Online မှာ ဆော့ရတဲ့ Flash game တွေကို ဒေါင်းပြီး Offline ဆော့မယ်
Posted in ကွန်ပျူတာ နည်းပညာ, အင်တာနက် နည်းပညာများ
No comments
Saturday, August 3, 2013 By Kaung Htet Htun
Online မှာသာ ဆော့လို့ရတဲ့ online flash game လေးတွေကို ဒေါင်းယူပြီး အေးဆေး offline ဆော့လို့ရ
အောင် ဒေါင်းယူတဲ့ နည်းလေးပါ။ Online Flash game လေးတွေ ရှိတဲ့ ဆိုက်တစ်ခုကတော့ Flashgames247.com ဖြစ်ပါတယ်။
- အဲ့ဆိုက်လေးကို သွားလိုက်ပါ၊ ပြီးရင် ဂိမ်းတစ်ခု loading တက်တာကို ခဏစောင့်လိုက်ပါ။
- loading တက်ပြီးသွားပြီဆိုရင် ကီးဘုတ်က Ctrl+U ကိုနှိပ်၊ ဒါမှမဟုတ်၊ Right Click နှိပ်ပြီး အောက်နားလေးက View Page Source ကိုရွေးဖွင့်လိုက်ပါ။
- ပြီးရင် Ctrl+F ကိုနှိပ်ပြီး ပေါ်လာတဲ့ Search box ထဲမှာ .swf လို့ ရိုက်ရှာပါ။ အဲ့ဒိ ဂိမ်းရှိတဲ့ လင့်ခ်
နေရာကို မတွေ့မချင်း၊ Enter အသာခေါက်ရှာပါ။ တွေ့ရင် အဲ့လင့်ခ်ကို Drag ဆွဲမှတ်ပြီး ကော်ပီ
ကူးပါ။
- New tab တစ်ခုဖွင့်ပြီး အဲ့ဒိ လင့်ခ်ကို ဖွင့်ပါ။ Flash game လေး ပွင့်လာပါပြီ။
- ဒါဆိုရင် ကီးဘုတ်က Ctrl+S ကိုနှိပ်၊ ဒါမှမဟုတ်၊ File tab က Save Page as ကိုနှိပ်ပြီး၊ စက်ထဲမှာ
သိမ်းလိုက်ပါတော့၊ offline ဆော့လို့ရပါပြီခင်ဗျာ။ - တခြားဂိမ်းတွေကိုလည်း အဲ့လို ပဲ စမ်းသပ်ကြည့်ပါ၊ Flash game တွေကိုသာမက Flash song တွေ
ကိုလည်း သိမ်းထားချင်တယ်ဆိုရင် အဲ့လိုနည်းနဲ့ သိမ်းထားလို့ ရတယ်နော်။
Related posts
- Internet connection speed ကိုမြှင့်မယ် [Easy]
- အင်တာနက်မှာပိုက်ဆံရှာနည်း ( free )(100% work)
- Internet Connection ကို 2ဆမြှင့်နည်း
- Firefox ရဲ့ Speed ကို မြှင့်မယ်
- Windows 8 မှာ System rating is not available ဆိုတာကိုဖြေရှင်းနည်း
- USB bootable Stick တစ်ခု အလွယ်ဆုံး ဖန်တီးမယ်
- Install Group Policy Editor “gpedit.msc” in Windows 7
- Browser တွေကို Update လုပ်မယ်
Share this post
0 ယောက် Comment ပေးသွားတယ်: