-->

Python Programming Basic (13)

2 comments
Saturday, July 27, 2013 By Kaung Htet Htun

သင်ခန်းစာ ၁၃ မှာတော့ ကိုယ်ရေးထားတဲ့ program လေးကို တကယ် run လို့ရအောင် ဘယ်လိုလုပ်မလဲ
ဆိုတာကို ပြပေးမယ်။ လုပ်လက်စ python မှာ အပေါ်က file tab လေးကို နှိပ်ပြီး New Window ကိုဖွင့်
လိုက်ပါ။

 တစ်ခုခု ရေးကြည့်ကြမယ်ဗျာ၊ username ဆိုတဲ့ variable ကိုတည်ဆောက်ပါ၊ raw_input method သုံးပြီး စာသားတန်ဖိုးထည့်လိုက်တယ်။ "Enter your username" ပေါ့ဗျာ၊ ပြီးတော့ print ထုတ်ခိုင်းတယ်။
File tab က Save as နဲ့ သိမ်းပါမယ်။
သိမ်းတဲ့အခါ ဖိုင်နာမည်ကို ကြိုက်တာပေးပြီး၊ အနောက်မှာ python ရဲ့ extraction ဖြစ်တဲ့ .py ကိုထည့်
ပေးရပါမယ်။ လွဲလို့မရပါဘူး၊ ပြီးတော့ Save as type မှာ Python files ကိုထားပေးရပါမယ်။ ကျွန်တော်
Desktop ပေါ်မှာ သိမ်းလိုက်တယ်။
ပြီးရင် ခုနက သိမ်းထားတဲ့ python လေးကို run ကြည့်ပါ၊ username ထည့်ရိုက်ခိုင်းလို့ ထည့်ရိုက်လိုက်
တယ်။ ပြီးတော့ Enter ခေါက်လိုက်မယ်ဆိုရင် ပျောက်မသွားအောင် ရပ်ခိုင်းမယ့် break line မထည့်ထား
လို့ ချက်ချင်းပျောက်သွားမှာဖြစ်ပါတယ်။
ဒီတော့ ချက်ချင်းပျောက်မသွားအောင်လို့ break line ထည့်မယ်ဗျာ၊ အောက်ဆုံးစာကြောင်းမှာ raw_input
method သုံးပြီး "Press<enter>" ကိုထည့်လိုက်ပါတယ်။ Enter ခေါက်လိုက်မှ program ကပိတ်သွား
မှာပါ။
Save ပြီး၊ ပြန် run ကြည့်ပါ၊ username ကိုရိုက်ထည့်ပြီး Enter ခေါက်ပြီးတာတောင် program ပိတ်မသွား
ပါဘူး၊ နောက်ထပ် Enter ခေါက်မှ ပိတ်သွားမှာဖြစ်ပါတယ်။
program လေးထဲမှာ Length function ကို ထည့်သုံးကြည့်ရအောင်၊ Please type something ဆိုပြီး
စာကြောင်းတစ်ခုခု ရိုက်ထည့်ခိုင်းလိုက်တယ်။ ပြီးတော့ forward slash \n ကိုသုံးတယ်။ စာကြောင်းကို
တစ်ကြောင်းထဲ ဖြစ်မနေစေဖို့ပါ။ ပြီးရင် Length function ကိုသုံးလိုက်တယ်၊ နောက်ဆုံးမှာ program
ပိတ်မသွားစေဖို့ break line သုံးပါတယ်။
Save ပြီး run ကြည့်ပါ၊ စကားလုံးတစ်ခုခု ရိုက်ထည့်လိုက်တယ်။ Enter ခေါက်လိုက်တော့ စကားလုံးမှာ
စာလုံးအရေအတွက် ဘယ်လောက်ပါတယ်ဆိုတာ ပြပေးပါတယ်။
အဲ့ဒိထဲမှာပဲ if, else statement ကိုထည့်သုံးဦးမယ်။ ကိုယ်ရိုက်လိုက်တဲ့ စာသားထဲမှာ g ဆိုတာပါနေရင်
There is g in your words လို့ပြမယ်၊ မပါရင်တော့ There is no g in your words လို့ပြမယ်။
Save ပြီးတော့ run ကြည့်ပါ။ စကားလုံးရေ ဘယ်လောက်ရှိလဲ အရင်ပြတယ်။ ပြီးတော့ ကျွန်တော်ရေးလိုက်တဲ့ ကျွန်တော့် နာမည်မှာ g ပါနေတော့ There is g in  your words လို့ ပြနေပါ တယ်။

နောက်ထပ်  g မပါဝင်တဲ့ နာမည် စာသားတစ်ခုခု ရိုက်ကြည့်မယ်။ Htet Htet Htun လို့ရိုက်ကြည့်တယ်။
 g မပါဝင်ဘူး၊ ဒါကြောင့် There is no g in your words လို့ ပြပေးပါတယ်။
 သင်ခန်းစာ ၁၄ မကြာမီ လာမည်။ :D ခဏတော့ စောင့်ပေးပါဗျာ၊ တခြား အလုပ်တွေလည်း ရှိတဲ့အပြင်
လိုင်းကလည်း မကောင်းတော့ တက်ဖို့ မလွယ်လို့ပါ။

Related posts

2 comments:

  1. အများကြီးပဲဗျို့  ကျေးဇူးပါ အားပေးနေတယ် :D

    ReplyDelete
  2. ဆက်ရေးပါဦးအကိုရေ။လေ့လာနေလို့ပါ

    ReplyDelete

ဒေါင်းနည်းမသိပါကအရင်ဖတ်ပါ

Download Link ကိုနှိပ်ပြီးလျှင် 5စက္ကန့်စောင့်ပါ၊ ပြီးလျှင် ညာဘက်အပေါ်ဒေါင့်မှ Skip ကိုနှိပ်ပေးမှသာ Download Page သို့ ရောက်ရှိမည်ဖြစ်သည်။

Proudly Powered by Blogger.