Python Programming Basic (11)
သင်ခန်းစာ ၁၁ မှာတော့ for loop အကြောင်းကိုပြောပြမယ်။ for loop မစခင် for loop မှာ အသုံးဝင်တဲ့
range function အကြောင်းကို စပြောမယ်။ range function ကိုရေးကြည့်လိုက်ရင် သဘောပေါက်သွား
မှာပါ။ range function ကိုစရေးမယ်။ range ရဲ့ အနောက်က ကွင်းစကွင်းပိတ်ထဲမှာ 10 လို့ရေးပြီး Enter
ခေါက်ကြည့်ပါ။ range က 0 ကနေ 10 အောက်တန်ဖိုးတွေကို အစဉ်လိုက်ပြပေးမယ်။ programming
ဘာသာရပ်တွေမှာ ဂဏာန်းတွေကိုရေတွက်တဲ့အခါ 0 ကနေပဲ စတင်ရေတွက်တယ်။ range function မှာ
ဘယ်ဂဏာန်းကနေ စတင်စေချင်သလဲဆိုတာကို သတ်မှတ်ပေးလို့ရပါတယ်။ starting point, ending point အသုံးပြုပြီးတော့ပါ၊ range function ကိုရေးတဲ့အခါ ဘယ်ဂဏာန်းကနေ စမယ်၊ ဘယ်ဂဏာန်းမှာ ဆုံးမယ်၊ ပြီးတော့ auto increment ကို ရေးမယ်၊ ဘယ်လို တိုးသွားစေချင်သလဲပေါ့ဗျာ၊ ၃မျိုးသတ်မှတ်
လိုက်တယ်။ ဒီတော့ အောက်ကပုံကိုကြည့်ပါ၊ ဒုတိယစမ်းသပ်ခြင်းမှာ 1 ကနေစတယ်၊ 2ပေါင်းပြီးတိုးသွား
တယ်။ 15 အောက်မှာဆုံးတယ်၊ 14 မှာမဆုံးတာဘာဖြစ်လို့လဲဆိုတော့ 1 ကို2ပေါင်းထည့်သွားတော့
နောက်ဆုံး 13 မှာပဲ ဆုံးတော့တယ်။
ကနေပဲ ရေတွက်တယ်။ range function ကိုအသုံးပြုပြီး ရေးလိုက်တဲ့ 1, 4, 7, 10, 13 မှာ 1 ကို 0 နေရာ၊
4 ကို 2 နေရာ၊ 7 ကို 3 နေရာ၊ 10 ကို 4နေရာမှာ ထားပြီးတော့ ရေတွက်တယ်။ ဒီတော့ ဒုတိယစမ်းသပ်
ချက်လေးကိုကြည့်ပါ၊ kaung ကို အဖြေထုတ်တဲ့အခါ for loop ကနေ looping ပတ်ရေတွက်တော့ ko ကို
0 နေရာမှာ၊ kaung ကို 1 နေရာကနေ ရေတွက်သွားပြီး၊ htet ကို 2 နေရာကနေ ရေတွက်သွားတယ်။
for loop ကိုစရေးတော့မယ်။ for လို့ရေးပြီး blog ဆိုတဲ့ variable တစ်ခု တည်ဆောက်လိုက်တယ်။ ကြိုက်
ရာတည်ဆောက်ထားလို့ရတယ်နော်။ in ဆိုတာက for loop အလုပ်လုပ်မယ့်နေရာကို ညွှန်းတယ်၊ kaung
ထဲမှာ အလုပ်လုပ်မယ်လို့ ညွှန်းလိုက်တယ်။ kaung ထဲက 'ko', 'kaung', 'htet', 'htun' လေးခုကို blog
ဆိုတဲ့ variable က လှမ်းယူပြီးတော့ looping round လုပ်မယ်။ ဒီတော့ print ထုတ်ခိုင်းပြီး Enter နှစ်ချက်
ခေါက်ကြည့်ပါ။ kaung variable ထဲက လေးခုကို တစ်ခုစီ ထုတ်ပြတယ်။ ဘာလို့လဲဆိုတော့ blog ဆိုတဲ့
variable က kaung ထဲမှာရှိတဲ့ လေးခုကို လှမ်းယူပြီးတော့ for loop သုံးပြီး looping ပတ်၊ အဖြေထုတ်
ပေးလိုက်တယ်။
နောက်တစ်ဆင့် ထပ်တက်မယ်။ variable တစ်ခု ကြိုက်သလို တည်ဆောက်ပါ။ web လို့ တည်ဆောက်
လိုက်တယ်။ ပြီးတော့ kaung ဆိုတဲ့ variable ထဲက ရေးထားတဲ့လေးခုကို for loop သုံးပြီး လှမ်းယူလိုက်
တယ်။ print ထုတ်ခိုင်းမယ်။ အဲ့ထဲမှာ " " double code သုံးပြီး Admin name is လို့ ရေး၊ အပေါင်းလက္ခ
ဏာခံပြီး ပထမ တည်ဆောက်ခဲ့တဲ့ web ဆိုတဲ့ variable ကို ရေးလိုက်တယ်။ looping ပတ်တဲ့အခါ 0 နေရာက ko ကိုယူပြီး Admin name is နဲ့ တွဲသွားတယ်။ 1 နေရာက kaung ကိုယူပြီး Admin name is နဲ့ တွဲသွားတယ်။ အောက်ကပုံကိုကြည့်ပါ။
for loop ထဲမှာ range function ကိုထည့်သုံးမယ်၊ အထက်မှာ ပြခဲ့တဲ့ range function ကို နားလည်ရင်
ဒါကိုလည်း သဘောပေါက်ပါပြီ၊ အဓိက ပြောချင်တာက Programming ဘာသာရပ်မှာ 0 ကနေပဲ စတင်
ရေတွက်တယ်။ for loop ရေးပြီး looping ပတ်တဲ့အခါ ဘာဂဏာန်းပဲဖြစ်နေနေ၊ 0 ကနေပဲ သူသိတယ်။
0 ကနေပဲ စတင်ရေတွက်ပြီး ထုတ်ပေးတယ် ဆိုတာသိရင် for loop ကိုနားလည်သွားပါပြီ။
Related posts
Share this post
0 ယောက် Comment ပေးသွားတယ်: