-->

Samsung Galaxy Ace Plus S7500 ကို Official Firmware 2.3.6 တင်မယ်

No comments
Thursday, July 11, 2013 By Kaung Htet Htun

အကြောင်းအမျိုးမျိုးကြောင့် Samsung Galaxy Ace Plus S7500 မှာ Firmware ပျက်သွားသူတို့ အဆင်
ပြေစွာ ပြန်တင်နိုင်အောင် Ace Plus Firmware တင်နည်းလေး ဝေမျှပေးလိုက်ပါတယ်။ Android version
ကတော့ 2.3.6 ပါ။ အောက်မှာ လိုအပ်တာလေးတွေ အရင်ဒေါင်းပါ။ ကွန်ပျူတာမှာ Samsung driver သွင်းထားရပါမယ်။ မသွင်းရသေးသူများ >> ဒီမှာ << ရယူပါ။

Firmware နှင့် Odin Multi Downloader ရယူရန်
  1. Odin Multi Downloader For GT-S7500.
  2. Gingerbread 2.3.6 ZSLD3 Package.
 ဒေါင်းထားတဲ့ နှစ်ဖိုင်လုံးကို အဆင်ပြေရာနေရာမှာ ခွဲထားလိုက်ပါ။ ဖုန်းကို ပါဝါပိတ်ပါ။ Volume Down +
Home button + Power button တို့ကို တွဲနှိပ်ထားပြီး Downloading Mode ကို ၀င်ပါမယ်။

ကွန်ပျူတာမှာ နံပါတ်(၁)က ဒေါင်းထားတဲ့ Odin ကို run ပါ။ PDA နေရာမှာ အမှန်ခြစ်ပြီး နံပါတ် (၂)မှာ
ဒေါင်းထားတဲ့ ဖိုင်ထဲက 7500ZSLD3_S7500HKTWLD3_S7500LD3_BRI_HOME.tar.md5 ကို ရွေး
ထည့်ပါ။ ပြီးရင် Downloading Mode ဝင်ထားတဲ့ ဖုန်းကို ကွန်ပျူတာမှာ USB ကြိုးနဲ့ ချိတ်ပါမယ်။ Odin
ရဲ့ ID:COM ဆိုတဲ့နေရာလေးမှာ အောက်ပါအတိုင်း ဝါသွားရင် Start ကို နှိပ်လိုက်ပါ။
 ID:COM နေရာမှာ အစိမ်းရောင်နဲ့ PASS ဆိုပြီးပြရင် Firmware တင်ခြင်းပြီးဆုံးသွားပါပြီ။ တစ်ခု သတိ
ထားရမှာက Firmware တင်နေစဉ်အတွင်းမှာ ကွန်ပျူတာနဲ့ ဖုန်း ချိတ်ထားတဲ့ ကြိုးကို မဖြုတ်မိပါစေနဲ့။
ဖုန်းဟာ အလိုအလျောက် Reboot ကျသွားပါလိမ့်မယ်။ တက်လာတာ အတော်ကြာနေတယ်ဆိုရင် ဖုန်း
ကို Battery ဖြုတ်၊ Volume up button + Home button + Power button အကုန်လုံး တွဲနှိပ်ပြီး Recovery mode ထဲဝင်ကာ Wipe Data/Factory reset နဲ့ Wipe Cache Partition ကို နှိပ်ပြီး ရှင်းပေး
လိုက်ပါ။ ပြီးရင် Reboot system now ကိုနှိပ်လိုက်ရင် ပြန်တက်လာပါလိမ့်မယ်ဗျာ။

Recovery Mode ထဲမှာ Volume up နဲ့ Volume down က အပေါ်အောက်သွားတာဖြစ်ပြီး၊ Power button ဒါမှမဟုတ်၊ Home button က ရွေးချယ်တာဖြစ်ပါတယ်။




Related posts

0 ယောက် Comment ပေးသွားတယ်:

ဒေါင်းနည်းမသိပါကအရင်ဖတ်ပါ

Download Link ကိုနှိပ်ပြီးလျှင် 5စက္ကန့်စောင့်ပါ၊ ပြီးလျှင် ညာဘက်အပေါ်ဒေါင့်မှ Skip ကိုနှိပ်ပေးမှသာ Download Page သို့ ရောက်ရှိမည်ဖြစ်သည်။

Proudly Powered by Blogger.