-->

Python Programming Basic (6)

No comments
Monday, July 15, 2013 By Kaung Htet Htun

သင်ခန်းစာ ၆ မှာ comparison operator နှိုင်းယှဉ်မှုပြုတဲ့ operator အကြောင်းကို ပြောပြပေးသွားမှာပါ။
comparison operator အကြောင်းမပြောခင်မှာ is equal to = အကြောင်းလေးကို မပြောရသေးလို့ အရင်
ရှင်းပါဦးမယ်။ is equal to = တစ်ခုတည်းဆိုရင် ညီမျှခြင်းလို့ ပြောလို့မရပါဘူး။ တန်ဖိုးခန့်အပ်ပေးတဲ့
Assignment operator လို့ ပဲ ခေါ်ပါတယ်။ တကယ့်ညီမျှခြင်းကို ရေးချင်တယ်ဆိုရင် is equal to = နှစ်ခု
double is equal to == လို့ ရေးရပါတယ်။ နှိုင်းယှဉ်မှုပြတဲ့ operator မှာဆိုရင် 1 နဲ့ 2 ကို ညီပါတယ်လို့
ရေးရင် False အမှားပြပါလိမ့်မယ်။ မညီမျှခြင်း not equal to ကိုရေးမယ်ဆိုရင် != ဒီလို ရေးရပါတယ်။ ပုံ
မှာလေ့လာကြည့်ပါ။

 ဒီတစ်ခါ greater than > နဲ့ less than < အကြောင်းပြောပါမယ်။ သူကလည်း အတူတူပါပဲ၊ 1 ဟာ 2 ထက်ကြီးပါတယ်လို့ သွားရေးရင် False အမှားပြပါလိမ့်မယ်။ ကြီးရင်ကြီး၊ မကြီးရင် ညီတယ်၊ greater than
or equal ကိုရေးချင်ရင် >= ဒီလိုရေးပါတယ်။ ငယ်ရင်ငယ်၊ မငယ်ရင် ညီတယ်၊ less than or equal ကို
ရေးချင်ရင် <= ဒီလိုရေးပါတယ်။ ပုံမှာလေ့လာကြည့်ပြီး စမ်းသပ်ရေးကြည့်ပါ။
စာသားတွေကိုလည်း နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ ဒါပေမယ့် တစ်ခုထူးခြားလာတာက စာသားတွေကို နှိုင်း
ယှဉ်တဲ့ အခါ အကြီးအသေးကို ဘယ်လိုခွဲလဲဆိုရင် Alphabactical အရခွဲပါတယ်။ အင်္ဂလိပ်အက္ခရာ ABCD
တွေမှာ b ဟာ a ပြီးမှ လာတာမို့လို့ b က a ထက် ပိုကြီးပါတယ်။ ပုံမှာလေ့လာပါ။ apple ဟာ banana ထက်ကြီးတယ်လို့ ရေးလိုက်တယ်။ False အမှားပြပါတယ်။
 အခြား စာသားတွေ ထည့်ပြီးတော့လည်း ရေးစမ်းကြည့်ပါ။ အားလုံးအဆင်ပြေပါစေ။

Related posts

0 ယောက် Comment ပေးသွားတယ်:

ဒေါင်းနည်းမသိပါကအရင်ဖတ်ပါ

Download Link ကိုနှိပ်ပြီးလျှင် 5စက္ကန့်စောင့်ပါ၊ ပြီးလျှင် ညာဘက်အပေါ်ဒေါင့်မှ Skip ကိုနှိပ်ပေးမှသာ Download Page သို့ ရောက်ရှိမည်ဖြစ်သည်။

Proudly Powered by Blogger.