Speed Dial အသုံးပြုနည်း၊ (Android အခြေခံ)
Posted in Android Tutorials
No comments
Monday, May 20, 2013 By Kaung Htet Htun
Speed Dial ဆိုတာက Android Device ရဲ့ Call မှာ ပါဝင်ပါတယ်။ နံပါတ် (ဥပမာ - ၃ သို့မဟုတ် ၄ အစရှိသဖြင့်) ကို အကြာကြီး နှိပ်ထားလိုက်တာနဲ့ ကိုယ်ထည့်သွင်းထားတဲ့ ဖုန်းနံပါတ်ကို ခေါ်ဆိုခြင်း
ဖြစ်ပါတယ်။ Speed Dial ကို ၀င်ပါမယ်။ (Android Setting အခြေခံမသိသေးသူများအတွက် ရည်ရွယ်ပါတယ်ဗျာ။)
ဖြစ်ပါတယ်။ Speed Dial ကို ၀င်ပါမယ်။ (Android Setting အခြေခံမသိသေးသူများအတွက် ရည်ရွယ်ပါတယ်ဗျာ။)
ဖုန်း မှာ ပါတဲ့ Menu button လေးကို နှိပ်လိုက်ပါ။
Speed Dial setting ဆိုတာ ပေါ်လာပါလိမ့်မယ်။ ၀င်လိုက်ပါ။
ပထမဆုံး နံပါတ်(၁) က Voice mail အတွက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သုံးလို့မရသေးပါ။ ကျန်တဲ့
နံပါတ်(၂) ကနေ နံပါတ်(၉) အထိဆိုရင် ဖုန်းနံပါတ် (၈) ခု သုံးလို့ရပါလိမ့်မယ်။ အပေါင်း လက္ခဏာလေး
ကို နှိပ်ပြီးတော့ Contact ကနေ ကိုယ်ထည့်ချင်တဲ့ ဖုန်းနံပါတ်ကို ရွေးထည့်ပေးပါ။ ထည့်ပြီးသွားရင်လည်း
ကိုယ်ထည့်ထားတာလေးကို တစ်စက္ကန့်လောက်ဖိထားလိုက်ရင် Replace နဲ့ Remove က ပေါ်လာပါမယ်။

ဒါဆိုရင် ကိုယ့်ရဲ့ အရေးကြီး ဖုန်းနံပါတ် တချို့ကို ခေါ်ချင်တဲ့အခါ Contact မှာ ရှာနေစရာမလိုတော့ဘဲနဲ့
နံပါတ်ကို နှစ်စက္ကန့်မျှ ဖိထားလိုက်တဲ့အခါမှာ ဖုန်းခေါ်ဆိုပြီးသား ဖြစ်သွားမှာပါ။ Speed Dial ဟာ
Direct Dial နဲ့ သဏ္ဍာန်ဆင်ပါတယ်။ ဒါပေမယ့် Direct Dial က အကန့်အသတ်မရှိ ဖုန်းနံပါတ်တွေ
လုပ်လို့ရပေမယ့် Speed Dial ကတော့ အရေအတွက် (၈) ခုသာ လုပ်လို့ရပါတယ်။

Direct Dial လုပ်ချင်ရင်တော့ ဖုန်း စကရင်ပေါ်မှာ တစ်စက္ကန့်မျှ ဖိထားပြီး Shortcut ကို ၀င်ပါ။
ပြီးရင် အလယ်နားလောက်မှာ Direct Dial ကို ၀င်ပါ။ အောက်မှာ Direct message ကိုလည်း
တွေ့မြင်ရမှာပါ။
တွေ့မြင်ရမှာပါ။
Direct Dial ကိုဝင်ပြီးရင် Contact ထဲက နာမည်၊ ဖုန်းနံပါတ်ကို ရွေးပါ။ ပြီးရင်တော့ ဖုန်း စကရင်ပေါ်မှာ
ရောက်ရှိနေမှာ ဖြစ်ပါတယ်။ ဒီ Direct Dial Shortcut လေးကို နှိပ်လိုက်တာနဲ့ ဖုန်းခေါ်ဆိုမှာ ဖြစ်ပါတယ်။
ရောက်ရှိနေမှာ ဖြစ်ပါတယ်။ ဒီ Direct Dial Shortcut လေးကို နှိပ်လိုက်တာနဲ့ ဖုန်းခေါ်ဆိုမှာ ဖြစ်ပါတယ်။
Related posts
Share this post
0 ယောက် Comment ပေးသွားတယ်: