91 pc suite
Mobile ဆိုင်တိုင်းအတွက်လည်း မရှိမဖြစ်၊ Android Device ကိုင်ဆောင်သူတိုင်းအတွက်လည်း လိုအပ်တဲ့
PC Suite လေးတစ်ခုဖြစ်ပါတယ်။ 91 PC Suite တစ်ခုတည်းနဲ့ လုပ်ဆောင်နိုင်စရာတွေ များစွာပါဝင်
ပါတယ်။ လုပ်ဆောင်ချက် တချို့ကို ဖော်ပြပေးလိုက်ပါတယ်။
* Contact များ၊ SMS များကို Backup လုပ်ခြင်း၊
* ဖုန်းကို Screen Shot ရိုက်နိုင်ခြင်း၊
* Android Version 2.2.2 မှ 2.3.6 အတွင်း Root လုပ်နိုင်ခြင်း၊
* ဖုန်းကို တိုက်ရိုက် apk များ Install လုပ်နိုင်ခြင်း၊ ... အစရှိသဖြင့် လုပ်ဆောင်နိုင်ပါတယ်။
ဖိုင်ဆိုဒ်က 28.9 MB ရှိပြီးတော့ Install ရတာ လွယ်ကူပါတယ်။ ဘာ Key မှ ထည့်စရာမလိုအပ်
ပါဘူး။ လုပ်ဆောင်ချက် Screen Shot လေးတွေကြည့်ရအောင်။
စတင်ဖွင့်ဖွင့်ချင်းမှာ မြင်ရမယ့် ပုံစံ ဖြစ်ပါတယ်။ ဒါပေမယ့် ဖွင့်ဖွင့်ချင်းမှာ English လိုမပေါ်ဘဲ တရုတ်စာ
တွေ ပေါ်နေရင်တော့ အောက်ပါပုံမှာ ပြထားတဲ့အတိုင်း Android အရုပ်လေးကို ကလစ်ပါ။ ပေါ်လာတဲ့
စာတွေထဲက သုံးကြောင်းမြောက်ကို ရွေးချယ်ပါ။ အဲ့ဒိထဲကမှ အောက်ဆုံးမှာ English ဆိုတာရှိပါတယ်။
ဒီလိုရွေးချယ်ပေးထားရင် အင်္ဂလိပ်လို မြင်ရမှာပါ။
Contact များကို Backup လုပ်ချင်ရင်တော့ ဒုတိယမြောက် Tab ဖြစ်တဲ့ Management ကိုဝင်ပါ။ Contact ကို နှိပ်ပါ။
Contact box ကျလာရင် အပေါ်နားက Export ကိုနှိပ်ပါ။ Excel နဲ့ (ကိုယ်ကြိုက်ရာနဲ့) သိမ်းပါ။
Screen Shot ရိုက်မယ်ဆိုရင်တော့ စတုတ္ထမြောက် Tab ဖြစ်တဲ့ Media ကိုနှိပ်ပါ။ Screen Snap ကိုနှိပ်ပါ။
ကိုယ့်ဖုန်းနဲ့ ချိတ်ထားတယ်ဆိုရင်တော့ Screen Shot ရိုက်နိုင်ပြီ ဖြစ်ပါတယ်။
သဖြင့်ကို Root နိုင်ပါတယ်။
ဖုန်းကို တိုက်ရိုက် apk ဖိုင် Install ရန်အတွက်ကတော့ ဘယ်ဘက် ထိပ်ဆုံး က App ဆိုတဲ့ Tab လေးကို
နှိပ်ပါ။
ပြီးရင် ထိပ်ဆုံးက Install App ကိုနှိပ်ပြီး ကိုယ် Install ချင်တဲ့ apk ကို ရွေးချယ် Install နိုင်ပါတယ်။
Related posts
Share this post
0 ယောက် Comment ပေးသွားတယ်: