-->

APK ကို မြန်မာမှုပြုခြင်း အသေးစိတ်

11 comments
Thursday, June 6, 2013 By Kaung Htet Htun

Android Device မှာ Install ပြီး ဆော့ကစားကြတဲ့ ဂိမ်းလေးတွေ၊ Facebook, Twitter ကဲ့သို့သော Social
app လေးတွေ၊ စက်ကို အမှိုက်ရှင်းပေးတဲ့ app လေးတွေကို ကိုယ်တိုင် မြန်မာမှုပြုနိုင်စေဖို့ အသေးစိတ်
ဖော်ပြပေးလိုက်ပါတယ်။ တချို့တွေစမ်းသပ်ကြည့်ကြတဲ့အခါမှာ အခက်အခဲလေးတွေ ရှိနေကြသေးတာမို့
လို့ ဒီလို အသေးစိတ် ဖော်ပြပေးလိုက်တာပါ။ အရင်ဦးဆုံး ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာ JDK (Java Development Kit) ရှိနေဖို့ လိုအပ်ပါတယ်။ Java ကို Install လုပ်နည်း နဲ့ ထည့်သွင်းနည်း အသေးစိတ်ကို
"Java ကို Install စတင် ပြုလုပ်ခြင်း" မှာ သွားရောက် ဖတ်ရှု နိုင်ပါတယ်။ ဒါဆိုရင် ကွန်ပျူတာမှာ Java
ထည့်သွင်းပြီးပြီ လို့ ယူဆလိုက်ပါတော့မယ်။ ဒေါင်းစရာ ဖိုင် နှစ်ဖိုင်ရှိပါတယ်။ မူရင်း Download Link ကတော့ >>> http://apkmultitool.com/?q=node/5  ဖြစ်ပါတယ်။


ဒါပေမယ့် Frame Work ဖိုင်ကို ဒေါင်းဖို့ ရှာမတွေ့ကြတဲ့အတွက် MediaFire မှာ တင်ထားပေးပါတယ်။
APK-Multi-Tool ကို Down ရန် >>> Download <<<
Framework ကို Down ရန်      >>>Download <<<

ဒေါင်းလို့ ရရှိလာတဲ့ zip ဖိုင် နှစ်ဖိုင်ပေါ်ကို Right Click နှိပ်ကာ Extract Here ဖြင့် နှစ်ဖိုင်လုံးကို ခွဲလိုက်ပါ။

ခွဲပြီးသွားရင် framework-res_api16.apk ကို ကော်ပီကူးပြီး APK-Multi-Tool ဖိုဒါထဲကို ထည့်ပါ။

အဲ့ဒိ framework-res_api16.apk ဖိုင်ကို Rename ပြောင်းပါမယ်။ framework-res.apk လို့ပြောင်းလိုက်
ပါ။ ပြီးရင် other ဖိုဒါထဲကို ထည့်ပေးလိုက်ပါ။ တစ်ခုပြောချင်တာက Rename ပြောင်းတဲ့ အချိန်မှာ ဂရု
စိုက်ပေးပါလို့ ...။

နောက်တစ်ဆင့်ကတော့ Setup.bat ဖိုင်ကို Double Click နှိပ်ကာ Run ပေးပါ။ ပြီးသွားရင် Frame Work
ကို Install ဖို့အတွက် 2ကို ရိုက်ကာ Enter ခေါက်ပါ။

ပြီးရင် 1 ကို ထပ်ရိုက်ပြီး Enter ခေါက်ပါ။

framework ကိုတွေ့ရှိပြီး Install လုပ်ပါလိမ့်မယ်။ Press any key to continue ... ဆိုရင် ကီးဘုတ်မှ ကီး တစ်ခုခု နှိပ်ပေးလိုက်ပါ။

ပြီးရင် (ပိုရှင်းသွားအောင်) Setup.bat ကို ပိတ်ပြီး တစ်ခါ ပြန်ဖွင့်ပါ။ 3 လို့ ရိုက်လိုက်ပြီး Enter ခေါက်လိုက်
ရင် ပုံမှာ ပြထားတဲ့ အတိုင်း ဖိုဒါ အသစ်တွေကို တွေ့ရှိရမှာပါ။ 

 _______________________________________________________________________

လုပ်ငန်းစဉ် တော်တော် များများကို ပြီးမြောက်သွားပါပြီ။ မြန်မာမှုပြုဖို့ အတွက် စတင်ပါတော့မယ် ....။
place-apk-here-for-modding ဖိုဒါထဲကို ကိုယ် မြန်မာမှုပြုချင်တဲ့ apk ဖိုင်ကို ထည့်ပါ။ ကျွန်တော်က
တော့ နမူနာအနေနဲ့ Facebook.apk တစ်ခုကို ထည့်လိုက်ပါတယ်။

တစ်ခု သတိထားဖို့ ပြောချင်တာကတော့ ကိုယ်ထည့်လိုက်တဲ့ apk ဖိုင်ရဲ့ နာမည်ဟာ လုံးဝ Space မခြား
ရပါဘူး။ ဒါဟာ အရေးကြီးပါတယ်။ ပြီးရင်Script.bat ဖိုင်ကို Double Click နှိပ်ကာ Run လိုက်ပါ။ ကိုယ်
ထည့်လိုက်တဲ့ apk ဖိုင်ကို ရွေးချယ်ပေးဖို့ အတွက် 24 ကို ရိုက်ပြီး Enter ခေါက်ပါ။

place-apk-here-for-modding ဖိုဒါထဲမှာ apk ဖိုင် များများထည့်ထားရင် များများပေါ်နေမှာပါ။ ကျွန်တော်
ကတော့ ခုနက ထည့်ထားလိုက်တဲ့အတိုင်း Facebook.apk ဆိုတာတစ်ခုတည်းရှိနေလို့ တစ်ခုတည်း ပေါ်
နေပါတယ်။ အဲ့ဒါလေးကို ရွေးချယ်ဖို့ 1 ကိုရိုက်ပြီး Enter ခေါက်ပါ။

apk ကို Decompile ခွဲမှာ ဖြစ်တဲ့ အတွက် 9 လို့ ရိုက်ပြီး Comment ပေးလိုက်ပါ။  ဒါဆိုရင်တော့ ခွဲနေပါ
လိမ့်မယ်။ ဖိုင်ရဲ့ ဆိုဒ် အကြီးအသေးကို မူတည်ပြီး ကြာချင်ကြာပါလိမ့်မယ်။

ခွဲပြီးသွားရင်တော့ Projects ဆိုတဲ့ ဖိုဒါထဲမှာ ကိုယ်ခွဲထားတဲ့ Facebook.apk ဖိုဒါကြီး ရောက်ရှိလို့နေပါပြီ။
Script.bat ဖိုင်ကြီးကိုတော့ မပိတ်သေးဘဲ Minimize လုပ်ထားလိုက်ပါ။ 

မြန်မာ လို စာတွေ ထည့်နိုင်ဖို့ အတွက် အဲ့ဒိ Facebook.apk ဖိုဒါထဲကို ၀င်ပါ။ ပြီးရင် res ဖိုဒါထဲကို ၀င်ပါ။
အဲ့ထဲကမှ values ဖိုဒါထဲမှ strings ဆိုတဲ့ xml ဖိုင်လေးကို ဖွင့်လိုက်ပါ။

ပြီးရင် အောက်ပါပုံအတိုင်း </string> ဆိုတာလေးရဲ့ရှေ့က အင်္ဂလိပ်စာတွေကို သင့်တော်သလို မြန်မာ
စာ ပြောင်းပါ။

အားလုံးပြောင်းပြီးရင်တော့ သိမ်းပါမယ်။ File ကို နှိပ်ပြီး Save as... ကို နှိပ်ပါ။

အဲ့နောက် အောက်ပါအတိုင်း Save as type မှာ All Files ကို ရွေးထားပါ။ Encoding မှာ UTF-8 ကို ရွေး
ပေးပါ။ ပြီးရင်တော့ Save ပေါ့...။

ဖိုင်က ရှိပြီး သားဖြစ်ပါတယ်... အစားထိုးမှာလား ??? ဆိုပြီးမေးလာရင် Yes ကို နှိပ်ပေးလိုက်ပါ။
  

Script.bat ဖိုင်ကို ပြန်သွားပါ။ ကိုယ့်ရဲ့ apk ဖိုင်က System apk မဟုတ်ရင် 12 ကို ရိုက်ပါ။  System apk
ဆိုရင်တော့ 11 ကိုရိုက်ပါ။ အခု Facebook.apk အတွက်ကတော့ System apk မဟုတ်လို့ 12 လို့ပဲ ရိုက်
လိုက်ပါ။ ပြီး ရင် Enter ခေါက်၊ ခဏစောင့် ! :D

1, 2, 3, 4 ရွေးစရာ မေးလာရင် 2 ကို ရွေးပေးပြီး Enter ခေါက်လိုက်ပါ။ 

ပြီးရင် apk ကို Sign လုပ်ရန် အတွက် 13 လို့ ရိုက်ပြီး Enter ခေါက်ပါ။ 

အားလုံးပြီး သွားပါပြီခင်ဗျာ ...... ။ ကိုယ် မြန်မာမှုပြုထားတဲ့ apk လေး ကို တွေ့ချင်ရင်တော့ place-apk-here-for-modding ဖိုဒါထဲကို ပဲ ပြန်သွားလိုက်ပါ။ မူရင်း apk က Facebook.apk ဖြစ်ပြီး၊ မြန်မာမှု
ပြုထားတဲ့ apk ကတော့ SignedFacebook.apk ဖြစ်ပါတယ်။

ဒီလိုနည်းနဲ့ပဲ တခြား ဖိုင်တွေ ဖြစ်တဲ့ drawables ဖိုဒါတွေထဲကို လျှောက်ဝင်ကြည့်ပြီး ပုံ လေးတွေကိုလည်း
ပြုပြင်ပြောင်းလဲနိုင်ပါသေးတယ်ဗျာ.....။ တခြား apk ဖိုင် ( ဂိမ်းတွေ၊ စက်ရှင်းတဲ့ ဆော့ဝဲတွေ) ကိုလည်း
စမ်းသပ်ကြည့်ကြပါဗျာ...။

:o  ...  ဟူး ... ပီး တွား ပီ !!! :P 
အားလုံးကို ကျေးဇူးတင်ပါတယ် ...။ 
ဖတ်ရှုပေးတဲ့ အတွက် .... :D


11 comments:

  1. ဟဟ ကောင်းတယ် အားေ ပေး သွားတယ် ကွာ အရမ်းကောင်း ပါတယ်

    ReplyDelete
  2. နာမည်လဲ သေ ချာပြောင်း ပါတယ် OTHER ထဲကိုလဲ သေချာ ထည်က ပါတယ် framework မတွေ့ ဘူး ဖြစ်နေတယ် EDARR တဲ့ ဗျာ နည်းနည်း ပြောပြ ပါဦး ခင်မင်လေး စားစွာ ဖြင့် အောင်လေး (နည်းပညာ & သတင်း)

    ReplyDelete
    Replies
    1. Java ကိုသေချာInstallသလား ဆိုတာသေချာ ပြန်ကြည့်ပေးပါ။ ပြီးတော့ framework ကို rename ပြောင်းတုန်းက framework-res.apk လို့မဟုတ်ဘဲ framework-res.apk.apk လို့ဖြစ်နေတတ်ပါတယ်။ အဲ့ဒိအပိုင်းလေးတွေပြန်စစ်ပြီးစမ်းကြည့်ပါနော်။ အခုဒီစာကိုဖုန်းသုံးပြီး ရေးနေရတာမို့လို့ ခရီးမတွင်ဘူးဗျာ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ :D ကျွန်တော့်ကို အဆင်မပြေရင် ထပ်မေးပေးပါ။

      Delete
    2. ကျွန်တော်အသေးစိတ်ရေးပေးထားတာဖြစ်ပါတယ်။ ဒီနည်းအတိုင်း သေချာလိုက်လုပ်ရင်, အမှားအယွင်းမရှိရင် အဆင်ပြေမှာပါ။ အစကနေ ပြန်ဖတ်ပေးပါနော်။ အဆင်ပြေပါစေ။

      Delete
  3. ဟုတ်ကျေး ဇူး ပါ အဲဒါက ရသွားပြီ ဗျ ကိုယ့်ရဲ့ apk ဖိုင်က System apk မဟုတ်ရင် 12 ကို ရိုက်ပါ။ System apk
    ဆိုရင်တော့ 11 ကိုရိုက်ပါ။ အခု Facebook.apk အတွက်ကတော့ System apk မဟုတ်လို့ 12 လို့ပဲ ရိုက်
    လိုက်ပါ။ ပြီး ရင် Enter ခေါက်၊ ခဏစောင့် ! :D အဲ အဆင့် ကနေ စ ပြီး မရ ဘူးဗျ 12 လဲရ ဘူး 11 လဲ ရ
    ဘူးဗျ အကုန်ပြင်ပြီးပြီ အဆင်ပြေ သွား ပါတယ် ထုတ် တာမရ ဘူး ဗျ ငါး ခုလောက်လုပ် ကြည့်တယ်မရ ဘူး ပြော ပြ ပေး
    ပါဦး
    အောင်လေး (နည်းပညာ & သတင်း)
    www.aunglaybc.tk

    ReplyDelete
  4. ဟုတ်ကဲ့၊ ကိုအောင်လေးရေ၊ < / string > ရဲ့ ရှေ့က စာတွေကိုပဲ ပြင်လို့ရမှာပါ၊ သူ့ရဲ့ Comment Line တွေ၊ Comment စာသားတွေကိုတော့ သွားပြင်လို့ရမှာမဟုတ်ပါဘူး။
    ပြီးတော့ သိမ်းတဲ့အခါ UTF-8 နဲ့ သိမ်းမှကို ရမှာပါ။ Save as Type မှာ All Files ဖြစ်မဖြစ် ပြန်ကြည့်ပေးပါ၊

    စစချင်း ဖွင့်ခဲ့တဲ့ Script.bat ကိုမပိတ်ရပါဘူး။
    System apk တွေ ဘာတွေ မစဉ်းစားပါနဲ့၊ 12 ကိုပဲ ရိုက်ရမှာပါ၊ 12 ဆိုတာ Compile ပြန်ပေါင်းထုပ်ခြင်း ဖြစ်ပါတယ်။ 12ရိုက်ပြီးရင် နံပါတ်ရွေးခိုင်းပါလိမ့်မယ်။ 2 ကိုရွေးပေးရမှာပါ။
    ပြီးရင် Signed လုပ်ပါမယ်။ 13ကိုရိုက်ပေးပါ။

    ဒါဆိုရင်တော့ အဆင်ပြေလောက်မှာပါ။ စာပြင်တဲ့နေရာမှာ သတိထားရမှာ ဖြစ်ပါတယ်။ စာနည်းနည်းလေးလောက်ပဲ ပြင်ကြည့်ပြီး (အများကြီးမပြင်ပါနဲ့) ပြန်ပေါင်းထုပ်ကြည့်လိုက်ပါ။

    Thanks a lot! Fri:

    ReplyDelete
  5. ကောင်းလိုက်တာ အကိုရေ အမောခံပီး ရှင်ပြပေးတာ ကျေးဇူးကမ္ဘာပါ အကို ဆက်လက်၍ များများတင်ပေးပါနော်....။

    ReplyDelete
  6. အကို နံပါတ်ရွှေခိုင်းရင် ရွှေးလိုက်တာဟုတ်ပါပြီ နံပါတ်မရွှေးခိုင်းရင်ေ၇ာ ဘာကိုနှိပ်ရမှတ်လည်း apk တစ်ခုကို ပြင်ပြီးလို့ ပြီးသွားပြီးဆိုပါဆို့ နှောက် apk တစ်ခုကို ပြင်ချင်ရင် ဘယ်နေရကနေ ပြန်စရမှတ်လည်း zip ဖိုင်ကိုပဲ ပြန်ပြေပြီး အစကနေပြန်သွားရမှာလား

    ReplyDelete
  7. apk ရဲ့ icon change ချင်​ရင်​ ဘယ်​လိုချိန်းရမလည်း ဒါကအဆင်​​ပြေသွားပါပြီအကို ​ကျေးဇူးပြုပြီး​တော့ apk icon change နည်း​လေးတင်​​ပေးပါလားဗျာ

    ReplyDelete
  8. viber မှာ values ဖိုဒါထဲမှ strings ဆိုတဲ့ xml ဆိုတာရှာမတွ့ဘူး FACEBOOKတစ်ခုထဲရတာလား ကူညီပါအုန်း

    ReplyDelete

ဒေါင်းနည်းမသိပါကအရင်ဖတ်ပါ

Download Link ကိုနှိပ်ပြီးလျှင် 5စက္ကန့်စောင့်ပါ၊ ပြီးလျှင် ညာဘက်အပေါ်ဒေါင့်မှ Skip ကိုနှိပ်ပေးမှသာ Download Page သို့ ရောက်ရှိမည်ဖြစ်သည်။

Proudly Powered by Blogger.