Samsung Galaxy S Plus ကို Jelly Bean 4.2.2 cyanogenmod 10 တင်မယ်
Samsung Galaxy S Plus ဗားရှင်း 2.3.6 ကို Jelly Bean 4.2.2 Unofficial (cyanogenmod 10) တင်ချင်သူများအတွက် ဖြစ်ပါတယ်။ Unofficial Firmware ဖြစ်တဲ့အတွက် အားနည်းချက်တော့ ရှိပါတယ်။ အားနည်းချက်တွေကတော့ Bluetooth သုံးလို့မရပါဘူး။ File Manager မှာ SD Card မဖတ်နိုင်
တဲ့ ပြဿနာ နည်းနည်း ရှိပါတယ်။ (ဖုန်းတိုင်း ဖြစ်လိမ့်မယ်လို့တော့ မထင်ပါဘူး) ဒါပေမယ့်လည်း File Manager နဲ့ မသုံးဘဲနဲ့ Root Explorer ကိုသုံးမယ်ဆိုရင်တော့ SD Card ကို ဖတ်လို့ရပါလိမ့်မယ်။ အသစ်အဆန်း အသုံးပြုချင်သူတို့အတွက်တော့ စမ်းသပ်ကြည့်နိုင်ပါတယ်။ တကယ်လို့ မူရင်း 2.3.6 ပြန်တင်ချင်တယ်ဆိုရင်လည်း အလွယ်တကူ ပြန်တင်နိုင်မှာ ဖြစ်လို့ စမ်းသပ်သုံးစွဲကြည့်ကြပါ။
ဒေါင်းပြီးသွားရင် (Format ချထားတဲ့) SD Card အလွတ် ထဲမှာ ထည့်ပြီးတော့ ဖိုင်ကို ခွဲလိုက်ပါ။ ဒါဆိုရင်
Zip ဖိုင်တစ်ခုရရှိပါလိမ့်မယ်။ Firmware တင်ခြင်းလုပ်ငန်းမစခင်မှာ ဖုန်းထဲက အရေးကြီးတဲ့ ဒေတာများ
ကိုအရင် Backup လုပ်ထားပါ။ ဘာကြောင့်လဲဆိုတော့ recovery mode ထဲမှာ ဖုန်းကို Wipe လုပ်မှာ မို့
လို့ပါ။
ခုနက ထည့်ထားတဲ့ Zip ဖိုင်(Firmware ဖိုင်) ပါဝင်တဲ့ SD card ကို ဖုန်းထဲထည့်ပါ။ ပြီးရင် recvery mode ၀င်ပါမယ်။ စက်ကို ပါဝါပိတ်ပြီး၊ Battery ခဏထုတ်ပါ။ ငါးစက္ကန့်လောက်နေရင် ပြန်ထည့်ပါ။ ဖုန်းရဲ့ Power Button + Volume Up Button တို့ကို အတူတကွနှိပ်ထားပါ။ အောက်ပါပုံအတိုင်း Android အရုပ်ကလေးတက်လာရင် Menu လေးကို ဖိနှိပ်ထားလိုက်ပါ။ ဒါဆိုရင်တော့ Recovery Mode ကိုရောက်
ရှိပါပြီ။
မေးရင် Yes ကိုရွေးပါ။
(Recovery Mode ထဲမှာ အထက်အောက်သွားဖို့ကို Volume up & down အသုံးပြပြီး၊ ရွေးချယ်ဖို့ကို
တော့ Home Button ကို အသုံးပြုပါတယ်။)
ပြီးရင် စတုတ္ထမြောက် က Wipe Cache partition ကိုရွေးပေးပါ။ ဒါဆိုရင်တော့ Factory Reset ချခြင်း
လုပ်ငန်းစဉ်ပြီးဆုံးပါပြီ။
ဒုတိယမြောက်က Apply Update from SD Card ကို နှိပ်ပါ။ ပြီးရင် SD Card ထဲထည့်ထားတဲ့ Zip ဖိုင်
လေးကို ရွေးချယ်နှိပ်လိုက်ပါ။ Firmware ကို Install လုပ်နေပါလိမ့်မယ်။ ပြီးရင် အပေါ်ဆုံးက Reboot Now ကိုနှိပ်ပြီး Reboot ချပေးလိုက်ပါ။
Related posts
- Samsung Secret Codes များ
- APK ကို မြန်မာမှုပြုခြင်း အသေးစိတ်
- Android Device အတွက် ကိုယ်တိုင် Live Wallpaper လေး လုပ်ကြမယ်
- Samsung Galaxy S Plus ကို Jelly Bean 4.2.2 cyanogenmod 10 တင်မယ်
- Samsung Galaxy S Plus GTI9001 ကနေ CM9 Android 4.0.4 ICS Firmware တင်နည်း
- Samsung Galaxy Y GT-S5360 ကို Android 4.2.2 JellyNoid Custom ROM တင်လို့ ရပြီ!
- Samsung S GTS-5570 ရဲ့ Firmware ပါ (Free download)
- Samsung S3 GT-I9300 ရဲ့ Firmware ပါ (Free download)
- Samsung Galaxy Y (GT-S5360) ရဲ့ Firmware ပါ (Free download)
- Android ဖုန်းအတွက် Pattern Lock နဲ့ Password Lock ဖြုတ်နည်း
Share this post
0 ယောက် Comment ပေးသွားတယ်: