Android ဖုန်းအတွက် Pattern Lock နဲ့ Password Lock ဖြုတ်နည်း
Posted in Android Tutorials
No comments
Friday, July 19, 2013 By Kaung Htet Htun
Android ဖုန်းကို Pattern Lock တွေ၊ Password Lock တွေ လုပ်ထားကြပြီး မေ့သွားလို့ ပြန်မဖြုတ်တတ်
သူများအတွက် နည်းလမ်းလေးတွေ ဝေမျှပေးလိုက်ပါတယ်။
recovery mode ၀င်နည်းအမျိုးမျိုးရှိတဲ့အတွက် ကိုယ့်ဖုန်းကို recovery mode မ၀င်တတ်ဘူးဆိုရင် One
click recovery ဆော့ဝဲလေးသုံးပြီးဝင်လို့ရပါတယ်။ အရင်ဆုံး ကွန်ပျူတာနဲ့ ဖုန်းကို USB ကြိုးနဲ့ ချိတ်လိုက်
ပါ။ ကွန်ပျူတာက ဖုန်းကို မသိဘူးဆိုရင် ဖုန်းနဲ့ သက်ဆိုင်တဲ့ Driver ထည့်ဖို့လိုမယ်နော်။ One click
recovery လေးကို run လိုက်ပါ။ ဖုန်းက reboot ကျသွားပါလိမ့်မယ်။ ပြီးရင် Recovery mode ထဲရောက်
ပါပြီ၊ ရောက်ရင် အပေါ်အောက်သွားဖို့ကို volume up and down ကိုအသုံးပြုပါ၊ ရွေးချယ်ဖို့ကို Home key
ဒါမှ မဟုတ်၊ power key ကိုနှိပ်ပါ။ wipe data/factory reset ကိုနှိပ်ပါ၊ Yes or No ရွေးခိုင်းရင် Yes ကို
ရွေးပါ။ wipe Cache ကိုနှိပ်ပါ။ အားလုံးပြီးရင် Reboot System now ကို နှိပ်လိုက်ပါ။ pattern lock ပြုတ်
သွားပါပြီ။ One click recovery ဒေါင်းရန် >>> Mediafire , Zippyshare
နောက်တစ်နည်းကတော့ Screen Lock Bypass apk လေးကို အသုံးပြုနည်းလေးပါ။ အရင်ဒေါင်းလိုက်ပါ။
Screen Lock Bypass apk ဒေါင်းရန် >>> Mediafire , Zippyshare
PC Suite တစ်ခုလိုအပ်ပါမယ်။ PC suite မရှိသေးရင် ဒီမှာ ဒေါင်းပါ။ 91 PC suite ဖြစ်ပါတယ်။ Install ပြီး
ရင် ဖွင့်လိုက်ပါ။ ဖုန်းနဲ့ ကွန်ပျူတာနဲ့ ချိတ်ထားရပါမယ်။ Install app ကိုနှိပ်ပါ။ Screen Lock Bypass apk
လေးကို ရွေးပြီး ဖုန်းထဲကို ကွန်ပျူတာမှတစ်ဆင့် Install ပေးလိုက်ပါ၊ ဖုန်းကို restart ချလိုက်ပါ။ pattern
ပြုတ်သွားတာကို တွေ့ရပါမယ်။ မပြုတ်ဘူးဆိုရင်လည်း ကြိုက်သလို ဆွဲပေးလိုက်၊ ပွင့်သွားလိမ့်မယ်။
(ပုံသေးနေရင် ပုံကို ကလစ်ကြည့်ပါဗျာ)
နောက်ထပ်နည်းလမ်းလေးကတော့ ဖုန်းမှာ USB debugging လည်းအမှန်ခြစ်ထားရမယ်။ Root Access
လည်းရှိရပါမယ်ဗျာ။ root မဖေါက်ရသေးတဲ့ ဖုန်းအတွက်တော့ အဆင်မပြေပါဘူး။ Remove Pattern
ဆော့ဝဲကို အသုံးပြုရပါမယ်။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ပြီးပြီဆိုရင် Remove pattern.bat ဖိုင်လေးကို
run လိုက်ပါ။ ကီးတစ်ခုခုကိုနှိပ်ခိုင်းတယ်ဆိုရင် နှိပ်ပြီး ပိတ်လိုက်ပါ။ ဖုန်းမှာ pattern lock ပြုတ်သွားပါပြီ။
Remove Pattern ဒေါင်းရန် >>> Mediafire , Zippyshare
အားလုံးအဆင်ပြေပါစေ။
Related posts
Share this post
0 ယောက် Comment ပေးသွားတယ်: