By Kaung Htet Htun
Blogging ကို ကျွန်တော့် ဘလော့တည်ထောင်ပြီးကတည်းက မရေးဖြစ်တာ! ခုတော့ အစပျိုးတဲ့အနေနဲ့
Blog Template အကောင်းဆုံးတွေ ရှိတဲ့ နေရာလေးတစ်ခုကို ပြောပြပြီး Blog မှာ Template ထည့်နည်း
ကို ပြောပြပေးမှာပါ။ သိပြီးသားလူတွေလည်း များမှာပါ။ ဒါပေမယ့် Blogging ကို ကျွန်တော့်ဘလော့မှာ
စုံသွားချင်လို့ အခုလို အခြေခံက စရခြင်း ဖြစ်ပါတယ်။
Blogger တို့ အတွက် Free Template အကောင်းဆုံးတွေ ရှိတဲ့ ဆိုက် >>> ဒီမှာ <<<
ကိုယ်ကြိုက်နှစ်သက်တဲ့ Template ကို ဒေါင်းလုပ်ချပြီးသွားပြီ ဆိုပါစို့၊ Zip ဖိုင်၊ ဒါမှမဟုတ် Rar ဖိုင် နဲ့ ရပါ
လိမ့်မယ်။ တစ်နေရာမှာ ခွဲလိုက်ပါ။ အထဲမှာ xml ဖိုင်ကို ရှာပါ။ တချို့ Template တွေရဲ့ xml ဖိုင်က၂မျိုး
ပေးထားပါတယ်။ Without Slider နဲ့ With Slider ဆိုပြီးတော့ပါ။ ကိုယ့်ဘလော့ရဲ့ Template ကို Slider
လေးနဲ့ ထားချင်တယ်ဆိုရင်တော့ Slider ပါတဲ့ Template ကို ရွေးချယ်ပေးပါခင်ဗျာ။
Blog မှာ Template ထည့်ရအောင်။
ကိုယ့် Blog ရဲ့ Template tab ကို သွားလိုက်ပါ။ ညာဘက် အပေါ်နားမှာ Backup/Restore ဆိုတာ ရှိပါ
တယ်။ အဲ့ဒါကို တစ်ချက် ကလစ်လိုက်ပါ။
ပြီးရင် Browse မှာ ကလစ်ပြီး ကိုယ် ဒေါင်းလုပ်ဆွဲထားတဲ့ Template xml ဖိုင်ကို ရွေးထည့်ပေးလိုက်ပါ။
ပြီးရင်တော့ upload နှိပ်ပါ။
ဒါဆိုရင်တော့ ကိုယ့်ဘလော့ရဲ့ Template လေးဟာ လိုချင်သလို ပြောင်းသွားပါပြီဗျာ။
ဒီပို့စ်လေးက ဘလော့နဲ့ ပတ်သက်တာကို ပထမဆုံး ရေးတဲ့ ပို့စ်ဖြစ်တဲ့ အတွက် အမှားပါရင် ခွင့်လွှတ်ပေး
စေချင်ပါတယ်။ ပြီးတော့ သိပြီးသားသူများ ကျော်ဖတ်ပေးသွားပါခင်ဗျာ။ အဆင်ပြေကြပါစေ။