Python Programming Basic (3)
Posted in Python Programming
No comments
Tuesday, July 9, 2013 By Kaung Htet Htun
သင်ခန်းစာ နံပါတ် (၂)မှာ ပေါင်း၊ နှုတ်၊ မြှောက်၊ စားနဲ့ ပတ်သက်လို့ အတော်များများသွားကြပြီဖြစ်မှာပါ။
အခု ဆက်လိုက်ကြရအောင်။ အစားမှာ 10 ကို 3 နဲ့ စားရင် အကြွင်း 1 ရမယ် ဆိုတာ ကလေးတွေတောင်
သိပါတယ်။ ဒါပေမယ့် Python က 10/3 လို့ သွားပြောရင် သူက နားလည်မှာ မဟုတ်ပါဘူး။ အဖြေ 3 လို့
ပေးပါလိမ့်မယ်။
ဒါကို ဒီလို ရှင်းရပါမယ်။ 10 ကို 3 နဲ့ စားလို့ အကြွင်းလိုချင်တယ်ဆိုရင် % ကို သုံးရပါမယ်။ Keyboard က
Shift ကီးနဲ့ 5 ကီးကို တွဲနှိပ်တဲ့ % ကိုသုံးရမှာပါ။ အောက်ကပုံကို ကြည့်ပါ။ အကြွင်း 1 လို့ ထွက်ပါတယ်။
နောက်တစ်ခု ဆက်လေ့လာကြရအောင်။ ဆတိုးကိန်းမြှောက်ခြင်းကို လေ့လာကြမယ်။ ဆတိုးကိန်းဆိုတာ
5 နဲ့ 5 မြှောက်ရင် 25၊ 25 ကို 5 နဲ့ ဆက်မြှောက်ရင် 125 ရပါတယ်။ ပြောရရင် 5 cube ပေါ့ဗျာ။ 5 သုံးခါ
မြှောက်ခြင်းပေါ့။ ဒီတော့ Python မှာ 5*5*5 လို့ ရိုက်ပြီး Enter ခေါက်ရင် 125 လို့ အဖြေမှန်ထုတ်ပေး
ပါတယ်။ တကယ်လို့ 5 ကို အခါ 20 မြှောက်ချင်တယ်ဆိုရင်ကော? ဒီလိုပဲ အလုံး20 ရေးနေဦးမှာလား?
မရေးတော့ပါဘူး။ ဒီလို လုပ်ပါမယ်။
4 ကို 5 ကြိမ်မြှောက်ချင်ရင် 4**5 လို့ ရေးပြီး Enter ခေါက်လိုက်ပါ။ 4*4*4*4*4 လို့ ရိုက်တာနဲ့ အဖြေ
အတူတူပါပဲခင်ဗျာ။ အောက်ပုံမှာ လေ့လာကြည့်ပါ။
ကဲ ! ဒီပို့စ်မှာတော့ ဒီလောက်ပါပဲခင်ဗျာ။ အပေါင်း၊ အနှုတ် အဆင်ပြေမယ်။ အစားမှာ နည်းနည်း မှတ်စရာ
ပါမယ်။ အမြှောက်မှာ ဆတိုးကိန်းမြှောက်ခြင်းတွေ ပါဝင်လာမယ်။ ဒါလေးတွေကို မှတ်ထားပေးပါခင်ဗျာ။
Related posts
Share this post
0 ယောက် Comment ပေးသွားတယ်: