အလွယ်ဆုံး၊ ဓာတ်ပုံ Slide Show DVD ဖန်တီးမယ်
Posted in ကွန်ပျူတာ နည်းပညာ
No comments
Sunday, May 19, 2013 By Kaung Htet Htun
ဓာတ်ပုံ Slide
Show DVD ဖန်တီးခြင်း၊ ဗီဒီယို ဖိုင်များကို DVD မှာ Burn ခြင်းတို့ကို
ဆော့ဝဲတွေမလိုဘဲနဲ့ အလွယ် တကူ အိမ်မှာရှိတဲ့ ကွန်ပျူတာနဲ့တင် ဖန်တီးနိုင်ပါတယ်။ သင့်ကွန်ပျူတာမှာ Windows 7 ရှိရုံနဲ့ တင်သီချင်းနောက်ခံနဲ့
ဓာတ်ပုံ Slide Show DVD တစ်ချပ်ကို ဖန်တီးပြီး၊
ကိုယ့်ရဲ့ အမှတ်တရ ဓာတ်ပုံလေးတွေကို သိမ်းထားနိုင်မှာဖြစ်ပါတယ်။ သူငယ်ချင်း မွေးနေ့ဓာတ်ပုံလေးတွေကို
Slide Show DVD တစ်ချပ်ဖန်တီးပြီး လက်ဆောင်ပေးနိုင်မှာပါ။
ဓာတ်ပုံ Slide Show DVD တင်မကပါဘူး။ ဗီဒီယိုဖိုင်တွေကိုလည်း
အိမ်မှာရှိတဲ့ DVD/EVD player (အောက်စက်) နဲ့ ကြည့်နိုင်အောင် လို့ ဆော့ဝဲမလိုဘဲ၊ အခွေ
ဘန်းနိုင်မှာပါ။
ကဲ … စလိုက်ကြရအောင်။
အောက်ပါ အတိုင်း Start
မှ Search Box ထဲသို့ Windows
DVD Maker ဟု ရိုက်ထည့်လိုက်ပြီး၊ Windows
DVD Maker ကို ဖွင့်လိုက်ပါ။
Windows
DVD Maker ကို အောက်ပါ
အတိုင်း တွေ့မြင်ရမှာ ဖြစ်ပြီးတော့ ဓာတ်ပုံများ စတင်ထည့်ရန်အတွက် Add items ကိုနှိပ်ပါ။
ပြီးရင်တော့ ကိုယ်ထည့်ချင်တဲ့ပုံတွေကို
Select မှတ်ပြီးတော့ Add ကို နှိပ်ပါ။
အဲ့ဒိအခါ ယခုပုံလိုမျိုး ဓာတ်ပုံတွေကို
Windows DVD Maker ထဲသို့ ပေါင်းထည့်နေမည်ကိုတွေ့ရပါမယ်။
ကိုယ်ထည့်လိုက်တဲ့ ဓာတ်ပုံ အရေအတွက်ပေါ်မူတည်ပြီး
အရေအတွက် ကွဲပြားမယ့် ဒီလိုဖိုင်လေးကို Double
Click နှိပ်ပြီး ဖွင့်လိုက်ပါ။
ပုံတစ်ပုံ အပေါ်မှာ Right click နှိပ်လိုက်ရင် အထက်အောက် ရွှေ့နိုင်မယ့်
Menu ပေါ်လာမှာ ပါ။ အထက်အောက်ရွှေ့ခြင်းကတော့ DVD စက်(အောက်စက်)မှာ ပြသတဲ့အခါ ပထမဆုံးပေါ်စေလိုတဲ့ ပုံကို အထက်သို့ ရွှေ့နိုင်စေရန်
အတွက်ဖြစ်ပါတယ်။
အဲ့ဒိနောက် ဆက်လက်ပြီး သီချင်းဖိုင်ကို ရွေးထည့်ဖို့အတွက် ခုနက Add items ကိုပဲ နှိပ်လိုက်ပြီး ကိုယ် နောက်ခံသီချင်းပြုလုပ်လိုတဲ့ သီချင်း ဖိုင် တချို့ကို ရွေးပြီး Add ကိုနှိပ်ပါ။ သီချင်းဖိုင်ကို ရွေးထည့်လိုက်ပေမယ့် Windows DVD Maker ရဲ့ List မှာ ဓာတ်ပုံတွေကလွဲပြီးတော့ သီချင်းဖိုင်က ပေါ်နေမှာမဟုတ်ပါဘူး။
DVD
Title နေရာမှာ ကိုယ်ပေးလိုတဲ့
DVDရဲ့ နာမည်ကို ရေးထည့်ပေးပါ။ ယခုအခါမှာတော့
ပထမဆုံး DVD ဖြစ်တဲ့ အတွက် My First Slide Show လို့ အမည်ပေးလိုက်ပါတယ်။
ပြီးရင် သူ့ရဲ့ ဘေးက Options ကို ဝင်လိုက်ပါ။
အောက်ပါအတိုင်း Options dialogbox ပေါ်လာပါလိမ့်မယ်။
Choose
DVD playback settings
မှာ ပါဝင်တာတွေကတော့ >>>
Start
with DVD menu ကိုရွေးချယ်လိုက်ရင်
DVD ကို Play သောအခါမှာ menu စတင်ပေါ်လာမှာဖြစ်ပါတယ်။
Play
video and end with DVD menu
ကိုရွေးချယ်လိုက်ရင် DVD ဖွင့်သောအခါမှာ
တစ်ခါတည်း Play မှာဖြစ်ပါတယ်။
Play
video in a continuous loop
ကိုရွေးချယ်လိုက်ရင်တော့ Video ပြီးဆုံးသွားသောအခါမှာ
အစကနေပြီးတော့ ပြန်လာမှာ ဖြစ်ပါတယ်။
DVD
Aspect ratio မှာ
ပါဝင်တာတွေကတော့ >>>
4:3 က ရိုးရိုး တီဗွီ ဖန်သားပြင် မြင်ကွင်း
အချိုးဖြစ်ပြီးတော့
16:9
က ရုပ်ရှင် ပိတ်ကား မြင်ကွင်း အချိုး ဖြစ်ပါတယ်။
Video
format ကိုတော့ NTSC အဖြစ်သာ ထားလေ့ရှိပြီး၊ ကျန်တဲ့ အပိုင်းကတော့
ပြောင်းစရာမလိုပါဘူး။
စိတ်တိုင်းကျပြင်ဆင်ပြီးရင်တော့ OK ကို နှိပ်ပြီး
ပြန်ထွက်လိုက်ပါ။
Next ကိုနှိပ်လိုက်ပါ။ အောက်ပါပုံ အတိုင်း
ဖြစ်သွားပါမယ်။
နောက်ထပ်ချိန်ညှိဖို့ကိုတော့ Menu text ကနေ စပါမယ်။ Menu text ကို ကလစ်လိုက်ပါ။
Menu
text မှာ ပါဝင်တာတွေက
>>>
ခုနက DVD title ကို My First Slide
Show လို့ထားခဲ့ပေမယ့် ခုတော့ ကိုယ့်ရဲ့ စိတ်ကြိုက် ခေါင်းစဉ်ကို မြန်မာလို ရေးလို့
ရသွားပါပြီး၊ မြန်မာလို ခေါင်းစဉ်ရေးနိုင်ရန် အတွက် Font မှာ Zawgyi-One ကို ပြောင်းပါ။
Play
button မှာ ဥပမာ
- ကြည့်မယ် (သို့) ပြသရန် လို့ရေးပါ။
Scenes
button မှာ ဥပမာ
- အခန်းရွေးမယ် (သို့) Chapter များ လို့ ရေးပါ။
Notes
button မှာ ဥပမာ
- မှတ်စု (သို့) မှတ်တမ်းများ လို့ စိတ်ကြိုက်ရေးပါ။
Notes button မှာ “မှတ်စု” ဟုရေးထားပေမယ့်လည်း အောက်ပါ Notes Box မှာ ဘာမှ
ရေးမထားရင် “မှတ်စု” ကလည်း ပေါ်လာမှာမဟုတ်ပါဘူး။
ဒါ့ကြောင့် Notes Box မှာလည်း အမှတ်တရ စာစုလေးများရေးပါ။
ပြီးရင်တော့ Change Text ကို click ပြီး
ထွက်လို့ရပါပြီ။
ဒုတိယအနေနဲ့ Customize menu ကို ပြင်ဆင်ရန် click
လိုက်ပါက အောက်ပါအတိုင်း တွေ့ရပါမယ်။
Menu
audio နေရာမှာ သီချင်း
ဖိုင် တစ်ဖိုင်ကို ထည့်ရင်တော့ DVD ကို
Play လိုက်တဲ့အခါ Menu ပြသချိန်မှာ သီချင်းသံ ကြားရမှာ ဖြစ်ပါတယ်။
(ယခုအခါမှာ ဓာတ်ပုံ Slide Show အတွက် သာ ပြောပြနေတဲ့အတွက်
Foreground video နဲ့ Background video အကြောင်းတို့ကို
မပြောပြတော့ပါဘူး။ Video ဖိုင် burnခြင်း အကြောင်းကို ပြောပြပြီးတဲ့ အခါမှသာ ကိုယ်တိုင် စမ်းသပ်ပြီး ဗီဒီယို ဖိုင်ထည့်ကြည့်ကြပါ။ အဲ့ဒိအခါ Menu ပြသချိန်မှာ ကိုယ်ထည့်လိုက်တဲ့ ဗီဒီယို
ဖိုင်က menu မှာ play နေမှာ ဖြစ်ပါတယ်။ )
တတိယအနေနဲ့ Slide Show ကို Click ပြီးဝင်လိုက်ရင်
အောက်ပါ ပုံ အတိုင်း တွေ့မြင်ရပါမယ်။
ကျွန်တော်တို့ ထည့်ခဲ့တဲ့ ဓာတ်ပုံအရေအတွက်က
၂၂ပုံဖြစ်ပြီး၊ သီချင်းကတော့ ၃ပုဒ်ထည့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Music Length ဟာ သီချင်း ၃ပုဒ်စာ ၁၁မိနစ်၊
၄၄ စက္ကန့် ဖြစ်နေပြီး၊ ဓာတ်ပုံ Slide show
ကတော့ ၂မိနစ်၊ ၃၄စက္ကန့် ဖြစ်နေပါတယ်။ ဒါ့ကြောင့် ဓာတ်ပုံ ပြသခြင်း ပြီးဆုံး သွားသော အခါမှာ သီချင်းကတော့ အမည်းရောင်
Screen ပေါ်မှာ ဆက်လာနေမှာ ဖြစ်ပါတယ်။ ဒါကို ချိန်ညှိရန်အတွက် အထက်ပါပုံမှာ မြှား ပြထားတဲ့ Change slide show length to match music length ကို ကလစ်ပြီး အမှတ် ခြစ်ပေးလိုက်ပါ။ Use
pan and zoom effects pictures
မှာ အမှတ် ခြစ်ပေးရင်တော့ ဓာတ်ပုံကို Slide
show ပြတဲ့အခါမှာ နီးလာလိုက်၊ ဝေးသွားလိုက်ဖြင့် zoom effect ပြသပေးမှာ
ဖြစ်ပါတယ်။ အောက်ပါပုံကတော့ Change slide show length to match music
length မှာ အမှတ်ခြစ်လိုက်တဲ့အတွက် Picture
length မှာ 7 seconds မဟုတ်တော့ဘဲ
32 seconds ဖြစ်သွားတာကိုမြင်ရမှာပါ။ Transition မှာ ရွေးချယ်စရာကတော့
Slide Show ပြသပုံ အမျိုးမျိုး ပဲ ဖြစ်ပါတယ်။ စိတ်ကြိုက် ပြုပြင်ပြီးသွားရင် Change Slide Show ကို နှိပ်ကာ ပြန်ထွက် လိုက်ပါ။
Slide Show ပြသပုံ အမျိုးမျိုး ပဲ ဖြစ်ပါတယ်။ စိတ်ကြိုက် ပြုပြင်ပြီးသွားရင် Change Slide Show ကို နှိပ်ကာ ပြန်ထွက် လိုက်ပါ။
Menu
Styles များမှာတော့
ရွေးချယ်စရာ စုံလင်စွာရှိပါတယ်။ အောက်ပါပုံအတိုင်း Menu Style တစ်ခုကိုရွေးချယ်ကြည့် လိုက်ပါတယ်။ အဲ့ဒိ အခါမှာ ကိုယ်ပြုပြင် ထားခဲ့တဲ့ မြန်မာစာတွေ က လေးထောင့်တုံးတွေ
ဖြစ်သွားပါမယ်။ ဒါဆိုရင်တော့ အထက်မှာ ပြောခဲ့တဲ့အတိုင်း Menu text
မှ ဝင်ရောက်ကာ Font နေရာမှာ Zawgyi-One ကိုပြန်လည်ရွေးချယ်ပေးလိုက်ပါ။
Preview
ကို နှိပ်လိုက်ပြီး
ကိုယ်ဖန်တီးလိုက်တဲ့ Slide Show လေးကို
ကြည့်ကြရအောင်။ အောက်ပါအတိုင်း Generate လုပ်နေသည်ကို
တွေ့ရမှာပါ။
Preview ကို ဒီလိုမြင်ရပါမယ်။
OK
ကို နှိပ်ကာ ပြန်ထွက်ပြီး
Burn ကိုနှိပ်လိုက်ရင်တော့ အောက်ပါအတိုင်း
Encode ပြုလုပ်ကာ ခွေဘန်းနေပါလိမ့်မယ်။ Encoding
ပြီးဆုံးသွားရင်တော့ အခွေထွက်လာပါပြီ။
“ Video ဖိုင်များကို
Burn ခြင်း ”
Video ဖိုင်များ Burn နိုင်ရန်မှာ အထက်ပါ ဓာတ်ပုံ Slide Show ပြုလုပ်ခြင်း နှင့် အတူတူပင်ဖြစ်ပြီး တစ်ချက်ပဲ သိထားဖို့လိုပါတယ်။ Add items ဖြင့် ပေါင်းထည့်ရန်
ပြင်ဆင်သောအခါ ပုံပါအတိုင်း Video Files
ရွေးချယ်ရာမှာ Format type မှန်ကန်ဖို့ပဲလိုပါတယ်။ ဥပမာ - .avi,
.mpg, .m1v, .mpeg, .mpv2, .wm, .wmv, အစရှိသဖြင့် Format တွေသာရရှိ နိုင်ပြီးတော့ MP4, 3gp ကဲ့သို့သော Format များကို လက်ခံမှာ မဟုတ်တဲ့အတွက် Format Factory (သို့မဟုတ်) Format Converter တစ်ခုခု ဖြင့် Format ပြောင်းလဲပြီးမှ သာ အခွေ burn ကြဖို့ကို ပြောပြချင်ပါတယ်။
ကောင်းထက်ထွန်း
Related posts
Share this post
0 ယောက် Comment ပေးသွားတယ်: