-->

Warring:Unresponsive script error in Firefox !! ပြဿနာဖြေရှင်းနည်း !!

No comments
Tuesday, November 26, 2013 By ရန်ကုန်သား

အခုဆိုဒ်တော်တော်များများမှာ လာလည်တဲ့လူတွေအများဆုံးကြုံတွေနေရတဲ့ ပြဿနာကတော့
Warring:Unresponsive script error in Firefox  ဆိုတဲ့ ပြဿနာပါပဲ ဒီစာတန်းဝင်လာရင် ဘာမှကို
ဆက်လုပ်လို့မရတော့ပါဘူး။ စက်တစ်ခုလုံးရပ်ထားရတဲ့အနေအထားပါပဲ။ ကျွန်တော်ဘလော့စ်မှာလည်း
မကြာသေးခင်ကပဲ လာရောက်ပြောဆိုသွားပါတယ်။ လာလည်တိုင်းဒီလိုအမြဲဖြစ်နေတဲ့အကြောင်း
ဒီပြဿနာကိုဖြေရှင်းပေးဖို့အောက်မှာဘယ်လိုလုပ်ရလဲဆိုတာ ပုံလေးတွေနဲ့ရှင်းပြပေးသွားပါမယ်။
အရင်ဆုံးမိမိအသုံးပြုနေတဲ့ Firefox ကနေပြထားတဲ့အတိုင်း about:config  လို့ထည့်ပြီးရိုက်လိုက်ပါ။
(without quotes)..ကော်ပီကူးပြီးထည့်လဲရပါတယ်။စာလုံးမခြားပါနဲ့...


ပြီးရင် Firefox ရဲ့ သတိပေးတဲ့စာတန်းပေါ်လာပါမယ်။ ဘာမှမကြောက်ပါနဲ့ "I"II be careful,I promise!
ဆိုတဲ့ စာပေါ်လာရင် နှိပ်လိုက်ပါ။
ပြီးရင်အောက်မှာပြထားတဲ့ ပုံပေါ်လာပါမယ်။

dom.max_script_run_time ဆိုတာကို Search ထဲမှာထည့်ပြီး Enter ခေါက်လိုက်ပါ။
 Search ဘောက်ထဲမှာထည့်လိုက်တာနဲ့ အခုလိုပေါ်လာပါမယ်။  အောက်မှာစာတန်းတစ်ခုပေါ်လာရင်
အဲ့ဒီ့စာတန်းပေါ်မှာ  double click နှိပ်ပြီး Enter ခေါက်လိုက်ပါ။ နောက်ထပ်ဘောက်တစ်ခုကျလာပါမယ်။

ကျလာတဲ့ဘောက်ကနေ ပုံမှန်အားဖြင့် 10 Value ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကျွံန်တော်တို့က
20 လို့ပြောင်းပေးလိုက်ပါ။ ပြီးရင် Ok နှိပ်လိုက်ပါ။ ပြီးရင် ကျွန်တော်တို့ new tab ဖွင့်လိုက်ပါ။
ရှိနေတဲ့ tab တွေကိုအကုန်ပိတ်လိုက်ပါ။ ပြီးရင် Firefox ဘောက်ကို Restart လုပ်လိုက်ပါ။
ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။ ပြီးရင်ကျွန်တော်တိတို့  Warring:Unresponsive script error ဆိုတဲ့
ပေါ်တဲ့ဆိုဒ်ကို သွားကြည့်ပါ။ ပေါ်သေးလားဆိုတာ လက်တွေ့စမ်းသပ်ကြည့်လိုက်ပါ။
အရင်လိုမပေါ်တော့ဘူးဆိုတာ လက်တွေ့တွေ့ရမှာပါ။ Flash error ပြတဲ့ဘောက်ကတော့ ပိတ်လိုက်ရင်
ပြောက်သွားမှာပါ။ Warring:Unresponsive script error ဆိုတဲ့ဘောက်ကြီးကတော့ ပေါ်လာစရာ
အကြောင်းမရှိတော့ပါဘူး။  အားလုံးပဲ ကျေးဇူးတင်ပါတယ်။

ကြော်ငြာလေးတစ်ချက်လောက်ကလစ်ခဲ့ပါချစ်သူငယ်ချင်းတို့ရေ.....

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။


                                               www.mm-knowledge.com


                                                      နည်းပညာမြို့တော်

Download လုပ်ရန်အတွက် 5 second စောင့်ပါ၊ ပြီးရင် SKIP AD ကိုနှိပ်ပြီး ဒေါင်းပါ။ Download Link တွေ မရရင် Comment ပေးပြီး ပြောခဲ့ပါ၊ ပြန်ပြင်ပေးပါ့မယ်။ အဆင်ပြေတယ်ဆိုရင် ပြန်ခါနီး ကြော်ငြာလေးများကို တစ်ချက်မျှ ကလစ်ပေးသွားကြပါ။ :D

Related posts

0 ယောက် Comment ပေးသွားတယ်:

ဒေါင်းနည်းမသိပါကအရင်ဖတ်ပါ

Download Link ကိုနှိပ်ပြီးလျှင် 5စက္ကန့်စောင့်ပါ၊ ပြီးလျှင် ညာဘက်အပေါ်ဒေါင့်မှ Skip ကိုနှိပ်ပေးမှသာ Download Page သို့ ရောက်ရှိမည်ဖြစ်သည်။

Proudly Powered by Blogger.