C++ Programming Basic (1)
Posted in C++, C++ Programming
No comments
Wednesday, July 17, 2013 By Kaung Htet Htun
C++ ကို အစမပျိုးရသေးလို့ C++ Programရေးဖို့ လိုအပ်တဲ့ ဆော့ဝဲဒေါင်းခြင်းကနေ စလိုက်ကြရအောင်။
C++ ရေးဖို့ အတွက်လိုအပ်တဲ့ ဆော့ဝဲကို တချို့တွေက IDE သပ်သပ်၊ Compiler သပ်သပ် ဒေါင်းကြပါ
တယ်။
IDE ဆိုတာ C++ Programming အတွက် Code တွေရေးဖို့၊ Program တွေရေးဖို့ ပြုလုပ်ပေးတယ်။Compiler ဆိုတာက ကျွန်တော်တို့ ရေးထားတဲ့၊ run ထားတဲ့ Code တွေကို ကွန်ပျူတာက နားလည်တဲ့
0110 တွေ အဖြစ်၊ byte ကုဒ်တွေ အဖြစ် ပြောင်းလဲပေးတယ်။
ကျွန်တော်ရေးမယ့် သင်ခန်းစာတွေကတော့ IDE ကော၊ Compiler ကော နှစ်ခုလုံးအသုံးပြုလို့
ရမယ့် Code Block ဆိုတဲ့ Software ကို အသုံးပြုသွားမှာပါ။ ဒါကြောင့် Code Block ကို ဒေါင်းကြရပါမယ်။
>>> ဒီနေရာ <<< ကိုသွားပါ။ အောက်ပါပုံမှာ ပြထားတဲ့အတိုင်း codeblocks-12.11mingw-setup.exe
ဖိုင်ကိုပဲ ဒေါင်းမှာ ဖြစ်ပါတယ်။ ညာဘက်နားလေးမှာ BerliOS ကဒေါင်းမှာလား၊ Sourceforge.net က
ဒေါင်းမှာလား ဆိုတာ ပြထားပါတယ်။ ကြိုက်တဲ့နေရာက ဒေါင်းထားလိုက်ပါ။ ဒေါင်းပြီးသွားရင် Install ထား
လိုက်ပါ။ (ပုံတွေ သေးနေရင် ပုံပေါ်ကို ကလစ်ပြီးတော့ ကြည့်ကြပါ)
Code Block ကို install ပြီးရင် ဖွင့်လိုက်ပါ။ New Project ယူရပါမယ်။ Create a New Project ကိုနှိပ်
လိုက်ပါ။
Console application ကိုရွေးပြီး Go ကိုနှိပ်ပါ။
Skip this page next time ကို check လုပ်ခဲ့ချင်ရင်လည်း ရတယ်။ Next ကိုနှိပ်ပါ။
C++ ကိုရွေးထားရပါမယ်။ ပြီးရင် Next
Project ရဲ့ title ကို ပေးပါ၊ ပြီးရင် သိမ်းမယ့်နေရာကိုရွေးပေးပါ၊ ကျွန်တော်ကတော့ C:\ အောက်မှာ C++
ဆိုပြီး ဖိုဒါ ဆောက်ထားလိုက်ပါတယ်။ ကျန်တာပြောင်းစရာမလိုပါ။ ပြီးရင် Next
ဘာမှ မပြောင်းလဲရပါ၊ Finish ကိုနှိပ်လိုက်ပါ။
ဘယ်ဘက်ဘေးက Management ထဲမှာ sources ရဲ့ အောက်က main.cpp ကို double click နှိပ်ဖွင့်ပါ။
ဖွင့်ပြီးသွားရင် ပုံမှာပြထားတဲ့အတိုင်း build and run ကိုနှိပ်ပြီး run ပါ။
ခဏလောက်စောင့်ပြီးရင် အခုလို Hello world! program လေးပေါ်လာပါတယ်။ ကီးဘုတ်မှ ကီးတစ်ခုခု
နှိပ်ပြီး ပိတ်လိုက်ပါ။ C++ program များကို စတင်ရေးသားလို့ အဆင်ပြေပါပြီ။ Install ခြင်း၊ သင်ခန်းစာ
(၁)ကတော့ ဒီလောက်ပါပဲ။
Related posts
Share this post
0 ယောက် Comment ပေးသွားတယ်: