ register လုပ်ထားတဲ့ PTC site ရဲ့ Direct referral Link ကို လိုချင်တယ် ဆိုရင်တော့ Banner or Your refer link or Home page ထဲ မှာ ပြထားတတ်ပါ တယ်။
ဥပမာ အားဖြင့်  http://www.neobux.com/?r=usernamexxxx (or) http://www.neobux.com/?rh=61756E676B7961777A6177373739  မျိုးပါ
Direct Referral ရဖို့ နည်း လမ်းတွေ ပြောရမယ်ဆိုရင်တော့ ပြောလိုတောင် ကုန် မှာမဟုတ်ဘူး တစ်ချို့တွေ က Internet Traffic အကြောင်းကိုကောင်းကောင်း သိတယ်၊
တစ်ချို့တွေ က လုံးလုံး မသိဘူး။ ကဲ မသိသေးတဲ့ သူတွေကတော့ Social site တွေ ဖြစ်တဲ့ facebook မှာ ဘာညာဘာညာ ပွားပေါ့။ သူငယ်ချင်း၊ မိသားစု စသည်ဖြင့် ပြောပေါ့၊ နောက်ထပ် direct referral လွယ်လွယ် ရမယ့် နည်းလမ်း ကတော့ http://www.getref.com and http://www.programrefs.com အဲဒိ ကိုသွား Register လုပ် ဘယ်လို သုံးရမှန်းမသိရင် FAQ မှာ ရှာဖတ်။
Rental Referral
Rental Referral  အကြောင်းကတော့ ရှင်းပါတယ်။ PTC site တွေမှာ Rent referral ဆိုပြီးတွေ့ရပါလိမ့်မယ်။ Refer တစ်လိုင်းကို $0.2 နဲ့ Rent လုပ်နိုင်ပါ တယ်။ Renter referral တွေ ကဘာတွေ လည်းဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့လို Member တွေပါဘဲ။ တနည်းအားဖြင့် sponsor မရှိပဲ Direct Signup Mamber တွေပါ။ တစ်ပါတ်ကို တစ်ခါပဲ ၀ယ်ခွင့် ပြု ပါ တယ် ။ မိမိ ပိုက်ဆံရှိ သလောက် ၀ယ် လို့ရပါတယ်။
PTC Strategy Guide  (OR)  ၀င်ငွေတိုးအောင် လုပ်နည်း ကအခုမှ စမှာပါ။  
Zero Investment Strategy
ကဲကျွန်တော် Probux ကို ဥပမာပေးပြီးရှင်းပြ ပါမယ်။ ကြော်ငြာ Link တွေ အားလုံးကိုကြည့်လိုက်ပါ။  
$0.06 ရပါလိမ့်မယ်။ $1.0 ရတဲ့ ထိ နှိပ်ပါ။
ရတဲ့ $1.0 ကို main balance ကနေ rental balance ထဲကို transfer လုပ်လိုက်ပါ။
rent refer မှာ refer 3 လိုင်း ၀ယ်လိုက်ပါ။
rented referral page မှာ AutoPay ကို Turn On လုပ်ထားလိုက်ပါ။
rental balance ထဲမှာ ပိုက်ဆံ အမြဲဖြည့်ထားပါ။ 
တကယ်လို့ Refer Avg Click က 2avg အောက် ရောက်နေရင်သော် လည်းကောင်း၊ inactive မဖြစ်ရင် သော်လည်းကောင်း Recycle လုပ်လိုက်ပါ။ မှတ်ချက်  ၂ရက်-၃ရက်လောက်တော့ စောင့် ကြည့်သင့်တယ်။
ပိုက်ဆံ လုံးဝ မထုတ် ပါနဲ့
rent refer များဝယ်နိုင်လေ ပိုက်ဆံပိုရလေ၊ပိုက်ဆံပိုရလေ rent refer များများဝယ်နိုင်လေဖြစ်ပါတယ်။
rent refer အရေအတွက် 200 ရောက်ရင်တော့ refer ၀ယ်တာရပ်လိုက်ပါ။
ရှိ ပြီးသား refer တွေ ကို Maintain (avg ကို 2 ကျော်အောင်လုပ်ပါ)လုပ်ရင်းနဲ့ $70 ရတဲ့ အထိ စုပါ။
$70 ရရင် account ကို golden member ဖြစ် အောင် upgrade လုပ်လိုက်ပါ။
rent refer တွေ ဆက် ၀ယ်ပါ။ rent referအရေအတွက် အရေအတွက် အရေအတွက်အရေအတွက် 800-1000ရောက် ရင် Ultimate account ဖြစ်အောင် upgrade လုပ်လိုက်ပါ 
rent refer 4000 ရတဲ့ ထိ ၀ယ်ပါ
ကဲ နောက်ဆုံ အဆင့် ကတော့ rent referal တွေကို maintan လုပ်ရင်းနဲ့ Cash out လုပ်ပေါ့ ဗျာ...........
CASH OUT AGAIN AND AGAIN       
Standard Members:

200 Referrals x $0.005 x 4 Ads per day = $4.00 per day (earning from rental referrals)
 
Golden Members:

200 Referrals x $0.01 x 4 Ads per day = $8,00 per day
1000 Referrals x $0.01 x 4 Ads per day = $40,00 per day 
2000Referrals x $0.01 x 4 Ads per day = $80,00 per day 

Ultimate Members:
4000 Referrals x $0.01 x 4 Ads per day = $160,00 per day ($57,600 per year)


ကဲသည်လောက်ဆိုတော်တော် သဘောပေါက်မှာပါ
                                         www.mm-knowledge.com

Download လုပ်ရန်အတွက် 5 second စောင့်ပါ၊ ပြီးရင် SKIP AD ကိုနှိပ်ပြီး ဒေါင်းပါ။ Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။ အဆင်ပြေတယ်ဆိုရင် ပြန်ခါနီး ကြော်ငြာလေးများကို တစ်ချက်မျှ ကလစ်ပေးသွားကြပါ။ :D

Internet Connection ကို 2ဆမြှင့်နည်း

Internet Connection ကို 2ဆမြှင့်နည်း

No comments
By $U Y4T4N4R


အားလုံးပဲ.. မင်္ဂလာပါ.။ ညီမ. ဒီ post လေးကို..ရေးမယ်လို့..ကြော်ညာထားတာ.ကြာပါပြီ..။ စာအုပ်က. မပြီးသေးတာနဲ့.. အခုမှပဲ..တင်လိုက်ရတော့တယ်..။ Internet Connection ကိုမြှင့်တဲ့နေရာမှာ.. ဖုန်းက အင်တာနက်လိုင်းကို.. ကွန်ပျူတာမှာသုံးပြီး..မြှင့်တာပါ..။ တခြားလိုင်းတွေတော့.. မရောက်လောက်ဘူး ထင်ပါတယ်..။ ပုံတွေနဲ့..အဆင့်ဆင့်ရှင်းပြထားတာမို့လို့.. Ebook ထုတ်ပြီးတင်လိုက်ပါတယ်..။ အဆင့် 4 ဆင့်ပါဝင်ပါတယ်.။ အစုံ ထည့်ရေးထားတာပါ.. ^_^

       Connection မြှင့်ရာမှာ.. လောလောဆယ်. java ဖုန်းနဲ့ပဲ..စမ်းသပ်ရပါသေးတယ်.။ Android ဖုန်းတွေလည်း  အဆင်ပြေမှာပါ..။ phone က modem က.. ကွန်ပျူတာမှာ.ပေါ်ရင်..ရပါတယ်..။ ဘယ်လိုမြှင့်လဲဆိုတာကိုတော့.. အောက်က.. ebook လေးကို.. ဒေါင်းကြည့်လိုက်ကြနော်.....


Browser တွေကို Update လုပ်မယ်

Browser တွေကို Update လုပ်မယ်

No comments
By Kaung Htet Htun

Facebook မှာ ဖတ်လိုက်ရတယ်၊ ကိုယ်ပိုင်အကောင့်ကို ဟက်ခံရခြင်းမှ ကာကွယ်ခြင်း ဆိုတဲ့ ပို့စ် တစ်ပုဒ်
ကိုပါ။ အဲ့ထဲမှာ ရေးထားတာတစ်ခုက
ဒါနဲ့ Firefox ကို Update မလုပ်တာလည်း ကြာပြီဆိုတော့၊ လိုက်ရှာထားလိုက်တယ်၊ ဘော်ဒါတို့လည်း
Firefox လေး Update လုပ်ချင်ရင် နောက်ဆုံးထွက် ဆော့ဝဲတွေ Browser တွေ အကုန်ရှိတဲ့ ဆိုက်တစ်ခု
ကို ညွှန်းပေးမယ်ဗျာ၊ အောက်ပါလင့်လေးကို သွားပြီး လိုအပ်တာ ဒေါင်းလို့ Update လုပ်လိုက်နော်။

ပုံလေးကို နှိပ်ပြီး သွားပါခင်ဗျာ။

Internet connection speed ကိုမြှင့်မယ် [Easy]

Internet connection speed ကိုမြှင့်မယ် [Easy]

No comments
By Kaung Htet Htun

ဖိုင်ဆိုဒ် သေးသေးလေး ဒေါင်းတာတောင် Internet Speed ကတအားနှေးနေသလား၊ Internet Connection ကို fast and full speed ဖြစ်အောင်လို့၊ အောက်ပါ အဆင့်လေးတွေကို လုပ်ရုံနဲ့ မြှင့်နိုင်ပါ
တယ်။
  1. ကွန်ပျူတာမှ Run box ကိုခေါ်ပါ။ Windows ကီးနဲ့ R ကီးကို တွဲနှိပ်ကာ ခေါ်နိုင်ပါတယ်။
  2. gpedit.msc  လို့ Run box ထဲမှာ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ 
  3. ပွင့်လာရင် ဘယ်ဘက် navigation bar ထဲမှာ Administrative Templates ကိုရှာပါ၊ သူနဲ့ကပ်လျက်က မြှား ဒါမှမဟုတ်၊ +လက္ခဏာလေးကို နှိပ်ပြီး ဖွင့်လိုက်ပါ။
  4. Administrative Templates  ထဲက NetworkNetwork ထဲက  QOS Packet Scheduler  ကိုရှာပြီး၊ Select လိုက်ပါ။ 
  5. ပြီးရင် ညာဘက်မှာ Limit Reservable Bandwidth  ဆိုတာ ရှိပါတယ်၊ Double Click နှိပ်ကာ ဖွင့်
    လိုက်ပါ။ 
  6. ပွင့်လာရင် Not Configured radio button ကို Enable အဖြစ်ကို ရွေးပေးပြီး value of Limit of Bandwidth  ကို Zero (0%) အဖြစ်ထားပေးလိုက်ပါ။ 
  7. နောက်ဆုံး  Apply ပေး၊ OK နှိပ်ပေါ့။


    ဒီလုပ်ဆောင်ချက်ကို သက်ရောက်စေဖို့ စက်ကို Restart ချဖို့ လိုမယ်နော်။

Firefox ရဲ့ Speed ကို မြှင့်မယ်

Firefox ရဲ့ Speed ကို မြှင့်မယ်

No comments
By Kaung Htet Htun


Firefox ရဲ့ Speed ကို မြှင့်ဖို့ အတွက်
  1. အရင်ဆုံး Address bar ထဲမှာ about:config လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။
    I'll be careful. I promise! လို့ပေါ်လာရင် ကလစ်လိုက်ပါ။
  2. ပြီးရင် ပေါ်လာတဲ့ Search box မှာ pipelining လို့ ရိုက်ထည့်ပါ။
  3. network.http.pipelining ဆိုတာလေးကို ရှာပြီး Double click နှိပ်ကာ Value ကို True အဖြစ်
    ပြောင်းပေးလိုက်ပါ။
  4. နောက်ထပ် network.http.proxy.pipelining ဆိုတာကို ထပ်ရှာပြီး Double click နှိပ်ကာ Value
    ကို True အဖြစ် ပြောင်းပေးလိုက်ပါ။
  5. network.http.pipelining.maxrequests  ဒီကောင်လေးကို ထပ်ရှာပြီး Double click နှိပ်ကာ
    Value တန်ဖိုးကို 30 အထက် သတ်မှတ်ပေးလိုက်ပါ။
  6. နောက်ဆုံးအဆင့် about:config window  ထဲက လွတ်တဲ့ နေရာကို Right click နှိပ်ပြီး New မှ
    တစ်ဆင့် Integer သို့ ၀င်လိုက်ပါ။ နာမည်ကို nglayout.initialpaint.delay  လို့ပေးပြီး Enter
    ခေါက်ပါ၊ ပြီးရင် Value ကို 0 လို့ ထားလိုက်ပြီး OK နှိပ်ပေးလိုက်ပါ။ 
အောက်က ပုံကို ကြည့်ပါ။

Online မှာ ဆော့ရတဲ့ Flash game တွေကို ဒေါင်းပြီး Offline ဆော့မယ်

Online မှာ ဆော့ရတဲ့ Flash game တွေကို ဒေါင်းပြီး Offline ဆော့မယ်

No comments
By Kaung Htet Htun

 
Online မှာသာ ဆော့လို့ရတဲ့ online flash game လေးတွေကို ဒေါင်းယူပြီး အေးဆေး offline ဆော့လို့ရ
အောင် ဒေါင်းယူတဲ့ နည်းလေးပါ။ Online Flash game လေးတွေ ရှိတဲ့ ဆိုက်တစ်ခုကတော့ Flashgames247.com ဖြစ်ပါတယ်။ 
  • အဲ့ဆိုက်လေးကို သွားလိုက်ပါ၊ ပြီးရင် ဂိမ်းတစ်ခု loading တက်တာကို ခဏစောင့်လိုက်ပါ။ 
  • loading တက်ပြီးသွားပြီဆိုရင် ကီးဘုတ်က Ctrl+U ကိုနှိပ်၊ ဒါမှမဟုတ်၊ Right Click နှိပ်ပြီး အောက်နားလေးက View Page Source ကိုရွေးဖွင့်လိုက်ပါ။ 
  • ပြီးရင် Ctrl+F ကိုနှိပ်ပြီး ပေါ်လာတဲ့ Search box ထဲမှာ .swf လို့ ရိုက်ရှာပါ။ အဲ့ဒိ ဂိမ်းရှိတဲ့ လင့်ခ်
    နေရာကို မတွေ့မချင်း၊ Enter အသာခေါက်ရှာပါ။ တွေ့ရင် အဲ့လင့်ခ်ကို Drag ဆွဲမှတ်ပြီး ကော်ပီ
    ကူးပါ။
  • New tab တစ်ခုဖွင့်ပြီး အဲ့ဒိ လင့်ခ်ကို ဖွင့်ပါ။ Flash game လေး ပွင့်လာပါပြီ။ 
  • ဒါဆိုရင် ကီးဘုတ်က Ctrl+S ကိုနှိပ်၊ ဒါမှမဟုတ်၊ File tab က Save Page as ကိုနှိပ်ပြီး၊ စက်ထဲမှာ
    သိမ်းလိုက်ပါတော့၊ offline ဆော့လို့ရပါပြီခင်ဗျာ။ 
  • တခြားဂိမ်းတွေကိုလည်း အဲ့လို ပဲ စမ်းသပ်ကြည့်ပါ၊ Flash game တွေကိုသာမက Flash song တွေ
    ကိုလည်း သိမ်းထားချင်တယ်ဆိုရင် အဲ့လိုနည်းနဲ့ သိမ်းထားလို့ ရတယ်နော်။

Facebook ကို ဘယ်လိုဟက်မလဲ အပိုင်း(၂)

Facebook ကို ဘယ်လိုဟက်မလဲ အပိုင်း(၂)

No comments
By Kaung Htet Htun

ဟက်နည်း ပို့စ်နှစ်ပိုင်းလုံးကို ဘလော့ခရီးသည် ကနေ ယူလာတာပါဗျာ။
ဒီပို့ စ်ကတော့ ဒုတိယပိုင်းလေးပါ  ပထမပိုင်းကတော့ Facebook ကို ဘယ်လိုနည်းတွေနဲ့  ဟက်နိုင်မလဲဆိုတဲ့ Tips တွေပေါ့ မဖတ်ရသေးရင် ... ဒီမှာ ဖတ်
အခုဒုတိယအပိုင်းကတော့ ဘယ်လိုကာကွယ်ရမလဲ?
1.Facebook ဟက်နည်းတွေထဲက အလွယ်ကူဆုံးနည်းဖြစ်တဲ့ Keylogger နည်းလမ်းပေါ့ Facebook တင်မကgmail,yahoomail နဲ့  တခြား online banking account
တွေကိုပါ အလွယ်တကူ ဟက်လို့ ရတဲ့ နည်းပေါ့ (မှတ်ချက် -တချို့  လူတွေကတော့ Key Logger နဲ့ ဟက်နိုင်တာကို ငါဟက်ကာကွ ဆိုပြီး Facebook နဲ့ တခြားsocial sites တွေမှာ လူတွင်ကျယ်လုပ်တတ်ကြတယ်
ကိုယ့်ကိုယ်ကို ငါတယ်ဟုတ်ပါလားဆိုတဲ့ အတွေးတွေ ရိုက်ထည့်ပေးနိုင်တဲ့ နည်းလမ်းက Keylogger ပေါ့)..
ကဲ သူ့ အလုပ်လုပ်ပုံကို ပထမပိုင်းမှာရှင်းပြ ပြီးခဲ့ပြီ..ဒီတော့ထပ်မရှင်းတော့ဘူးနော်..
ကဲဘယ်လိုကာကွယ်မှာလဲ????
ကဲ စပြီး အခုကျွန်တော့်ပို့ စ်ကို ဖတ်ရင်းနဲ့ တခါတည်းလိုက်လုပ်ကြည့်ကြစို့ ..
မိတ်ဆွေရဲ့  Mozilar Firefox ကိုဖွင့်လိုက်ပါ..
Tool ကိုသွားပါ (Alt+t) >>Add on ကိုသွားပါ>ပြီးရင် Search Box မှာ Key Scrambler လို့ ရိုက် ပြီးရင် အဲဒါကို ရွေးချယ် Installလုပ်ပေးပါ Firefox
ကို Restart ချပေးပါ…သူကဘာလုပ်ပေးမလဲ ကဲမိတ်ဆွေရဲ့  Facebook,gmail,iBanking ကိစ္စအ၀၀ Firefox မှာလုပ်ပါ..သူကkeyboard ကရိုက်သမျှ လူဖတ်ရခက်တဲ့ Encrypt လုပ်ပြီး
ထုတ်ပေးလိုက်မယ် ဒါဆို keylogger ကြီးလဲ ဖတ်သမျှ Encrypt data တွေပဲရမယ် ဖတ်သူလဲနားလည်မှာမဟုတ်တော့ဘူးok?
ဒါနဲ့ စကားမစပ်ဗျာ ဒီပို့ စ်ကိုရေးနေချိန်ပေါ့ မတင်ခင်လေးမှာ ကိုယ်က Technical ပို့ စ်တွေရေးနေတော့ ကိုယ်တင်ပြလိုက်တဲ့ နည်းတစ်ခုရဲ့  အားနည်းချက် ကျော်ဖြတ်နိုင်ပုံ ကိုလည်ပြန်တွေးဆင်ခြင်မိတယ်..
အဲဒါနဲ့ နောက်ထပ် Add-on တစ်ခုကိုတွေ့ မိတယ်..သူလဲ Firefox မှာ Add On အနေနဲ့ သုံးတယ်ဗျ..ဘယ်လိုတွေစွမ်းလဲ
ခုနက ကျွန်တော်ပြောတဲ့ Key Scrambler ကို သူ က ကျော်ဖြတ်နိုင်တယ် ကီးဘုတ်ကနေမရိုက်ပဲ Key Logger ကိုလှည့်စားဖို့ တချို့ ကVirtual Keyboard သုံးတယ် သူက Virtual Keyboard ကိုလည်း နိုင်တယ်..နောက်ဆုံး Anti-Virus တွေလဲ သူ့ ကိုမသိဘူး ဗျ..
သူကဘာတုန်း ထိုးဖောက်နည်းတိုင်းမှာ ကာကွယ်နည်းဆိုတာရှိသလို ကာကွယ်နည်းတိုင်းကို ကျော်ဖြတ်နည်းကလဲ ထပ်မံထွက်မှာပဲ မုန့်လုံးစက္ကူကပ်နည်းပညာလောကမှာတော့ ခုနက Key Scrambler ကို ဖြတ်နိုင်တဲ့ကောင်ကတော့..
Xenotix Keylogger ပါ သူ့ ကို ဘယ်လိုထပ်ကာကွယ်မလဲ ? ကဲ ကျွန်တော် ဘယ်လို ထပ်ကာကွယ်မလဲ ရေးချင်တယ်ဗျ ဒါပေမယ့် အောက်မှာ ကွန် မန့်လေးတွေ အပြိုင်ပေးကြရင်း..
ဘယ်လိုကာကွယ်မလဲဆွေးနွေးရင်ကောင်မးလားလို့  Brain work လေးလုပ်ကြတာပေါ့ ကျွန်တော်တို့  တွေးတောမှုတွေ ထက်မြက်ဖို့  ကျွန်တော်တို့ ခနခန ထပ်ခါ ထပ်ခါ ဆင်ခြင်တွေးတောပေးရမယ်..


Credit:mmiTgroup

Facebook ကို ဘယ်လိုဟက်မလဲ အပိုင်း(၁)

Facebook ကို ဘယ်လိုဟက်မလဲ အပိုင်း(၁)

No comments
By Kaung Htet Htun


 ဒီပို့စ်လေးကို facebook မှ fan တစ်ယောက်က သိချင်တယ်ဆိုလို့ ရှာဖွေပြီး ဝေမျှပေးလိုက်တယ်ဗျား..
မင်္ဂလာပါ ခင်ဗျာ ကျွန်တော်အခုတင်ပြမယ့် Post နဲ့ ပတ်သက်ပြီး နည်းနည်းလေးပြောကြားချင်ပါတယ်
ဒီပို့ စ်နာမည်က How To Hack Facebook ပါ..ဒါပေမယ့် ဘယ်လို Hack မှာလဲ လို့ တော့ ကျွန်တော်တင်ပြဆွေးနွေးမှာမဟုတ်ပါဘူး..ဘယ်လိုတွေ Hack နည်းတွေရှိလဲ. ဘယ်လိုကာကွယ်ရမလဲဆိုတာကို အလေးပေးဖော်ပြမှာဖြစ်ပါတယ်..ခင်ဗျာ!!!
ပထမဆုံးအနေနဲ့  ဘယ်လိုတွေတိုက်ခိုက်ခံရနိုင်လဲဆိုတာ ဦးစားပေးဖော်ပြပါ့မယ်
ထို့ နောက် ဒုတိယပို့ စ်အနေနဲ့  ဘယ်လိုကာကွယ်ရမလဲဆိုတာကို တင်ပြပေးမှာဖြစ်ပါတယ်..
Facebook ဆိုတာ တကယ်တော့ Social Media တစ်ခုပါပဲ သင်ဘာလုပ်လဲ သင်ဖော်ပြနိုင်တယ် သင်ဘယ်လို စိတ်ခံစားနေရလဲ သင်ဖော်ပြနိုင်တယ် သင်ဘာကိုလိုချင်နေလဲ ဘာကိုစိတ်ဝင်စားလဲ သင်စိတ်ထဲက ခံစားချက်တွေ သင့်Activity တွေကို သင့်သူငယ်ချင်းတွေနဲ့  သင်မျှဝေနိုင်တယ်
ဒါမှမဟုတ် သင်ဟာ ဘာသာရေးသမားလား..သင်ဟာနိုင်ငံရေးစိတ်ဝင်စားတာလား..သင့်ဘာသာရေးနိုင်ငံရေးအမြင်တွေလဲ သင်ဖော်ပြခွင့်ရှိတယ် သို့ မဟုတ်သင်ဟာစီးပွားရေးတခုလုပ်နေတာလား ဒါမှမဟုတ် သတင်းနဲ့ ပြန်ကြားရေး ရုပ်ရှင်အနုပညာဂီတရသပေးတဲ့ Page တစ်ခုကိုထောင်ထားတာလား…
ဘာမဆိုပေါ့ ကျွန်တော်တို့ ရည်၇ွယ်ချက်အမျိုးမျိုးနဲ့ အသုံးချကြပါတယ်..သို့ ပေမယ့်
တခါတလေ သင်နဲ့ စိတ်အကြောင်းမတိုက်ဆိုင်သူများ..သင့်ကိုမကျေနပ်သူများ သင့်ကို မဟုတ်ကဟုတ်က မသမာချင်သူများ..သို့ မဟုတ် သမီးရည်းစားချင်းသင်္ကာမကင်းဖြစ်တဲ့အခါ.
ကျွန်တော်တို့ ကြားရတဲ့စကားသံတစ်ခုကတော့ ကျွန်တော်/ကျွန်မတို့ ရဲ့  Facebook အကောင့်ခိုးခံထိသွားပါပြီး..Hacked ခံထိပါပြီး..ဆိုတဲ့စကားသံတွေ ခနခန Social Media လောကမှာမြင်နေကြားနေကြရပါတယ်..
ကျွန်တော်/ကျွန်မတို့ ဘယ်လိုနည်းနဲ့  အကောင့်ပြန်ယူရမလဲ ဒါမှမဟုတ်နောက်တစ်ခါမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ..အထွေထွေသော ပြသနာတွေမြင်နေကြားနေရပါတယ်…ဒါဘာကြောင့်လဲ ကျွန်တော်တို့  အိုင်တီလောကနဲ့ အကျွမ်းတ၀င်ထိတွေ့ နေတဲ့ လူတချို့ တောင်မှာ အခန့်မသင့်ရင် Hacked ခံရပါတယ် ..သာမန် အသုံးပြုသူအနေနဲ့ ကတော့
hacked ခံထိဖို့ က ၈၅% လောက်ကို သေချာနေပါတယ်…IT နဲ့ ပတ်သက်ပြီး ဗဟုသုတပိုင်းဆိုင်ရာနည်းပါးမှုဟာလဲ ကျွန်တော်တို့ ကို ခြိမ်းခြောက်နေတဲ့ လက်နက်ကြီးပါပဲ…Online ပေါ်မှာမည်သူမဆို သားကောင် (Victim) ဖြစ်သွားနိုင်တဲ့သဘောရှိပါတယ်..
အမှန်တကယ်တော့ facebook ဆိုတဲ့အရာကြီးဟာ တကယ်ကို လုံခြုံမှုရှိလွန်းတဲ့ Website တစ်ခုပါပဲ..Facebook ရဲ့  Security System ကိုချိုးဖောက်ဖို့ ဆိုတာ တကယ်ကိုမလွယ်ကူပါဘူး..
ဒါဆိုရင် မေးခွန်းတော့ရှိလာပါပြီး…
ဘာကြောင့် ဒီလောက်လုံခြုံတဲ့ Facebook အကောင့်ဟာ ဘာလို့  အခိုးခံရပါသလဲ?
ဒီမေးခွန်းကိုမဖြေခင်မှာ ကျွန်တော် အောက်ပါ အချက် (၆) ချက်ကို ဆွေးနွေးပေးပါ့မယ်…
တစ်ချက်ချင်းစီမှာ အပေါ်ကမေးခွန်းကိုအဖြေပေးမယ့် အကြောင်းအရာတွေ၇ှိပါတယ်..
1- Keylogging – Installing Keylogger ( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
2-Phishing – Creating Fake Facebook Login Page ( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
3-Using Victims Mobile ( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
4-Stealing facebook cookies of victim( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
5- Revealing saved Facebook passwords on web-browsers( တိုက်ခိုက်မယ့် လူအနေနဲ့ အလွန်လွယ်ကူစွာတိုက်ရတဲ့နည်းပါပဲ)
6-Bypassing Facebook’s Security Question( သူကျတော့တိုက်ခိုက်ဖို့ နည်းနည်းခက်ခဲပါတယ်)
——————-
အပေါ်က အချက်တွေထဲမှ နံပါတ် ၃နဲ့  ၆ ကတော့ Password Reserting နဲ့ တူပါတယ် Password Reserting ဆိုတာက သင် ဖေ့ဘွတ်ပတ်စ်ဝက်မေ့တဲ့အခါ ပတ်စ်ဝက်အသစ်ကိုထည့်သွင်းရာတွင် လိုအပ်တဲ့အချက်အလက်တွေကို ဖြည့်စွက်ပြီးအသစ်ပြန်လည်ရယူတဲ့နည်းဖြစ်ပါတယ်..(မိမိခိုးယူမယ့်လူရဲ့ နဂိုမူလ Password ကိုသိဖို့ မလိုပဲ Password Reset အနေနဲ့ ခိုးယူခြင်းဖြစ်ပါတယ်)
ပထမနည်း ၁နဲ့ ၂ ကတော့ ပိုင်ရှင်လုံးဝမသိပဲ သူ့ ၏ facebook ကိုဝင်တဲ့အီးမေးလ်နဲ့  facebook password ကို အသုံးပြုပြီးဝင်ရောက်တဲ့နည်းဖြစ်ပါတယ် မူလ password ကို Hack လိုက်တဲ့နည်းဖြစ်ပါတယ်
ဒါဆိုတစ်ချက်ချင်းလေ့လာကြည့်ရအောင်ဗျာ..
1-KeyLogging- For Hacking Facebook Account *
ဒီနည်းက ရိုးရှင်းပြီး အလွန်ကိုထိရောက်တဲ့ နည်းလမ်းပါပဲ တိုက်ခိုက်မယ့်လူအနေနဲ့  မည်သည့်  Hacking Knowledge မှ ကောင်းကောင်းမွန်မွန် သိဖို့ မလိုပါဘူး ကွန်ပျူတာကိုအခြေခံကျွမ်းကျင်မှုရှိရင် Hack နိုင်ပါပြီး…
Keylogger Software ဆိုပြီး နာမည်ကြီးပျံ့ နှံ့ နေတဲ့ အတိုင်းပါပဲ မိမိအသုံးပြုမယ့် ကွန်ပျူတာမှ ဒီSoftware ကိုမသမာသူက ကြိုတင် Install လုပ်ထားလိုက်ပါတယ်..
သင်ထိုကွန်ပျူတာကို အသုံးပြုတဲ့အခါ သင့်ရဲ့ ဖေ့ဘွတ် Username and Password ကိုရိုက်ထည့်လိုက်တာနဲ့  ဒီဆော့ဝဲလ်က နောက်ကွယ်ကနေ အကုန်လုံးကိုမှတ်သားထားမှာဖြစ်ပါတယ်..
သင်အသုံးပြုပြီးပြန်သွားတဲ့အခါ မသာမာသူမှ ထိုဆော့ဝဲလ်အားဖွင့်လှစ်ပြီး သင့်ရဲ့  Data တွေကို ရယူသွားပါလိမ့်မယ် ထိုဆော့ဝဲလ်ဟာ သင်(သာမန် User) မမြင်နိုင်တဲ့ Background Process အနေနဲ့  ကွန်ပျူတာမှာ Processing လုပ်နေပါတယ်
Keylogger software ကိုယနေ့ခေတ်မှာ Facebook အကောင်ခိုးယူဖို့တင်မကပဲ ရည်၇ွယ်ချက်အမျိုးမျိုးနဲ့ အသုံးပြုနေကြပါတယ်..
ထို Keylogger ကို (၂)မျိုးထပ်မံခွဲခြားနိုင်ပါတယ်
-Software Keylogger
-Hardware Keylogger -zပါပဲ…
*Software Keylogger ဆိုတာကတော့အပေါ်ကကျွန်တော်ပြောသလိုပဲ ကွန်ပျူတာထဲသွင်းပြီး အသုံးပြုရတဲ့နည်းလမ်းပါပဲ သူက ဆော့ဝဲလ်တခုအနေနဲ့ တည်ရှိပါတယ် (အားနည်းချက်အနေနဲ့ ကတော့-နားလည်သူတွေကဒီSoftware Run ထားခြင်းရှိမ၇ှိကို သိရှိနိုင်ကြပါတယ်)
*Hardware KeyLogger ကတော့ Hardware တခုအနေနဲ့ ရပ်တည်ပါတယ် သူက USB Pen Drive လိုပါပဲ သူ့ မှာ အချက်အလက်တွေမှတ်ဖို့  Internal Memory တပ်စင်ထားပါတယ်..
သူ့ ကို ကွန်ပျူတာနဲ့  keyboard ချိတ်ဆက်ပေးမယ့် ကြိုးရဲ့ ခေါင်းနဲ့  ကွန်ပျူတာ System ပုံးအနောက်မှ ကီးဘုတ်ချိတ်ဆက်မယ့် USB Port သို့ မဟုတ် PS2 Port ကြားမှာ ကြားခံအနေနဲ့ တပ်ဆင်ထားပါတယ်..
သူ့ ရဲ့အလုပ်လုပ်ပုံကတော့ ကီးဘုတ်ကနေရိုက်သမျှ စာအားလုံးကို ကွန်ပျူတာတဲ့ Instruction အနေနဲ့ မ၀င်ခင်မှာ အကုန်ကြားခံဖမ်းယူမှတ်သားခြင်းပဲဖြစ်ပါတယ်..
ဒီပစ္စည်းလေးတပ်ဆင်ထားတာကိုတော့ ကွန်ပျူတာ System ပုံးကိုသတိထားနိုင်မှသိနိုင်ပါတယ်…
——————————————-
2-Phishing – For Hacking Facebook Account *
Hacked နည်းတွေထဲက နည်းလမ်းဟောင်းတစ်ခုဖြစ်ပြီး Facebook အကောင့်တခုတည်းသာမက password protected လုပ်ထားတဲ့ မည်သည့်အကောင့်ကိုမဆို( e.g Gmail,yahoomail)
Hackတဲ့အခါမှာအသုံးချနိုင်ပါတယ်…သင်ဘယ်လောက်ပဲ Phising နဲ့ ပတ်သက်ပြီးတိုက်ခိုက်လာနိုင်တဲ့ နည်းလမ်းတွေကိုနားလည်သိ၇ှိထားပါစေအုံး မထင်မှတ်တဲ့ အမှားလေးတစ်ခုကနေသင့်ရဲ့  Facebook ကို အခိုးခံရနိုင်ပါတယ်..
ဘာလို့ လဲဆိုတော့ ဒီနည်းလမ်းက လှည့်ကွက်တွေများတယ် သင့်ရဲ့ စိတ်အာရုံက ဖမ်းစားနိုင်မယ့် မက်လုံးတစ်ခုခုနဲ့ သင့်ကို တိုက်ခိုက်သူ တွေက တိုက်ခိုက်ရန်အကွက်ဆင်နေမှာဖြစ်ပါတယ်..ပုထုဇဉ်လူသားတွေပီပီ..တခါတလေ သတိမမူလို့ ဂူမမြင်လိုက်တဲ့ သာဓကတွေလဲရှိသားလား..
Popular အဖြစ်ဆုံး Phishing Hack နည်းကတော့.. Facebook ရဲ့  Login Home Page အတုကို ဖန်တီးပြီး Hack တဲ့နည်းပါပဲ…
မသမာသူဟာ သင့်ဆီသို့ နည်းအမျိုးမျိုးနဲ့  Fake Facebook Login Link Address တစ်ခုကိုမရောက်ရောက်အောင်ပို့ မှာဖြစ်ပါတယ်.အဲဒီ အတုဟာ တကယ့်အစစ်နီးပါ တူညီပါတယ်..
အဲဒီလို လင့်တစ်ခုသင့်ဆီေ၇ာက်လာပြီဆိုပါတော့ သင်ကလဲ အတု မှန်းမသိလိုက်ဘူးဆိုပါတော့..
သင်ပုံမှန်အတိုင်း သင့်ရဲ့  username and password ပေးပြီး…
Enter တစ်ချက် Click တစ်ကလစ်မှာပဲ…သင့်ရဲ့ username နဲ့  password မှန်မမှန်တိုက်ဆိုင်စစ်ဆေးပြီးဝင်ခွင့်ပေးဖို့  ပုံမှန်လုပ်ငန်းစဉ် Facebook ရဲ့  Database Information Server ကို မပို့ တော့ပဲ မသမာသူဆီပို့ ပေးလိုက်ပါတယ်…
ထိုအခါ မသမာသူက သင့်ရဲ့  Username နဲ့  Password ကိုလက်ခံရရှိပြီးဖြစ်ပါတယ်…..
ကျွန်တော်ဒီပို့စ်နဲ့ အတူ တင်ထားပေးတဲ့ ပုံမှာ ကြည့်ရှုပြီး အလွယ်တကူနားလည်သိမြင်နိုင်ပါတယ်..
ပုံမှာမြင်တဲ့အတိုင်းပါပဲ…Hacker ကတော့ Trick တွေသုံးပြီးသူ့ ရဲ့ သားကောင်ကို Login Page အတု ပို့ ပြီး…လှည့်စားနေပါပြီး..
ဒီနည်းလမ်းကိုသုံးတဲ့သူက ဘာကြောင့် ခက်ရလဲဆိုတော့ Fake Facebook Login page တခုကိုတည်ဆောက်ရတာအရမ်းမခက်ခဲပေမယ့် လူတွေဟာ အခုတော့ဒီ Phishing ရဲ့ နည်းလမ်းသဘောသဘာဝကို အတိုင်းအတာတခုထိနားလည်လာကြတဲ့အခါ
တော်တန်ရုံလှည့်စားလို့ မရတော့ပါဘူး..ဒါကြောင့်ခက်ခဲတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်..သင့်ရဲ့ လိမ်ညာလှည့်ဖျားမှု Trick သုံးနိုင်တဲ့အခြေအနေအပေါ်မူတည်ပါတယ်..အထူးသဖြင့် Mobile ပေါ်က Facebook User တွေကို တိုက်ခိုက်မယ်ဆိုရင်တော့အနည်းစယ်ခက်ခဲပါလိမ့်မယ်
ဘာလို့ လဲဆိုတော့ Mobile ပေါ်မှာ URL Link တွေကို အလွယ်တကူ checks လုပ်ဖို့ ခက်ခဲလို့ ပါပဲ မဟုတ်လား??
———————————
*Using Victims Mobile to Hack Facebook Account
ဒီနည်းက ကျွန်တော်ကနဦးတင်ပြခဲ့သလိုပဲ Password Reserting နည်းပါပဲ နကိုမူလ password ကို Breaking လုပ်ပြီး..၀င်ရောက်တဲ့သဘောပါပဲ..
ဒီနည်းတွေက ချစ်သူကြား သူငယ်ချင်းတွေကြား.မှာရေပန်းစားပါတယ်..လွယ်လွန်းပါတယ်Forgot Password လို့ လုပ်ပီး
ကြိုးစားရုံပါပဲ..ဒါပေမယ့် သင်ရဲ့ သားကောင်ဖုန်းနံပါတ်ကိုသိဖို့ လို သလို Facebook ကြီးကပြန်ပို့ လာမယ့် sms ထဲက Code ကိုဖတ်ဖို့  သင်ဟက်မယ့် သူငယ်ချင်း သို့ မဟုတ်ချစ်သူရဲ့ အနားမှာနေဖို့ တော့လိုမှာပေါ့နော်..
နည်းလမ်းကို တော့ ကာကွယ်တဲ့နည်းပို့ စ်ကိုတင်ပြတဲ့အခါ ထည့်ရေးပေးပါ့မယ် ဒါပေသိ…သင်မြန်မာနိုင်ငံမှာနေထိုင်သူဆိုလျှင်တော့ ဒီနည်းလမ်းကို လက်ရှိမှာ အသုံးချလို့ မရပါဘူး..မြန်မာပြည်ကို sms ပို့ လို့ မရလို့ ပါပဲ
(*တခါတလေမြန်မာပြည်မှာလူဖြစ်ရတာ ကျေနပ်စရာတွေထဲက တစ်ခုပေါ့..သင့်အကောင့်ကိုလုံခြုံမှုတခုပေးနိုင်လို့ လေ :P )
—————————————————-
-Stealing Facebook Cookies of your Victim *
တိမ်မယောင်နက် လွယ်မယောင်နဲ့ ခက်တယ်လို့ ပဲဆိုရလိမ့်မယ့် နည်းလမ်းပေါ့…
ဒီနည်းလေးကိုမပြောခင်မှာ – What is Cookie?
စားစရာတော့မဟုတ်ဘူးနော်…အဲဒါ Danger !!
Cookie သို့ မဟုတ် HTTP Cookie( Hyper Text Transfer Protocal), Web Cookie, Browser (firefox,Chrome,Internet Explore,Safari,Opra,Maxthon) Cookie
ဒါတွေအားလုံးက text File လေးတစ်ခုပါပဲ ဘယ်လို File လဲ www.google.com ကို ကြည့်မယ်ဆိုပါတော့..ဒါဆို google web server ကနေ သင့်ရဲ့  browser ကိုပို့ လိုက်တဲ့ text File ကို cookie လို့ ခေါ်ပါတယ်..
သင့်ရဲ့  Browser ကတော့ ဒီဖိုင်လေးကို သိမ်းပြီး သင်ဒီweb site ကို ကြည့်နေသမျှ သင်နဲ့ ဒီဆိုဒ်ကိုbrowser က ဒီဖိုင်လ်လေးကိုပြန်ပို့ ခြင်းဖြင့်ဆက်သွယ်ပေးနေမှာဖြစ်ပါတယ်..
ဒါဆိုရင် ဒီ Cookie တွေက ဘယ်လိုအသုံးကျတာလဲ…သူကတော့ user Authentication,identification တွေကိုလုပ်ပေးတာဖြစ်တယ်..
ဒီCookie တွေဟာ software မဟုတ်ဘူး သူတို့ တွေဟာ Virus တွေကိုမသယ်ဆောင်နိုင်ဘူး..ဒါပေမယ့်သူတို့ တွေဟာ Keylogger တွေလိုပဲ သင်ဒီBrowser မှာ ဘယ်တွေ သွားပီးဘာတွေကြည့်ခဲ့လဲ ဘာတွေလုပ်ခဲ့လဲဆိုတာတွေကို ဒီ Cookie တွေကနေ
လိုက်လို့ ရပါတယ်.ဒီ cookie file လေးဟာ မသမာသူတွေရဲ့ ခိုးယူမှုသင်ခံရပြီးဆိုပါစို့  သူကတော့ သင့်ရဲ့  web access တွေကို ရရှိသွားပါပြီးဒါကို cookiestealing.
အတိုချုံးပြောရမယ်ဆိုလျှင်တော့ သင်ဖေ့ဘွတ်အကောင့်ကိုlog out မလုပ်ရသေးပဲ သင်ကွန်ပျူတာရှေ့ကနေ အတော်တန်ကြာ away from PC လေးလုပ်နေတယ်ဆိုပါတော့ သေချာတယ် ကျွန်တော်ကတော့ သင့်မုန့်ကိုခိုးစားတော့မှာပဲ :P
ဒါပေမယ့် တကယ်လို့များသင်ဟာfacebook ကို HTTPS ဆိုတဲ့ secure ပိုဖြစ်တဲ့ protocol နဲ့ သုံးနေမယ်ဆိုရင်တော့ ကျွန်တော်အတွက်တော့ဘယ်လိုမှခိုးယူဖို့ မဖြစ်နိုင်ပါဘူး…
—————————————————–
-Revealing saved Facebook passwords from web browsers*
တူးမယ်ဆွမယ်..ခင်ဗျားတို့ သိမ်းထားတဲ့ Password တွေကို..မယုံမရှိနဲ့ ကျွန်တော်ထိဖူးတယ် အဖြစ်အပျက်က ဒီလို ကိုယ်ရဲ့ ပေါ့ဆမှုပေါ့ သူကခိုးတာမဟုတ်ဘူး ကိုယ်က ပေးလိုက်မိတာပါ…ကိုကိုရယ် Firefox ကသုံးလို့ မကောင်းဘူး ဗီဒီယိုကြည့်ရတာအဆင်မပြေဘူးဆိုလို့  ကဲဘေဘီရေ ရော့ ဆိုပြီး ကျွန်တော်သုံးနေတဲ့ Chrome ကိုပို့ ပေးလိုက်တယ်..ကျွန်တော်ကလူပျင်းလေ ကိုယ့်ပါစင်နယ် Laptop မှာဆိုတော့ Password တွေ အကောင့်တွေ Auto Save ထားတာ
အကုန်ပါလေရော ကိုယ်တောင်မမှတ်မိတော့တဲ့အကောင့်တွေ သူဖွင့်လို့ ရပါလေရော အဲဒီမှာ ကွိုင်တာပေါ့ အရင်က past chat တွေနဲ့  :P တော်ပါသေးတယ် ချစ်သူက အကုန်သိပြီးသားကိစ္စတွေမို့ လို့ ပေါ့ နားလည်ပေးတယ်)
အဲဒီလို ထိတာ…အင်ဒီနည်းကတော့ ဒီလိုဗျ..သူကတော့ သင်သာ ကျွန်တော့်လိုအပျင်းကြောထူနေရင်တော့ ခံရပါလိမ့်မယ်..
ဖြစ်နိုင်ရင် မသိမ်းထားပါနဲ့ တခါသိမ်းထားခဲ့ရင် Clear Browse History မလုပ်မချင်း လုပ်ခဲ့ရင်တောင် Save Password ကိုပါ မဖျက်မိရင် ပြန်ဖော်နိုင်ပါတယ်…
ဒါကတော့ ဖော်လို့ ရတဲ့နေရာတွေပါ..
Chrome: Goto tools >> Options >> Personal Stuff >> Manage saved Passwords
FireFox: Goto tools >> Options >> Security >> saved Passwords
Internet Explore >> ကိုတော့ထည့်မပြောတော့ပါဘူး .ဘယ်သူမှသူ့ ကိုကရုမစိုက်တာ :) :)
————————————
နောက်ဆုံးနည်းကတော့ Bypassing Facebooks Security Question *
Facebook ရဲ့  အဓိက Security အားနည်ချက်တစ်ခုပေါ့..အဲလိုမြင်လို့ လဲရသလို အဲလိုမဟုတ်ပဲတကယ်လို့ များမိမိအကောင့်ပတ်စ်ဝေါ့ မေ့သွားတဲ့အခါ ပြန်လည်ရယူနိုင်ဖို့  ကူညီထားတဲ့ အခန်းကဏ္ဍတခုပဲ..
ဒါကိုပဲ မသမာသူတွေက အသုံးချ..ယုံကြည်မှုကို နားလည်ပါးရိုက်လုပ်စားတဲ့အကွက်လို့ ပြောရရင်ပိုမှန်မယ်..
တချို့ ချို့ က ဒါကို Social Engineering Attack လို့ လဲခေါ်ပါတယ်..
သူကဘယ်လိုလဲတခါတလေ သင့်ပတ်စ်ဝက်မေ့တဲ့အခါ Forgot your password ကိုနှိပ်ပီး အသစ်တစ်ခုResert လုပ်ပြီဆိုပါတော့
သင့်သူငယ်ချင်းနာမည်တွေကိုမေးမယ် ဓာတ်ပုံတွေကို ဘယ်ဟာက ဘယ်သူလဲဆိုပီး Multiple Choice ခိုင်မယ်…ဒါမှမဟုတ် Security Question တွေမေးမယ်..
ဒါဆိုရင်တော့ သင်ဖောက်လို့ ရလောက်ပါပီ သင့်သူငယ်ချင်း သို့ မဟုတ်ချစ်သ မောင်နှမ တွေရဲ့  အကောင့်ဆိုလျှင် သင် သူငယ်ချင်းတချို့ လဲသိနိုင်သလို Photo တွေလဲသိနိုင်မှာပဲ…Security Question တွေကိုလဲသိနိုင်ခန့်မှန်းနိုင်မှာပါ…
နောက်လာမယ့် ကာကွယ်နည်းပို့ စ်မှာ ပိုအသေးစိတ်ရှင်းလင်းပေးပါ့မယ်
—————————–
ကဲဒါဆိုရင် ကနဦးကျွန်တော်မေးထားတဲ့ မေးခွန်းကိုပြန်လည်ဖြေကြည့်ရအောင်ဗျာ..
Facebook ရဲ့ Security System ဟာအရမ်းကို ခိုင်မာလွန်းပါတယ် ဒါဆိုဘာလို့ အခိုးခံရလဲ?
ရှင်းပါတယ် ခိုးဖို့ ကြိုးစားသူက ၇၀% အားထုတ်မှု၃၀%သော အားနည်းချက်ကတော့ကျွန်တော်တို့ User တွေရဲ့ ဗဟုသုတနည်းပါးမှုနဲ့ သတိလျော့မှုတွေကြောင့်ပဲဖြစ်ပါတယ်
အသေအချာပြောနိုင်တာကတော့ ဘယ်လောက်တော်တဲ့ Hacker ဖြစ်ပါစေအုံး..Facebook ရဲ့  username & password တွေကို သိုလှောင်ထားတဲ့ Database Server ထဲကို ချိုးဖျက်ဝင်ရောက်ပြီး ကျွန်တော်တို့ ရဲ့  Username and Password ကို မရယူနိုင်ဘူးဆိုတာပါပဲ..
Facebook ရဲ့  Security Credential တွေကတော့ တကယ် Strong ဖြစ်ပါတယ်….
စကားချပ်အနေနဲ့ Hack ချင်သူတွေကိုသတိပေးချင်တာကတော့
သင်ဟာအချိန်မရွေး မုဆိုးကနေ သားကောင်ဘ၀ကိုရောက်သွားနိုင်တယ်ဆိုတာပါပဲ
ဘယ်လိုအခြေအနေမျိုးလဲ ….Ready Made Software တွေပေါ့ Facebook Recovery Software ,Faceboook Hacking Software တွေရှိတယ် ရမယ် ၁၀၀%အာမခံတယ် ပိုက်ဆံပေးပြီးသာဝယ်လိုက် ရစေရမယ်ဆိုတဲ့
စွဲဆောင်မှုတွေကြေငြာချက်တွေကိုယုံစားမိတဲ့အခါ သင်ဒီဆော့ဝဲလ်တွေကို ၀ယ်ယူဖို့  အွန်လိုင်းပေါ်ကနေ ၀ယ်ယူတော့မယ်ဆိုပါဆို သင့်ID နဲ့  Password က အချိန်မေ၇ွး..ပါသွားနိုင်တယ်ဆိုတာကိုသတိချပ်သင့်ပါတယ်..
ဥပမာ -သင့်က Hack ချင်ပီ hack နည်းရှာရင်းနဲ့  ဒါလေးကိုတွေတယ်ဆိုပါတော့ သူကတောင်းတော့မယ်
သင့်ရဲ့  Facebook Login email and password နဲ့  သင်ဟက်ချင်တဲ့လူရဲ့  profile link ကိုပေးပါဆိုပြီးတော့ပေါ့ ကိုယ်ကလဲငမ်းငမ်းတက်ရချင်စောနဲ့ ပေး..အဲဒီမှာအေးတာပါပဲ..ကဲ သူခိုးလက်ဓားရိုးကမ်းတယ်ဆိုတာပါပဲ..
အဲဒီလူတွေကလဲလည်တယ် သင်ယုံချင်အောင်ပေးပို့ ရမယ်အီးမေလ်ကိုဒီလိုနာမည်တွေပေးတယ်ဗျ..
password.recovery@facebook.com အစသဖြင့်ပေါ့ ကဲဘယ်လောက်ပုံမှားရိုက်တတ်တယ်ဆိုတာပါပဲ..သေချာဆုံးတစ်ခုကတော့ Hack ချင်သူများ အနေနဲ့ခေါင်းထဲထည့်ရမှာကတော့ Facebook အကောင့်ကို ဟက်ဖို့  ဆော့ဝဲလ် လုံးဝလုံးဝမရှိသေးဘူးဆိုတာပါပဲ…..


credit-myanmarITgroup

ကျော်မယ်၊ ခွမယ် (Proxy ကျော်ခြင်း)

ကျော်မယ်၊ ခွမယ် (Proxy ကျော်ခြင်း)

2 comments
By Kaung Htet Htun

>>> ဒီကို <<< သွားလိုက်ပါ . Add to firefox ကို နှိပ်ပါ။
Download Now နှိပ်ပါ။ ပြီးရင် install လုပ်လိုက်ပါ။
Firefox Browser ကို restart လုပ်လိုက်ပါ။ (တစ်နည်းအားဖြင့် firefox နှင့်ဖွင့်ထားသမျှတွေအားလုံးကို ပိတ်လိုက်ပြီးတော့ ပြန်ဖွင့်ပါ ။)
Firefox screen ရဲ့ ညာဘက်အောက်မှာ အပြာရောင် P ပုံလေးပေါ်လာပါလိမ့်မယ်။ အဲ့ဒါဆိုရင် phproxy ကို သုံးလို့ရသွားပါပြီ . စမ်းကြည့်လိုက်ပါ။

ပိတ်ထားသော ၀ဘ်ဆိုက်တွေ နှင့် Website တစ်ခုခုကို ဖွင့်ရင်းနဲ့ Access Denied page ပေါ်လာလျှင် အပြာရောင် P လေးကိုသာ နှိပ်ပြီး ခဏစောင့်လိုက် ပြီးတာနှင့် ပိတ်ထားသော website ပွင့်လာ ပါလိမ့်မယ်။

ဒီနည်းလေးကို ဟိုး... အရင် blogspot တွေကို ၀င်မရခင်တုန်းက ကျွန်တော် သုံးခဲ့ဖူးပါတယ်။ အရမ်းကို အဆင်ပြေခဲ့တဲ့နည်းလေးပါပဲ၊ Access Denied ဖြစ်တဲ့ဟာတွေ အကုန်ကျော်လို့ရပါတယ်။
အခုတော့ အဲ့ဒိ Add to Firefox ဆိုတာလေးကို နှိပ်ခွင့်ရမရမသိတော့ပါဘူး။ ကျွန်တော်အခု ပြန်ဝင်
ကြည့်တော့ ဟောဒီလို ပြနေပါတယ်ဗျာ...
ဖယ်ထားပါတယ်တဲ့။ ဒါနဲ့ နောက်တစ်နည်း ရှာပြီး တင်ပေးလိုက်ပါတယ်။

                                                   "နောက်တစ်နည်း"

(၁) http://www.ultrareach.com/download_en.htm ကို သွားပါ ..

(၂) Download release version UltraSurf 9.5(.exe) ဆိုတာလေးကို နှိပ်ပြီး နောက်ဆုံး update  လုပ်ထားတဲ့ ultrasurf ကို Download ချလိုက်ပါ။

(၃) ဆိုက်ကိုဝင်မရသူများ အောက်မှာ Download လုပ်လိုက်ပါ .
  http://www.rajeshrana.net/2009/06/29/ultrasurf-95-new-version-download/
  ဒါကတော့ New Version ဒေါင်းလုပ်ဖြစ်ပါတယ်။

(၄) Double click နှိပ်ပြီး Run လိုက်ပါ .

(၅) Home ၊ Retry ၊ Option ၊ Help ၊ Exit ရှိတဲ့အထဲက Option ကိုရွေးပေးလိုက်ပါ

(၆) ပေါ်လာတဲ့အထဲက Proxy Setting ကိုထပ်ရွေးပါ။

(၇) အခုပေါ်လာတဲ့ proxy box ထဲမှာ Auto Detect Proxy , Manual Proxy Setting , Directly use proxy ဆိုပြီးတော့ ၃ ခုရှိပါတယ် . အဲဒီ့အထဲက Manual Proxy Setting ကိုရွေးလိုက်ပါ။

(၈) ပြီးတော့ အခုလက်ရှိ ကိုသုံးနေတဲ့ စက်ရဲ့ Proxy Host နှင့် Proxy Port ကိုဖြည့်ပေးပြီး ok ကို နှိပ်လိုက်ပါ။

(၉) ပြီးတာနှင့် Ultrasurf ကို 10 စက္ကန့်လောက် ခဏပိတ်လိုက်ပြီး . ပြန်ဖွင့်လိုက်ပါ။

(၁၀) ပြီးတာနဲ့ ဖွင့်ပြီးတော့ သုံးလို့ရသွားပါပြီ။

(၁၁) Gtalk မရသူများ Gtalk ရဲ့ connetction setting မှာ Proxy = 127.0.0.1 , port = 9666 ဆိုပြီးဖြည့်ပါ။ဖြည့်ပြီးတာနဲ့ အသုံးပြုလို့ရသွားပါပြီ .. proxy နဲ့ port တွေကိုတော့ သိအောင်လုပ်ထားပါ။ မြန်မာပြည်ကလူအချင်းချင်း မေးမြန်းလို့ရပါတယ်။

ကဲ အဆင်ပြေနိုင်ပါစေဗျာ ..

IDM ကို Crack ,Patch မသုံးပဲ Full Version ဖြစ်အောင်လုပ်ကြမယ်

IDM ကို Crack ,Patch မသုံးပဲ Full Version ဖြစ်အောင်လုပ်ကြမယ်

No comments
By Kaung Htet Htun

IDM ကို Crack ,Patch မသုံးပဲ Full Version ဖြစ်အောင်လုပ်လို့ရတဲ့ နည်းလမ်းလေးပါနော်..... Crack  တို့  Patch တို့ သုံးရတာ တခါတလေ Antivirus ကြောင့် ဖွင့်မရတာတွေ ဖြစ်ဖြစ်နေလို့ပါ တယ်...
 IDM မရှိသေးရင် ဒီမူရင်းဆိုက်ဒ်  ကနေဒေါင်းယူပါ ... ရှိပြီးသားဆိုရင် Update လုပ်လိုက်ပါ။ ပြီးရင် ကွန်ပြူတာထဲကိုဖွင့်လိုက်ပါ... အောက်ကတိုင်းအစဉ်လိုက် သွားနော်...
DiskC: ကိုဖွင့်  Windows  ဆိုတာကိုရှာ ကလစ် System32  ကိုဆက်ကလစ်ပါ drivers  ဆိုတာကိုရှာပါ
etc ကိုတွေ့ရင် ကလစ်လိုက်ပါ   hosts ဆိုတဲ့ဖိုင်လ်လေးကိုတွေ့ရပါ့မယ်..  သူ့ကိုတွေ့တာနဲ့
desktop ပေါ်မှာမောက်နဲ့ မရွှေ့ပေးလိုက်ပေါ့  .အဲလိုခါမှာ ဘောက်လေးတစ်ခုကျလာမယ်..
contune ဆိုတာကိုကလစ်ပေးပါ..ရွှေ့ပြီး ဇယားလေးကို မပိတ်နဲ့အုံးနော် သူ့နေရာပြန်ထည့်ရအုံးမယ်
.နောက် ရွှေ့ထားတဲ့ desktop ပေါ်က ပုံလေးကို Double Click ပြီး  notepad နဲ့ဖွင့်လိုက်ပါ။ ပြီးရင်

127.0.0.1 tonec.com
127.0.0.1 www.tonec.com
127.0.0.1 registeridm.com
127.0.0.1 www.registeridm.com
127.0.0.1 secure.registeridm.com
127.0.0.1 internetdownloadmanager.com
127.0.0.1 www.internetdownloadmanager.com
127.0.0.1 secure.internetdownloadmanager.com
127.0.0.1 mirror.internetdownloadmanager.com
127.0.0.1 mirror2.internetdownloadmanager.com

 

ဒီ အပေါ်က အနီရောင် နဲ့ ကုဒ်တွေအားလုံးကို Copy ကူးပြီး ထည့်ပေးပါ ပြီးရင် Save လုပ်ပါ။
ပြီးတာနဲ့ အဲ Desktop ပေါ်ကဖိုင်လေးကို စောစောကရွှေ့လာခဲ့တဲ့ ဇယားဘောက်လေးထဲကို ပြန်ထားပေးလိုက်ပါ......

ပြီးရင် IDM ကိုဖွင့်ပါ  Registration ကိုနှိပ်ပြီး First Name , Last Name , Email တွေကို ကြိုက်နှစ်သက်ရာရေးထည့်ပြီး Serial Key နေရာမှာ အောက်မှာပေးထားတဲ့ထဲက အစိမ်းရောင်နဲ့ ပေးထားတဲ့ ကီးတွေထဲက တခုခုကို Copy ကူးပြီး ထည့်ပေးပါ ....ပြီးရင်  OK နှိပ်ပြီး  Register လုပ်ပေးလိုက်ပါ... IDM Full Version ဖြစ်သွားပါပြီ....

 ထည့်ရန် Srial Key များ

RLDGN-OV9WU-5W589-6VZH1

HUDWE-UO689-6D27B-YM28M

UK3DV-E0MNW-MLQYX-GENA1

398ND-QNAGY-CMMZU-ZPI39

 အဆင်ပြေကြပါစေဗျာ.......

Twitter အသုံးပြုနည်း စာအုပ်

Twitter အသုံးပြုနည်း စာအုပ်

No comments
By Kaung Htet Htun

"ကလျာအိအိလွင်" ရဲ့ Twitter အသုံးပြုနည်း စာအုပ်ဖြစ်ပါတယ်။ (မူရင်း Scan ဖတ်သူကို မသိပါ။)
လိုအပ်ပါက အောက်တွင် ဒေါင်း ယူရန် 
Mediafire မှ ဒေါင်းရန် >>> Download <<<
4Shared မှ ဒေါင်းရန် >>> Download <<<

လုံခြုံစိတ်ချစွာ Facebook အသုံးပြုနည်း စာအုပ်

လုံခြုံစိတ်ချစွာ Facebook အသုံးပြုနည်း စာအုပ်

No comments
By Kaung Htet Htun

လုံခြုံစိတ်ချစွာ Facebook အသုံးပြုနည်း စာအုပ် ဖြစ်ပါတယ်။ (မူရင်း Scan ဖတ်သူကို မသိပါ)။ 
လိုအပ်ပါက အောက်မှာ ဒေါင်းယူသွားပါ။
MediaFire မှ ဒေါင်းရန် >>> Download <<<
4Shared မှ ဒေါင်းရန် >>> Download <<<

Using Facebook, Email, Advanced Internet (All in One ) စာအုပ်

Using Facebook, Email, Advanced Internet (All in One ) စာအုပ်

No comments
By Kaung Htet Htun

Zaw Lin (Youth) ရေးသားတဲ့ Using Facebook , Email, Advanced Internet (All in One ) စာအုပ်
ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ (မူရင်း Scan ဖတ်သူကို မသိပါ) လိုအပ်ပါက ဒေါင်းယူသွားပါ။
MediaFire မှ ဒေါင်းရန် >>> Download<<<
4Shared မှ ဒေါင်းရန် >>> Download <<<

Facebook ၏ လုပ်ဆောင်ချက်များ စာအုပ်

Facebook ၏ လုပ်ဆောင်ချက်များ စာအုပ်

No comments
By Kaung Htet Htun

"စုကြည်ထွေး" ရဲ့ Facebook  ၏ လုပ်ဆောင်ချက်များ စာအုပ်ဖြစ်ပါတယ်။ ( မူရင်း Scan ဖတ်သူကို မသိပါ) လိုအပ်ပါက အောက်က လင့်ခ်မှာ ဒေါင်းယူသွားပါ။ 
MediaFire မှ ဒေါင်းရန် >>> Download <<<
4Shared မှ ဒေါင်းရန် >>> Download <<<

Skype အသုံးပြုနည်း စာအုပ်

Skype အသုံးပြုနည်း စာအုပ်

No comments
By Kaung Htet Htun

"စုကြည်ထွေး" ရဲ့ Skype အသုံးပြုနည်းစာအုပ် ဖြစ်ပါတယ်။ မူရင်း Scan ဖတ်သူကို မသိပါဘူး။ လိုအပ်ပါက ဒေါင်းရန် 
Mediafire မှ ဒေါင်းရန် >>> Download <<<
4Shared မှ ဒေါင်းရန် >>> Download <<<

ဒေါင်းနည်းမသိပါကအရင်ဖတ်ပါ

Download Link ကိုနှိပ်ပြီးလျှင် 5စက္ကန့်စောင့်ပါ၊ ပြီးလျှင် ညာဘက်အပေါ်ဒေါင့်မှ Skip ကိုနှိပ်ပေးမှသာ Download Page သို့ ရောက်ရှိမည်ဖြစ်သည်။

Proudly Powered by Blogger.