Samsung Galaxy Pro GT-B7510 ကို Froyo 2.2.2 မှ Gingerbread 2.3.6 သို့ Update
Posted in Android Firmware တင်ခြင်း
No comments
Friday, May 17, 2013 By Kaung Htet Htun
ကျွန်တော် သူငယ်ချင်း Android တွေကို Firmware ပြန်တင်ပေးဖူးနေပေမယ့် ကိုယ့်ဖုန်းကိုတော့
တစ်ခါမှ မပျက်ဖူးသေးတော့ မတင်ဖူးသေးပါဘူး။ မော်ဒယ်ကတော့ Samsung Galaxy Pro GT-B7510 ဖြစ်ပါတယ်။ စက်ရုပ်ဗားရှင်းကတော့ Froyo 2.2.2 ဖြစ်ပါတယ်။ ဒါကြောင့် Gingerbread 2.3.6 လေးတော့ တင်ကြည့်ဦးမှပါ ဆိုပြီး တင်ဖြစ်သွားပါတယ်။ တခြားသူတွေလည်း ဒီလို GT-B7510 ကိုင်တဲ့သူများရှိရင် Gingerbread သို့ update လုပ်နိုင်အောင် ရေးပေးလိုက်ပါတယ်။
လိုအပ်တာတွေ ဒေါင်းလိုက်ကြရအောင်။
Odin ဖိုင်ကို သင့်တော်ရာနေရာမှာ ဖြေပြီးရင် run လိုက်ပါ။ Ops ကိုကလစ်ပြီး Bennett. Ops ဖိုင်ကိုရွေးပေးပါ။ ပြီးရင် Option အောက်က One Package ကို အမှတ်မှတ်ပေးပါ။ အောက်ဆုံးက One Package ကိုနှိပ်ပြီး Firmware ဖိုင်ဖြစ်တဲ့ .tar.md5 ဖိုင်ကိုရွေးထည့်ပေးပါ။
ကိုယ့်ရဲ့ဖုန်းကိုပိတ်ပြီး (Q Button + Power Button ) ကိုတစ်ပြိုင်နက်တည်းနှိပ်ပြီး Download Mode ကိုဝင် ပါမယ်။ Download Mode ကိုဝင်ပြီဆိုရင် ဘာကီးမှ ထပ်နှိပ်စရာမလိုတော့ပါဘူး။ ဖုန်းနဲ့ ကွန်ပျူတာနဲ့ကို usb port နဲ့ ချိတ်ပါမယ်။ ဒီလိုချိတ်ပြီးရင် Odin ရဲ့ Com Port Mapping မှာ အဝါရောင်ဖြစ်သွားပါလိမ့်မယ်။
ဒါဆိုရင် Start ကိုနှိပ်လို့ရပါပြီ။ ငါးမိနစ်မှ ဆယ်မိနစ်ကြားကြာပါမယ်။ ကျွန်တော့်တုန်းကတော့ ငါးမိနစ်နဲ့ ၃၂စက္ကန့်ပဲ ကြာပါတယ်။
ဒီလိုမျိုး အစိမ်းရောင်နဲ့ အပေါ်က PASS လို့ဖြစ်သွားပြီဆိုရင် ဖုန်းဟာ reboot ကျပြီး ပြန်တက်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ ဖုန်းဟာ Froyo 2.2.2 မှ Gingerbread 2.3.6 ဖြစ်လို့နေပါပြီ။ကျွန်တော်ကိုယ်တိုင် စမ်းသပ်ထားတာပါ။ သင့်ဖုန်းက Samsung Galaxy Pro GT-B 7510 ဆိုရင်တော့ Froyo မှ Gingerbread သို့ ဒီအတိုင်း ယုံကြည်စိတ်ချစွာနဲ့ မြှင့်လို့ရပါတယ်။ update လုပ်ပြီးနမူနာပုံစံကို အောက်မှာ ပြသထားပါတယ်။
Related posts
- Samsung Galaxy Y GT-S5360 ကို Android 4.2.2 JellyNoid Custom ROM တင်လို့ ရပြီ!
- Samsung S GTS-5570 ရဲ့ Firmware ပါ (Free download)
- Samsung S3 GT-I9300 ရဲ့ Firmware ပါ (Free download)
- Samsung Galaxy Y (GT-S5360) ရဲ့ Firmware ပါ (Free download)
- Samsung Galaxy S Plus GTI9001 ကနေ CM9 Android 4.0.4 ICS Firmware တင်နည်း
Share this post
0 ယောက် Comment ပေးသွားတယ်: