ကျော်မယ်၊ ခွမယ် (Proxy ကျော်ခြင်း)
>>> ဒီကို <<< သွားလိုက်ပါ . Add to firefox ကို နှိပ်ပါ။
Download Now နှိပ်ပါ။ ပြီးရင် install လုပ်လိုက်ပါ။
Firefox Browser ကို restart လုပ်လိုက်ပါ။ (တစ်နည်းအားဖြင့် firefox နှင့်ဖွင့်ထားသမျှတွေအားလုံးကို ပိတ်လိုက်ပြီးတော့ ပြန်ဖွင့်ပါ ။)
Firefox screen ရဲ့ ညာဘက်အောက်မှာ အပြာရောင် P ပုံလေးပေါ်လာပါလိမ့်မယ်။ အဲ့ဒါဆိုရင် phproxy ကို သုံးလို့ရသွားပါပြီ . စမ်းကြည့်လိုက်ပါ။
ပိတ်ထားသော ၀ဘ်ဆိုက်တွေ နှင့် Website တစ်ခုခုကို ဖွင့်ရင်းနဲ့ Access Denied page ပေါ်လာလျှင် အပြာရောင် P လေးကိုသာ နှိပ်ပြီး ခဏစောင့်လိုက် ပြီးတာနှင့် ပိတ်ထားသော website ပွင့်လာ ပါလိမ့်မယ်။
ဒီနည်းလေးကို ဟိုး... အရင် blogspot တွေကို ၀င်မရခင်တုန်းက ကျွန်တော် သုံးခဲ့ဖူးပါတယ်။ အရမ်းကို အဆင်ပြေခဲ့တဲ့နည်းလေးပါပဲ၊ Access Denied ဖြစ်တဲ့ဟာတွေ အကုန်ကျော်လို့ရပါတယ်။
အခုတော့ အဲ့ဒိ Add to Firefox ဆိုတာလေးကို နှိပ်ခွင့်ရမရမသိတော့ပါဘူး။ ကျွန်တော်အခု ပြန်ဝင်
ကြည့်တော့ ဟောဒီလို ပြနေပါတယ်ဗျာ...
"နောက်တစ်နည်း"
(၁) http://www.ultrareach.com/download_en.htm ကို သွားပါ ..
(၂) Download release version UltraSurf 9.5(.exe) ဆိုတာလေးကို နှိပ်ပြီး နောက်ဆုံး update လုပ်ထားတဲ့ ultrasurf ကို Download ချလိုက်ပါ။
(၃) ဆိုက်ကိုဝင်မရသူများ အောက်မှာ Download လုပ်လိုက်ပါ .
http://www.rajeshrana.net/2009/06/29/ultrasurf-95-new-version-download/
ဒါကတော့ New Version ဒေါင်းလုပ်ဖြစ်ပါတယ်။
(၄) Double click နှိပ်ပြီး Run လိုက်ပါ .
(၅) Home ၊ Retry ၊ Option ၊ Help ၊ Exit ရှိတဲ့အထဲက Option ကိုရွေးပေးလိုက်ပါ
(၆) ပေါ်လာတဲ့အထဲက Proxy Setting ကိုထပ်ရွေးပါ။
(၇) အခုပေါ်လာတဲ့ proxy box ထဲမှာ Auto Detect Proxy , Manual Proxy Setting , Directly use proxy ဆိုပြီးတော့ ၃ ခုရှိပါတယ် . အဲဒီ့အထဲက Manual Proxy Setting ကိုရွေးလိုက်ပါ။
(၈) ပြီးတော့ အခုလက်ရှိ ကိုသုံးနေတဲ့ စက်ရဲ့ Proxy Host နှင့် Proxy Port ကိုဖြည့်ပေးပြီး ok ကို နှိပ်လိုက်ပါ။
(၉) ပြီးတာနှင့် Ultrasurf ကို 10 စက္ကန့်လောက် ခဏပိတ်လိုက်ပြီး . ပြန်ဖွင့်လိုက်ပါ။
(၁၀) ပြီးတာနဲ့ ဖွင့်ပြီးတော့ သုံးလို့ရသွားပါပြီ။
(၁၁) Gtalk မရသူများ Gtalk ရဲ့ connetction setting မှာ Proxy = 127.0.0.1 , port = 9666 ဆိုပြီးဖြည့်ပါ။ဖြည့်ပြီးတာနဲ့ အသုံးပြုလို့ရသွားပါပြီ .. proxy နဲ့ port တွေကိုတော့ သိအောင်လုပ်ထားပါ။ မြန်မာပြည်ကလူအချင်းချင်း မေးမြန်းလို့ရပါတယ်။
ကဲ အဆင်ပြေနိုင်ပါစေဗျာ ..
Related posts
Share this post
အကိုရေ.. (Proxy ကျော်ခြင်း) ကိုလေ့လာသွားပါတယ်ခင်ဗျာ...
ReplyDeleteကျွန်တော့်ဘလော့လင့်ချိတ်ထားပေးလို့ကျေးဇူးတင်ပါတယ် အကိုရေ..
ဒါပေမယ့် နည်းပညာဘလော့ လင့်မှာအကိုချိတ်ထားလို့ နေရာမှားနေလို့ အကိုရေ.. :D
ကျွန်တော်က နည်းပညာသမားတွေ မဟုတ်ဘူးအကိုရ.. စိတ်ကူးပေါက်ရာရေးချင်ရာ
ရေးတဲ့ ဘလော့အကိုရေ.. တော်ကြာနည်းပညာဘလော့ဆိုပြီး ကလစ်ပြီးဝင်ကြည့်မှ
ဘာဘလော့မှန်း မသိဘူးဆိုပြီး အော်သွားမှ ကိုယ်ကျိုးနည်းရ ရီရဲ့အကိုရေ.. ကြည့်
လုပ်ပေးပါအုန်း အကိုရာ :D... ဘလော့ဂါတွေအတွက် အားဆေးဟာ comment
လေးတွေပါ အကိုရေ... နောက်ရေးမယ့် ပို့စ်တွေအတွက် အားဆေးလေးတွေပေးခဲ့
ပါတယ်ခင်ဗျာ... အကို့ဘလော့လေး အောင်မြင်ပါစေခင်ဗျာ....
ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး
အကိုရေ ၀င်မွှေသွားပါတယ်ခင်ဗျ......ကျနော်က ဘလောဂါ အသစ်လေးပါ အကို့ဘလောက ကျနော်တို့လိုလူငယ်လေးတွေကို နည်းပညာရေစီးကြောင်းကို ရှောက်လှမ်းဖို့ အားဆေးကောင်းတလက်လည်းဖြစ် နိုင်ပါတယ် ကျနော် အချိန်ရှိရင်နောက်တခါလည်းလာလည်ပါဦးမယ်...အစဉ် အမြဲအားပေးလျှက်ပါခင်ဗျ....
ReplyDelete