-->

Python Programming Basic (2)

1 comment
Saturday, July 6, 2013 By Kaung Htet Htun

Python မှာ ဂဏာန်းတွေ ပေါင်း၊ နှုတ်၊ မြှောက်၊ စား ဘယ်လိုလုပ်မလဲ ဆိုတာလေးကို ဒီဒုတိယမြောက်
Python Basic ပို့စ်လေးမှာ ရေးသားပါရစေ။ ပထမဆုံး Python GUI ကိုဖွင့်လိုက်ပါ။ 7 နဲ့ 3 နဲ့ ပေါင်းမယ်ဆို
ရင် 10 ရမယ်ဆိုတာတော့ အားလုံးသိပြီးသားပါ။ ကဲ! အဲ့ဒါလေးကို Python မှာ run ကြည့်ရအောင်။

Python ကိုဖွင့်ပြီးရင် 7+3 လို့ရိုက်၊ Enter ခေါက်ပါ။ 10 လို့ ထွက်ပါတယ်။

7-3 လို့ရိုက်ပါ။ 4 လို့ ထွက်ပါတယ်။

မြှောက်ကြည့်ပါမယ်။ 7*3 လို့ရိုက်ပါ။ အမြှောက်သင်္ကေတက Programming language မှာ ခရေပွင့်လေး
ဖြစ်တဲ့ Shift key နဲ့ 8 key ကို တွဲရိုက်လိုက်လို့ ထွက်လာတဲ့ * သင်္ကေတကို သုံးပါတယ်။ Enter ခေါက်ပါ။
21 ထွက်ပါတယ်။

အစားမှာတော့ နည်းနည်း ပြောစရာရှိတယ်ဗျ။ အောက်က ပုံအတိုင်း 9 ကို 3 နဲ့ စားပါမယ်။ အစားသင်္ကေ
တ ကိုတော့ မျဉ်းစောင်းကို သုံးတယ်။ 9/3 ပေါ့ဗျာ။ Enter ခေါက်လိုက်ပါ။ အဖြေအမှန် 3 လို့ထွက်ပါတယ်။
ဒါပေမယ့် 7 ကို 3 နဲ့ စားရင်တော့ အဖြေမှန် 2.333333333333335 လို့ ထွက်ရမယ့်အစား 2 လို့ပဲ ထွက်ပါ
တယ်။ အောက်မှာကြည့်ပါ။


 ဒါကို Python မှာ ဘယ်လို ဖြေရှင်းရမလဲဆိုတော့ 7 ကို 3 နဲ့ စားရာမှာ ဒဿမကိန်းတွေ အထိ အမှန်
အကန် ထွက်စေချင်ရင် 7 မှာ၊ ဒါမှ မဟုတ် 3 မှာ ဒဿမ ထည့်ပေးရပါမယ်။ ဥပမာ 7.0/3 , 7/3.0 ပေါ့။
ကိန်းနှစ်ခုစလုံးမှာ ဒဿမ ထည့်ပေးချင်ရင်လည်း ရပါတယ်။ ဥပမာ 7.0/3.0 ပေါ့။ အဲ့လိုဆိုရင် ဒဿမ
ကိန်းတွေ အမှန်အတိုင်း ထွက်ပါတယ်။ အောက်ပုံမှာ ကြည့်ပါ။

ဒီတော့ ဒဿမကိန်းတွေကို အများကြီး မလိုချင်ဘူး၊ ဒဿမနောက် နှစ်လုံး၊ ဒါမှမဟုတ် သုံးလုံး စသည်ဖြင့်
ပဲ လိုချင်တယ်ဆိုရင်လည်း ရပါတယ်။ 7 ကို 3 နဲ့ စားမယ်၊ ဒဿမနောက် ဂဏာန်း ၄လုံးပဲယူမယ်။
round (7.0/3, 4) လို့ ရိုက်ပြီး Enter ခေါက်ပါ။
ကော်မာရဲ့ အနောက်မှာ ဒဿမနောက် ဂဏာန်း ရှိစေချင်သလောက် အရေအတွက်ကို ရိုက်ထည့်ရမှာ
ဖြစ်ပါတယ်။ ဒါဆိုရင် ပေါင်း၊ နှုတ်၊ မြှောက်၊ စား ကို အတော်များများ သိသွားလောက်ပြီလို့ ယူဆပါတယ်။
ဒီနေ့ Python Programming Basic (2) ကတော့ ဒီလောက်ပါပဲ။ နောက်နေ့ ဆက်တင်ပေးသွားပါမယ်ဗျာ။

အားလုံး အဆင်ပြေကြပါစေ။ 

Related posts

1 comment:

  1. ကျေးဇူးပါ အကိုရေ အားပေးနေပါတယ်ဗျ :) အဆင်ပြေနေပါသေးတယ်...:)

    ReplyDelete

ဒေါင်းနည်းမသိပါကအရင်ဖတ်ပါ

Download Link ကိုနှိပ်ပြီးလျှင် 5စက္ကန့်စောင့်ပါ၊ ပြီးလျှင် ညာဘက်အပေါ်ဒေါင့်မှ Skip ကိုနှိပ်ပေးမှသာ Download Page သို့ ရောက်ရှိမည်ဖြစ်သည်။

Proudly Powered by Blogger.