ဆရာU Sann Oo (MIS, Mandalay) ၏မူရင်း စာအုပ်များကို ပြန်တင်ပေးခြင်းနှင့် တောင်းပန်ခြင်း
ဆရာ U Sann Oo (MIS, Mandalay) ရဲ့ စာအုပ်တချို့ကို ခွင့်ပြုချက်မယူဘဲ
ဝေမျှမိထားတဲ့ စာအုပ်သုံးအုပ်ရဲ့ မူရင်း Pdf စာအုပ်တွေကို ပြန်လည်
တင်ပေးလိုက်ပါတယ်။ ဖေ့ဘုတ်စာမျက်နှာမှာ
ရေးထားတာ တချို့က မူရင်း
စာအုပ်စာမျက်နှာတွေကို ဖျက်ပစ်ပြီး ကိုယ်တိုင် ရေးသလိုလို
တင်တယ်လို့
ရေးထားတာကို တွေ့ရှိရပါတယ်။ မဟုတ်ရပါဘူးခင်ဗျာ၊ စာအုပ်ထဲမှာ
ရေးထားတာကိုက နည်းပညာစာအုပ်များကို ဝေမျှပေးခြင်း *သာ* ဖြစ်ပါသည်။ လို့
ရေးထားခဲ့တာပါ။ ဆရာ့ကိုလည်း အနူးအညွန့်တောင်းပန်ပါတယ်။ ဒါကြောင့်
မူရင်းစာအုပ်တွေကို ပြန်တင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ကျောင်းလခလေးထဲက
တတ်နိုင်သမျှငွေအနည်းငယ်ဖြင့်.. ၀ယ်ယူထားတဲ့ စာအုပ်တွေကို ပြန်ဝေမျှပေးခြင်း သဘောသာ
ဖြစ်ပါတယ်။ အခြားမည်သည့်စိတ်နှင့်မျှ ဖျက်လိုဖျက်ဆီး
စိတ်ဓာတ်မရှိခဲ့တာအမှန်ပါခင်မျာ..ဒီစာအုပ်လေးတွေက
ကိုယ်အရင်တွေ့တယ်..ဒါကြောင့် အခြားသူတွေထက် ဦးအောင်
..ကိုယ်အရင်တင် ထားတယ်ဆို တာလေးလဲ သိအောင်..ကိုယ့်ဆိုဒ်ကိုလည်းကြော်ငြာပီးသားဖြစ်အောင်
လိပ်စာတပ်လိုက်တဲ့
သဘောပါ..ထို့အတွက်ကြောင့်ဆရာအားစော်ကားပစ်မှားမိသလိုဖြစ်သွားခဲ့ရင်
ကျနော်တို့ Myanmar IT Helper Groups နဲ့ IT Field Network တို့မှအနူးအညွှန့် ထပ်မံတောင်းပန်အပ်ပါတယ် ခင်ဗျာ။
လေးစားစွာဖြင့် www.itfieldnet.com
Related posts
Share this post
0 ယောက် Comment ပေးသွားတယ်: